အမေရိကန်အစိုးရလုပ်ငန်းတွေ လည်ပတ်ဖို့ ပေးသင့်ပေးထိုက်တာတွေ ဆက်ပေးနိုင်အောင် အစိုးရအသုံးစရိတ် ကြွေးမြီပမာဏတိုးရေးကို အမေရိကန် အောက်လွှတ်တော်က ဒီနေ့ မနက်စောစောမှာ အတည်ပြုလိုက်ပါတယ်။
မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Park Sokhonn ကို ခန့်အပ်မယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက် ဖနွမ်းပင်မြို့ဟိုတယ်တခုမှာကျင်းပတဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဝန်ကြီးချုပ် Hun Sen ကပြောခဲ့ပါတယ်။
အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဝေဖန်လိုက်ပြီးတဲ့နောက် အမေရိကန်က အာရှကို ခွဲနေတယ်လို့တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ က စွပ်စွဲလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ လူမှောင်ခိုဂိုဏ်းက မြေအောက် လျှို့ဝှက်ခန်းထဲမှာ ဖွက်ထားတဲ့ အမျိုးသမီး ၁၇ ယောက်ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ထုတ် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံအတွင်း စီးပွားရေးအရ အရေးပါတဲ့ Zhejiang ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ခရိုင်တချို့က စီးပွားရေးလုပ်ငန်းတွေ အင်္ဂါနေ့မှာ ပိတ်ပစ်လိုက်ပြီး သိန်းနဲ့ချီတဲ့ပြည်သူတွေလည်း Quarantine နဲ့ တခြား ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
“တရားလက်လွတ် အကြမ်းဖက်မှုကျူးလွန်နေတဲ့မြန်မာစစ်ကောင်စီကို ဖိအားပေးဖို့၊ တရားမဝင် ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ ပြန်ရောက်လာရေးတို့အတွက် လုပ်ဖော် ကိုင်ဘက်၊ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” - ဝန်ကြီး Blinken
အပြည်ပြည်ဆိုင်ရာ တရားရုံးမှာတင်ထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်ကြောင်း ကြေညာဖို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးကို Burma Campaign UK အဖွဲ့ဝင်များက တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Liz Truss ဆီကို အဖွဲ့ဝင် ၆၆၀ က ဒီကနေ့ စာ ပေးပို့လိုက်ကြတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးအပါအဝင် ဒေသတွင်းတရုတ်နိုင်ငံရဲ့ သြဇာလွမ်းမိုးမှုကိစ္စ၊ ကိုဗစ် -၁၉ နဲ့ တခြား ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် အာရှ ၃ နိုင်ငံခရီးစဉ်ရဲ့ ပထမခရီးတထောက်အဖြစ် အင်ဒိုနီးရှားနိုင်ငံကို ဒီကနေ့ ရောက်သွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရသူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေ မပေးနိုင်အောင် အာဏာသိမ်း စစ်ကောင် စီက ပိတ်ဆို့နေတယ် လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ (Human Rights Watch – HRW) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နေတာ တနင်္ဂနွေနေ့က စမ်းသပ် တွေ့ရှိခဲ့ကြောင်းနဲ့ ရောဂါလက္ခဏာဟာ မပြင်းထန်ကြောင်း သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrew ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ သွားရောက်မှာဖြစ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားတဲ့ သဘာဝဘေးအမှုစစ်ဆေးဖို့ ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာ ခေါ်ယူခဲ့ပေမယ့် သက်သေထွက်ဆိုမယ့် ဒေါက်တာဇော်မြင့်မောင်ကို ထိန်းသိမ်းထားတဲ့ ထောင်အာဏာပိုင်က ခရီးသွားခွင့်မပြုတာကြောင့် တရားရုံးချိန်းထပ်ပေးလိုက်ရပါတယ်။
ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ နိုင်ငံအနှံ့အပြား စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်းနဲ့လူ့အခွင့်ရေးဆိတ်သုဉ်းနေတာပြန်ရဖို့ တိတ်ဆိတ်ခြင်းနဲ့သပိတ်မှောက်ခဲ့ကြပြီး ညနေ (၄)နာရီမှာတော့ လက်ခုပ်တီးပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာတွေအတွက် အဆောင်တွေဆောက်ဖို့ တရားမဝင်ဆိုင်ပေါင်း ၁,၀၀၀ လောက်ကို မနေ့နဲ့ဒီနေ့မှာ ဖျက်ဆီးခဲ့ရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်စခန်း ဒုတိယကော်မရှင်နာမင်းကြီး Shamsud Douza က ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden အနေနဲ့ ဒီမိုကရေစီမြှင့်တင်ရေး ထိပ်သီးစည်းဝေးပွဲ ဦးဆောင်ကျင်းပနေချိန် အမေရိကန်ဒီမိုကရေစီမှာလည်း အားနည်းချက်မကင်းပါဘူးလို့ ကြာသပတေးနေ့အဖွင့်မိန့်ခွန်းထဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
ဗီဇပြောင်း ကိုဗစ်ပိုးသစ် Omicron ပျံ့နှံ့ကူးစက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တွေကို ကိုဗစ်အားဖြည့်ဆေးထိုးဖို့ အမေရိကန် ဆေးဝါးနဲ့ အစားအသောက်ဆိုင်ရာ ကွပ်ကွဲရေး (FDA) ဌာနက ဒီဇင်ဘာ ၉ ရက်နေ့မှာ ခွင့်ပြုချက်ပေးလိုက်ပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဗြိတိန်လာပြီး ရုရှားအာဏာရှင်ခြိမ်းခြောက်မှုကနေ အကူအညီတောင်းခံနေပေမယ့် မြန်မာစစ်အာဏာရှင်ကိုတော့ ရုရှားလိုပဲ လက်နက်ရောင်းပေးနေတုန်းလို့ ဗြိတိန် အခြေစိုက်မြန်မာ့အရေးအဖွဲ့တခုက ဝေဖန်လိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာအပါအဝင် တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေကြောင့် အမေရိကန် အရပ်ဘက်-စစ်ဘက် ၂ မျိုးသုံး ပစ္စည်းတွေအပါအဝင် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင် ကန့်သတ်လိုက်ပါတယ်။
အမေရိကန်သမ္မတ Joe Biden ဦးဆောင်ကျင်းပပေးခဲ့ပြီး ကမ္ဘာ့ နိုင်ငံအစိုးရတွေ၊ အရပ်ဘက်အဖွဲ့နဲ့ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့တဲ့ ဒီကနေ့ ကမ္ဘာ့ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲမှာ ဒီမိုကရေစီအရေး ဦးဆောင်ချန်ပီယံလိုနေတယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာ တနိုင်ငံလုံး အသံတိတ် ငြိမ်သက်ခြင်းသပိတ် ဆင်နွဲကြဖို့ တက်ကြွလှုပ်ရှားသူတွေက ဆော်သြထားတာကြောင့် မြန်မာနိုင်ငံမှာရှိနေကြတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ နေအိမ်အပြင်မထွက်ကြဖို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်