သမ္မတသက်တမ်းမကုန်ဆုံးမီမှာ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး အခက်အခဲ ကို ဖြတ်ကျော်နိုင်အောင် ကြိုးစားမယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက တနင်္လာနေ့က ကတိပြုလိုက်ပါတယ်။
ဒီမိုကရေစီရေး ငြိမ်ချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေ ပြန်လည်ရရှိစေဖို့ ကြိုးပမ်းအားထုတ်နေကြသူ မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂုဏ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မယ့် မြန်မာ့လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲ ဖော်ပြပါတယ်။
အမေရိကန်နဲ့ အီရန်ကြား နျူကလီယား ဆွေးနွေးပွဲကို ဗီယင်နာမှာ တနင်္လာနေ့က ပြန်လည် စတင်လိုက်ပြီးကိစ္စရပ်တွေအပေါ်မှာ နက်နက်ရှိုင်ရှိုင်း ဆွေးနွေးတဲ့အဆင့်ကို ရောက်နေပါပြီလို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လူမှုကွန်ယက်မှာ Follower ၈ သိန်းလောက်ရှိပြီး ဟောင်ကောင်မှာ လူကြိုက်များတဲ့ သတင်းဌာနတွေထဲ တခုဖြစ်တဲ့ CitizenNews ဟာ တရုတ်အစိုးရက ဆန့်ကျင်သူတွေကို ဖိနှိပ်ချေမှုန်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်လာနေတာကြောင့် မကြာသေးခင်ကာလအတွင်း ပိတ်ပစ်လိုက်ရတဲ့ သတင်းဌာနတွေထဲ တတိယမြောက် သတင်းဌာနဖြစ်ပါတယ်။
ဖုန်းကနေ ငွေလွှဲလို့ ရတဲ့ Wave Money ရဲ့ ရှယ်ယာ ၅၁ % ကို တယ်လီနော ကုမ္ပဏီ က $ ၅၃ သန်းနဲ့ ရိုးမအုပ်စုကို ရောင်းချဖို့ စီစဉ်နေတယ်လို့ Nikkei Asiaသတင်းက ဆိုပါတယ်။
ကမ္ဘာတဝန်း Omicron မျိုးဗီဇကွဲ ကိုဗစ်-19 ရောဂါပိုး ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေချိန်မှာ အိန္ဒိယနိုင်ငံကလည်း အသက် ၁၅ နှစ်ကနေ ၁၈ နှစ်အကြား ဆယ်ကျော်အသက် လူငယ်တွေကို ကာကွယ်ဆေးထိုးပေးမယ့်အစီအစဉ်ကို ဒီကနေ့ တနင်္လာနေ့မှာ စတင်လိုက်ပါပြီ။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်လုပ်ရပ်တွေကို စစ်တပ်က အရှိန်မြှင့် လုပ်ဆောင်လာနေတဲ့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာက လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင် ကန့်သတ်တာအပြင် တခြား ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ရှိနေကြောင်း ဥရောပသမဂ္ဂ (EU) က ပြောလိုက်ပါတယ်။
အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာလ ၂၉ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးဟာ အင်းစိန်အကျဉ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ သူနဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။
ထိုင်းနိုင်ငံ၊ Tak ပြည်နယ်နဲ့နယ်စပ် မြန်မာနိုင်ငံဘက်ကတိုက်ပွဲတွေဟာ ထိုင်းနိုင်ငံအပေါ် ဆိုးရွားတဲ့သက်ရောက်မှုဖြစ်နေသလို ဒေသခံတွေအတွက် အန္တရာယ်ရှိနေတယ်လို့ MFA ပြောခွင့်ရ ထိုင်း နိုင်ငံခြားရေးဌာန ပြန်ကြားရေးညွှန်ချုပ် Tanee Sangrat က မနေ့ကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။
