ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၁၀ ရက်မှာ ပစ်ခတ်သံတွေကြားနေရတယ်လို့မြို့ပြင်ဘက်မှာ ခိုလှုံနေသူတွေက ပြောသလို မနေ့ကတော့ လွိုင်ကော်မြို့ပေါ် စစ်တပ်ဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား Novak Djokovic ကို တရားသူကြီးက အမှုက လွှတ်လိုက်ပြီး Australia ကို ဝင်ရောက်ခွင့် ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ထိခိုက်ခံစားနေရတဲ့ လူမှုအသိုက်အဝန်းတွေအတွက် ဒိန်းမတ်နိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကို ဒိန်းမတ် ခရိုနာ ၂၅ သန်း အမေရိကန် ဒေါ်လာ ၃.၈ သန်း ပေးလှူလိုက်ပါတယ်။
ယူကရိန်းနယ်ခြားမှာ ရုရှားက စစ်အင်အား အလုံးအရင်းချထားတဲ့ကိစ္စအပါအဝင် အနောက် နိုင်ငံတွေဘက်က လုံခြုံရေးအာမခံချက်ပေးဖို့ ရုရှားက တောင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး ဆက်တိုက်ကျင်းပမယ့် အဆင့်မြင့် ဆွေးနွေးပွဲတွေ ဒီကနေ့ စတင်ပါတယ်။
Australia ပါမောက္ခ Sean Turnell ကို ပြန်လွှတ်ပေးဖို့ Australia နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့စာနဲ့တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မေတ္တာရပ်ခံခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အမေရိကန်နိုင်ငံသားနှစ်ဦးနဲ့ သံရုံးဝန်ထမ်းတဦးတို့ဟာ မြန်မာနိုင်ငံကချမှတ်ထားတဲ့ကပ်ဘေးစည်းမျဉ်းတွေကို မလိုက်နာတာကြောင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာသဘောတူညီချက်ပါ ပြဌာန်းချက်တွေကို ချိုးဖောက်တယ်ဆိုပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက သတိပေးထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေရှိရာဘက်မှာ ဒီကနေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပြီး တည်ပင်ကန်ကျေးရွာနားမှာ တိုက်ပွဲပြင်းထန်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။
ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev က ဆန္ဒပြသူတွေကိုကြိုသတိမပေးဘဲပစ်သတ်ဖို့ လုံခြုံရေးတပ်ဖွဲ့ကို သူကိုယ်တိုင်အမိန့်ပေးခဲ့ကြောင်းနဲ့ ဆန္ဒပြသူတွေကို ရာဇဝတ်သားတွေနဲ့ လူသတ်သမားတွေလို့ သမုတ်လိုက်ပြီး ဒီလူတွေနဲ့ညှိနှိုင်းနေရင် 'ညံ့ဖျင်းရာကျမှာပေါ့' လို့ ဒီနေ့ ရုပ်မြင်သံကြားကနေ ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။
Test&Go လို့ခေါ်တဲ့ ကိုဗစ်ရှိမရှိစစ်ဆေးပြီး မရှိရင် လိုရာသွားလို့ရတဲ့ အစီအစဉ်အတွက် လျှောက်လွှာအသစ်တွေကို နောက်ထပ် ကြေညာချက်မထုတ်မချင်း အတည်ပြုပေးမှာမဟုတ်ဘူးလို့ COVID-19 ဆိုင်ရာလုပ်ငန်းအဖွဲ့ပြောခွင့်ရ Taweesin Visanuyothin ကပြောပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ မြန်မာ့အရေးကူညီချင်ရင် မြန်မာခရီးစဉ်ဖျက်ပြီး လူ့အခွင့်အရေး ပြဿနာ အရင်ရှင်းသင့်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဒီနေ့ပြောလိုက်ပါတယ်။
