သမ္မတရှီကျင့်ဖျင်ရဲ့အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ပြည်မအစိုးရက စည်းကမ်းတွေ ပိုပြီးပြဌာန်းလာပြီး မကာအိုက ဒုတိယအကြီးဆုံး ကာစီနိုလောင်းကစားရုံ Tak Chun တည်ထောင်သူ၊ ပြည်မကလက်ကြီးကစားသမားတွေကို ခေါ်လာသူလည်းဖြစ်တဲ့ Chan Wen-ling ကို ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ခုရက်ပိုင်းကျင်းပတော့မယ့် အိုလံပစ်အားကစားပွဲမှာယှဉ်ပြိုင်မယ့် အားကစားသမားတချို့နဲ့ အသင်းတာဝန်ရှိသူတွေ အပါအဝင်လူ ၃၇ ယောက်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတယ်လို့ အိုလံပစ် ပွဲတာဝန်ရှိသူတွေက တနင်္ဂနွေနေ့ကပြောပါတယ်။
အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တရပ် ဖန်တီးရေးဟာ အရေးပါပြီး ဘယ်ဖြေရှင်းပုံမျိုးမှာမဆို လက်ရှိ အကျပ်အတည်းဒဏ်ကို ခံနေကြရသူ အားလုံးနဲ့ ထိတွေ့ဆက်ဆံ ဂရုတစိုက် နားထောင်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက မြန်မာစစ်တပ်ရဲ့ အာဏာသိမ်း တနှစ်ပြည့် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ရွေးကောက်ခံ ဒီမိုကရေစီအစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့တာ ၁ နှစ်ပြည့်လာချိန်မှာ လူပေါင်း ၁,၅၀၀ နီးပါး အသတ်ခံရပြီး ၁၁,၈၀၀ ကျော်အဖမ်းခံထားရပြီး ၅ သိန်းနီးပါးက အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ပါတယ်။
အစ္စရေးလ်သမ္မတ Isaac Herzog UAE ကို ပထမဆုံးအလည်အပတ် ရောက်နေချိန်မှာ အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်ဟူသီသူပုန်တွေ ပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အာရပ်စော် ဘွားများပြည်ထောင်စု UAE က ဒီကနေ့ပြောပါတယ်။
မြန်မာလူထုနဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် အလျင်အမြန် ပြန်လည်တည်ဆောက်ရေးတို့အပေါ် အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ထောက်ခံတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ကြာသပတေးနေ့မှာ ထပ်လောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းနယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဇန်နဝါရီလ ၂၅ ရက်က ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စနဗျင်းရွာပြင်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။
အရေးယူမှု အသစ်တွေ ကို မချမှတ်နိုင်ရင် မြန်မာ စစ်တပ် ဟာ သဘာဝ ဓာတ်ငွေ့ နဲ့ အခြား ဓာတ်သတ္တု နဲ့ သဘာဝ အရင်းအမြစ် ထုတ်လုပ်မှု က ရတဲ့ ဝင်ငွေတွေ ကို ဆက်လက် ရရှိနေလိမ့်မယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch HRW က ဒီနေ့ ကြေညာချက် ထုတ်ပြန်
ရုရှား-ယူကရိန်းနယ်စပ်မှာ တင်းမာမှုလျှော့ချရေး ကြိုးပမ်းချက်တွေဟာ ရုရှားနဲ့ OSCE လို့ခေါ်တဲ့ ဥရောပတိုက် လုံခြုံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ဗီယန်နာမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြတဲ့အပေါ် မူတည်နေပြီဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ် အပါအဝင် NLD အစိုးရလက်ထက်က ဝန်ကြီး၃ ဦးတို့ရဲ့ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) နဲ့စွဲဆိုထားတဲ့အမှုကို တလနီးပါး စစ်ဆေးကြားနာမှု ရပ်နားထားခဲ့ပြီးတဲ့နောက် ဒီနေ့ ပြန်လည်စစ် ဆေးကြားနာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့၂၄ နာရီအတွင်း ကူးစက်မြန် ကိုဗစ်-19 မျိုးဗီဇကွဲ Omicron ကူးစက်နေသူ ၄၂ ဦးကို ဓါတ်ခွဲ စမ်းသပ်တွေ့ရှိခဲ့ပြီး ၂၄ နာရီအတွင်း အများဆုံးဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ နေရာအနှံ့မှာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်နိုင်တဲ့အထိ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာအစိုးရတွေက ထိထိရောက်ရောက် တုံ့ပြန်ကြဖို့ Human Rights Watch (HRW) က ဒီကနေ့ ထပ်မံ တိုက်တွန်းပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောပါတယ်။
ဥရောပမှာ COVID-19 ရောဂါကူးစက်မှု လက်ရှိနှုန်းအတိုင်း ဆက်သွားနေမယ်ဆိုရင် နောက်နှစ်လအတွင်း ဥရောပတိုက်တခုလုံး က လူဦးရေထက်ဝက်ကျော် Omicron ကိုဗစ်ဗီဇမျိုးကွဲ ကူးစက်ခံရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတဦး က အင်္ဂါနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သေဆုံးသွားပြီလို့ နိုင်ငံတကာ အကျပ်အတည်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ International Crisis Group (ICG) က ပြောလိုက်ပါတယ်။
နောက်ဆုံးပစ်လွှတ်ရာမှာ အသံထက် ၅ ဆမြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည် နောက်တစင်း ပါဝင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား Novak Djokovic က သူ သြစတြေးလျကိုမလာခင် သီတင်းပတ်တွေအတွင်း သွားလာလုပ်ဆောင်တာတွေနဲ့ပတ်သက်လို့ ပြည်ဝင်ခွင့် စာရွက်စာတမ်းတွေထဲ ဖြည့်သွင်းတာမှာ အမှားအယွင်းတွေ ရှိခဲ့တယ် လို့ ဒီကနေ့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အသံထက် ၅ ဆမြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီး ရက်ပိုင်းအကြာမှာပဲ အဲဒီဒုံးကျည်ထက် ပိုပြီး စွမ်းဆောင်ရည်ရှိတဲ့ဒုံးကျည်ကို ဒီကနေ့ အင်္ဂါနေ့မှာ စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ပထမအသုတ် ဆွေးနွေးခဲ့ရာမှာ အကောင်းမမြင်သေးဘူးလို့ ရုရှားပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer တို့ မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့က အွန်လိုင်းကနေတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်