အိုမီခရွန်မျိုးကွဲဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လာနေပြီး တချို့နေရာတွေမှာ ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေကို ပြဌာန်းလိုက်ကြပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ အွန်လိုင်းမီဒီယာ Stand News ကို ရာချီတဲ့ ဟောင်ကောင် အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက် စီးနင်းခဲ့ပြီး အကြီးတန်း ဝန်ထမ်းတွေအပါအဝင် လူ ၆ ယောက်ကို ဆူပူလှုံ့ဆော်အောင် ပူးပေါင်းကြံစည် ထုတ်ဝေမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။
ဖရူဆိုမြို့နယ်တွင်း ကလေး ၄ ဦး၊ Save the Children ဝန်ထမ်း ၂ ဦး အပါအဝင် လူ ၃၅ ဦးထက်မနည်းကို ဒီဇင်ဘာ ၂၄ က သတ်ဖြတ်မီးရှို့ခဲ့တဲ့ဖြစ်ရပ်အတွက် တုန်လှုပ်အံ့အားသင့်ပြီး စိတ်မကောင်းဖြစ်ရကြောင်း UNICEF ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရံပုံငွေအဖွဲ့က မနေ့ ဒီဇင်ဘာ ၂၈ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ ရုရှားတို့ဟာ ဇန်နဝါရီလမှာ တွေ့ဆုံကြပြီး နျူကလီယားလက်နက်ထိန်းချုပ်ရေးနဲ့ ရုရှား ယူကရိန်းနယ်စပ် တင်းမာမှုကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဆန်ခလဘူရီ ခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၄ ယောက်ကို တနင်္လာနေ့ ညက ဖမ်းဆီးလိုက်တယ်လို့ ရဲက ပြောပါတယ်။
ပြည်ပကပြန်လာသူတွေကို ကိုဗစ်ပိုးရှိမရှိ ဒီဇင်ဘာလ ၁၄ ရက်နေ့ စစ်ဆေးရာမှာ ဒီဇင်ဘာ ၂၈ ရက် မှာထွက်လာတဲ့ရလဒ်အရ ဒူဘိုင်းကပြန်လာသူ ၄ ဦးမှာ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကိုတွေ့ရပေမယ့် လေးဦးလုံး ကျန်းမာလျှက်ရှိကြောင်း စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင်း အမျိုးသမီးနဲ့ကလေးအပါအဝင် လူ ၃၅ ဦးထက်မနည်း သတ်ဖြတ်မီးရှို့ခံလိုက်ရတဲ့အထဲ သူတို့ဝန်ထမ်း ၂ ဦးလည်း ပါသွားတယ်ဆိုတာကို Save the Children အဖွဲ့က ဒီကနေ့ အတည်ပြုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်ကမ်းလွန်မှာ သောင်တင်နေတဲ့လှေနဲ့အတူ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို ကမ်းတက်ခိုလှုံခွင့်မပေးဘဲ သူတို့လှေကို ပြန်ပြင်ပေးပြီး ပြန်သွားခိုင်းမယ်လို့ အင်ဒိုနီးရှား အရာရှိတွေရဲ့ ဒီကနေ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ပထမဆုံး Omicron ကိုဗစ်ပိုးသစ်ကူးစက်သူ စတင်တွေ့ရှိထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထွန်းကားရေးနဲ့ပတ်သက်လို့ အမေရိကန်အစိုးရလုပ်ဆောင်ရမယ့်အချက်တွေကို ကဏ္ဍတခုအဖြစ် ဖြည့်စွက်ဖော်ပြထားတဲ့ အမေရိကန်နိုင်ငံကာကွယ်ရေးဆိုင်ရာဥပဒေ NDAA ကို သမ္မတ Joe Biden က တနင်္လာနေ့က လက်မှတ်ထိုး အတည်ပြုပေးလိုက်ပါတယ်။
စာရေးဆရာ ဒေါ်သန်းမြင့်အောင်နဲ့ ရုပ်ရှင်သရုပ်ဆောင်ပိုင်တံခွန်တို့ကို တပ်မတော်ပြိုကွဲအောင် လှုံံ့ဆော်မှုနဲ့ သီးခြားစီ တရားစွဲဆိုခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် စီ တရားရုံးက ဒီကနေ့ အပြစ်ပေး စီရင်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်