ကရင်ပြည်နယ်၊ လေးကော့ကော်မြို့မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က သတင်းထောက် စိုင်းဝင်းအောင် ခေါ် အေစိုင်းကေ သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ UNESCO ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီးရဲ့ ညွန်ကြားရေးမှူးချုပ် Audrey Azoulay က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
ဆာဘီးယားနိုင်ငံက ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား Novak Djokovic ဟာ သြစတြေးလျနိုင်ငံ Melbourne မြို့ကို ရောက်ပြီးခါမှ ကိုဗစ် 19 ရောဂါဆိုင်ရာ သက်သေအထောက်အထား မပြည့်စုံဘူးဆိုပြီး သူ့ကိုထုတ်ပေးထားတဲ့ ပြည်ဝင်ခွင့်ကို သြစတြေးလျအာဏာပိုင်တွေက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
“ကျနော်သိထားသလောက်တော့ မရှိပါဘူးဗျာ။ ဒီကအစိုးရပိုင်းဆိုင်ရာတွေနဲ့တော့ တွေ့ဖို့ရှိပါတယ်။ ကျနော်တို့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ အာဆီယံနဲ့ပတ်သက်တဲ့ဟာတွေပဲ ဆွေးနွေးဖို့များပါတယ်ဗျ။” (စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ ဖွင့်ထားတဲ့ ဈေးဆိုင် ၃,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဘူဒိုဇာနဲ့တိုက် ဖျက်ဆီးလိုက်ကြောင်း အစိုးရက အင်္ဂါနေ့က အတည်ပြုပါတယ်။
မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်ကို ကုန်းတွင်းကနေ အရှေ့ကမ်းရိုးတန်းပင်လယ်ဘက်ကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်များအဖွဲ့နဲ့ဂျပန်ကမ်းခြေစောင့်တပ်တို့က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကူးစက်မှုနှုန်းမြင့်တဲ့ Omicron ကိုဗစ်ဗီဇမျိုးကွဲကြောင့် "ရောဂါကူးစက်မှု ဆက် မြင့်တက်နေမှာဖြစ်ပြီး "လာမယ့်သီတင်းပတ်တွေမှာ အတော့်ကို အပြင်းအထန်ရင်ဆိုင်ရလိမ့်မယ်" လို့ သမ္မတ Joe Biden က အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအကျပ်အတည်းနက်ရှိုင်းလာနေပြီး စီးပွားရေး၊ ကျန်းမာရေးနဲ့လူသားစာနာမှု အကျပ်အတည်းဆီ ဦးတည်သွားပြီး "ပြည်တွင်းစစ်ဖြစ်ဖို့ အခြေအနေအားလုံး ပြည့်စုံနေတယ်" လို့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Sokhonn က သတိပေးခဲ့ပါတယ်။
တရုတ်ပြည်ရဲ့စီးပွါးရေးဟာ နည်းပညာ၊ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်တွင်းစားသုံးမှုတွေ အပေါ်မှာ ပို အားထားလာနေပြီး ၂၀၃၀ မှာ ကမ္ဘာ့အကြီးဆုံးစီးပွါးရေး ဖြစ်လာဖို့ ဦးတည်နေတယ်လို့ မူဝါဒ လေ့လာရေးအဖွဲ့တွေက ခန့်မှန်းလိုက်ကြပါတယ်။
နှစ်စဉ် ပျော်ပွဲ ရွှင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေနဲ့ တနိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဟာ ဒီကနေ့မှာ အရင်နှစ်တွေလောက် စည်ကားမှုမရှိပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီလ ၃ ရက်၊ တနင်္လာနေ့တရက်တည်းမှာတင် ကိုဗစ်-၁၉ ကူးစက်သူ ၁ သန်းကျော်ရှိခဲ့တယ်လို့ ရောဂါပိုး ကူးစက်၊ သေဆုံးမှုစာရင်းတွေကို စောင့်ကြည့် ပြုစုနေတဲ့ Johns Hopkins တက္ကသိုလ် မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်