မန္တလေးတိုင်းဒေသကြီးက ချမ်းမြသာစည်နဲ့ တန့်ဆည်မြို့တွေမှာ ဒီကနေ့မနက် ပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။
ကယားပြည်နယ်မှာ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ အကြမ်းဖက် လုပ်ရပ်တွေ ဆက်တိုက်ကျုးလွန်နေသူတွေကို အပြစ်ပေး အရေးယူနိုင်ရေး တာဝန်ခံမှုရှိအောင် ဆက်ပြီး ဖိအားပေးသွားမယ့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မနေ့ ဒီဇင် ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ မကြာခင်က တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်း Rai ကြောင့် သေဆုံးခဲ့သူ တနင်္လာနေ့အထိ လူ ၃၈၈ ယောက် ရှိသွားပြီ လို့ အစိုးရက ပြောပါတယ်။ လူ ၆၀ ပျောက်နေပြီး ရာချီ ဒဏ်ရာရရှိခဲ့ရခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်အများအပြား လိုက်ပါလာတဲ့ ကူးတို့ သင်္ဘော မီးလောင်လို့ လူ ၃၇ ယောက်ထက်မနည်း သေဆုံးတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အရေးပေါ် ခွဲစိတ်မှုခံယူခဲ့ရတာကြောင့် ဒီကနေ့ စစ်ဆေးကြားနာဖို့ရှိတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်နဲ့ စွဲဆိုထားတဲ့အမှုကို မစစ်ဆေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်၊ မှော်ဆီဆာကျေးရွာ အောင်သာယာမှော် ၂ နားက ရေကန်ထဲ စွန့်ပစ်မြေစာပစ်တဲ့နေရာမှာ မနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က မြေပြိုကျခဲ့တာကြောင့် ပျောက် ဆုံးနေတဲ့ ရေမဆေးကျောက်ရှာသူ အလောင်း နှစ်လောင်းကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဒီကနေ့ ထပ်မံ တွေ့ရှိခဲ့ပါတယ်။
တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါးရှိမယ့် မက်သ်အမ်ဖက်တမင်း မူးယစ်ဆေး ၁၉၃ ကီလိုဂရမ်ကျော်ကို ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံး ပြန်ရောက်လာတာ၊ ဖမ်းဆီးခံထားရသူတွေနဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ ကိစ္စရပ်တွေကို ဆွေးနွေး ဖြေရှင်းတာနဲ့ အကြမ်းဖက်လုပ်ရပ်အားလုံး လုံးဝရပ်သွားတာ အိန္ဒိယအနေနဲ့ မြင်တွေ့လိုတယ်လို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla က ပြောပါတယ်။
မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့သီတင်းပတ်အတွင်း နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းထွက်ပြေးသူအရေအတွက် ၄,၀၀၀ ကျော်သွားပြီလို့ ထိုင်းကြည်းတပ်အရာရှိတဦးက ပြောတဲ့အကြောင်း ဒီကနေ့ အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။
အင်္ဂါနေ့အထိဆိုရင် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှာ Omicron ဗီဇမျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေရှိနေတာကို တွေ့ရတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အင်္ဂါနေ့ထုတ် အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။
အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ဖက်ဒရယ်ကော်မရှင်ရဲ့ အဖွဲ့ဝင် ၄ ယောက် ကို တရုတ်က နာမည်ပျက်စာရင်းသွင်း ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။
ကုလ အတွင်းရေးမှူးချုပ်အထူးကိုယ်စားလှယ်ဟောင်း Christine Schraner Burgener ရဲ့ နေပြည်တော်ရုံးကို ပိတ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ပါတယ်။
တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနဲ့ တရုတ်အစိုးရအကြား ဆွေးနွေးမှုတွေ ပြန်စနိုင်ရေးနဲ့ တိဘက်လူမျိုးတွေရဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်မယ့် “တိဘက်အရေးကိစ္စများဆိုင်ရာ အထူး ပူးပေါင်းဆောင်ရွက်ရေးမှူး” အသစ်ကို အမေရိကန်က တနင်္လာနေ့မှာ ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။
ကမ္ဘာမှာ အိုမီခရွန် မျိုးကွဲ ဗိုင်းရပ်စ်ကူးစက်တာ တက်လာတဲ့အတွက် ခရီးသွားလာခွင့်တွေ ပိတ်လိုက်ပြီး ဥရောပ နိုင်ငံတချို့ရှိ ဆေးရုံတွေက လူနာတွေကို လက်ခံဖို့ ပြင်ဆင်နေကြပါတယ်။
မြန်မာ့တပ်မတော်သားတွေ ဂျပန် ကာကွယ်ရေးစစ်ကျောင်းမှာ လာရောက် ပညာသင်တာကို ဂျပန်အစိုးရအနေနဲ့ ချက်ချင်း ရပ်လိုက်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch (HRW) က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်အထတ်လွှတ်တော်အမတ် Mitch McConnell ဦးဆောင်ပြီး ၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA လို့အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေပါ မြန်မာ့အရေးဆိုင်ရာပြင်ဆင်ချက်ကို မနေ့က အတည်ပြုပေးလိုက်ပြီး သမ္မတလက်မှတ်ရေးထိုးဖို့ ပေးပို့လိုက်ပါပြီ။
Johnson & Johnson's ကာကွယ်ဆေးထိုးခဲ့တဲ့ အသက် ၅၀ ကျော်အမျိုးသမီးတွေမှာ သွေးခဲတာနဲ့ သွေးဖြူဥနည်းလာတာတွေ အရင်တွေ့ရှိထားခဲ့တာကြောင့် Pfizer နဲ့ Moderna ပိုထိုးကြဖို့ အမေရိကန် CDC အကြံပေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ရှေ့နှစ် ဖေဖော်ဝါရီလမှာကျင်းပမယ့် ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်က အားကစားသမားတွေအနေနဲ့ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲခွင့်ပြုမယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မနှစ် ၂၀၂၀ ခုနှစ်တုံးက ရွေးကောက်ခံ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းထောက် ၂ ဦးပဲရှိခဲ့ရာကနေ ဒီနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီးမှာတော့ အခုလို အဆပေါင်းများစွာ စံချိန်တင် ခုန်တက်သွားခဲ့တာလို့ RSF က ထောက်ပြခဲ့ပါတယ်
ချမ်းသာတဲ့တိုင်းပြည်တွေက အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်အပေါ် စိုးရိမ်ကြတာကြောင့် လှူကြမယ့် ကာကွယ်ဆေးတွေကို ပြန်ထိန်းလိုက်ကြတဲ့အတွက် ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေကြား ကာကွယ်ဆေးရရှိတာ မညီမမျှ ပိုမို ကြီးမားသွားနိုင်တယ်လို့ Vaccine Alliance Gavi ခေါ် ကာကွယ်ဆေးမဟာမိတ်ဂါဗီအဖွဲ့က သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်