မြန်မာနိုင်ငံ အာဆီယံပုံမှန်အစည်းအဝေးတွေ ပြန်တက်နိုင်ဖို့ ကူညီသွားမယ့်သဘော အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် ကမ္ဘောဒီးယားနိုင်ငံ ခေါင်းဆောင်က ပြောလိုက်ပြီး သူကိုယ်တိုင်လည်း မြန်မာနိုင်ငံသွားဖို့ အသင့်ရှိနေပြီလို့ ပြောပါတယ်။
အာရှ-ပစိဖိတ် နိုင်ငံတွေအနေနဲ့ Omicron ကိုဗစ်ဗီဇမျိုးကွဲ ပေါ်လာပြီးတဲ့နောက် COVID-19 ရောဂါကူးစက်မှု ပြန်များလာမယ့်အရေး အသင့်ပြင်ဆင်ထားရမှာဖြစ်ပြီး သတိပြုစောင့်ကြည့်သွားရမယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဒီကနေ့ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေမှာ အသုံးပြုနိုင်ခြေရှိတဲ့ ထောက်လှမ်းရေးနည်းပညာတွေ တင်ပို့တာကို ကန့်သတ်ရေး အမေရိကန်အစိုးရက မဟာမိတ်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ သမ္မတအိမ်ဖြူတော် အကြီးတန်းတာဝန်ရှိသူတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူ ၆၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ရန်ကုန်မှာ မတ်လ ၁၄ ရက်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုဟာ ကြိုတင်စီစဉ်ပြီးလုပ်ခဲ့တာဖြစ်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပြီး တာဝန်ရှိသူတွေကို ဥပဒေအရ အပြစ်ပေး အရေးယူရမယ်လို့ တောင်းဆိုထားပါတယ်။
မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးတဲ့နေရာမှာ ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်တာအပါအဝင် နည်းလမ်းပေါင်းစုံ အသုံးချသွားမှာဖြစ်ကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ပြောတယ်လို့ စင်္ကာပူ The Straits Times သတင်းစာမှာ ရေးထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုနေရာအတွက် စိစစ်လက်ခံရေးကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်တာဟာ မြန်မာနိုင်ငံရဲ့ လက်တွေ့အခြေအနေတွေကို မထင်ဟပ်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောဆိုတဲ့အကြောင်း ဒီကနေ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်သူတွေနဲ့ အကျင့်ပျက် ခြစားသူတွေအပေါ် ပစ်မှတ်ထား အရေးယူဖို့ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ ဥရောပသမဂ္ဂ (EU) တို့မှာ အသုံးပြုနေတဲ့ Global Magnitsky ဥပဒေလို့ခေါ်တဲ့ ဥပဒေကို သြစတြေးလျမှာလည်း ကျင့်သုံးဖို့ ပါတီပေါင်းစုံပါဝင်တဲ့ လွှတ်တော်အမတ်တွေက တောင်းဆိုနေကြပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေး လျနိုင်ငံသား Sean Turnell တို့အပါအဝင် စုစုပေါင်း ၅ ယောက်အပေါ် ပူးတွဲတရားစွဲထားတဲ့အမှုကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့ ဆက်လက် စစ်ဆေးကြားနာပါတယ်။
ဖေဖော်ဝါရီလအာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေ ပြေလည်ရေး သံတမန်ရေးနည်းလမ်းကိုသုံးပြီးဖြေရှင်းဖို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ရှေ့သီတင်းပတ်အတွင်း ကမ္ဘောဒီးယားလာဖို့ သူ့အစိုးရက ဖိတ်ကြားထားတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားရဲ့ ဝန်ကြီးချုပ် Hun Sen က ဒီနေ့ပြောပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့က ရေတပ်တွေနဲ့ ရုရှားရေတပ်ကြား မာလက္ကာရေလက်ကြားမှာ ဒီကနေ့ကစပြီး ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်နေတယ်လို့ အင်ဒိုနီးရှားရေတပ်ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝေးလံခေါင်သီတဲ့ Bhashan Char ကျွန်းမှာ သွားရောက်နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ် သူတို့ မိသားစု၊ ဆွေမျိုးတွေဆီကို လည်ပတ်ခွင့်ပြုခဲ့ပြီး တလနှစ်ကြိမ်လောက် တွေ့နိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။။
မြန်မာနိုင်ငံ မြို့ပြလူဦးရေကြား ဆင်းရဲမွဲတေသူအရေအတွက်ဟာ သုံးဆနီးပါးတိုးမယ့် အခြေအနေမှာရှိနေပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ နောက်နှစ်မှာ ဆင်းရဲမွဲတေ သူအဖြစ် သတ်မှတ်တဲ့အဆင့်အောက်ကို ရောက်သွားမယ်လို့ ကုလသမဂ္ဂက ဒီကနေ့ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ယူကရိန်းနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။
ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ကိုယ်စားပြုမှုကို Credentials ကော်မတီက ဒီနေ့ သုံးသပ်ဆွေးနွေးကြဖို့ရှိတာမှာ မြန်မာနဲ့ အာဖဂန်တို့ရဲ့ လက်ရှိသံအမတ်ကြီးတွေကို ဆက်ထားပြီး ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားဖွယ်ရှိကြောင်း အမည်မဖော်လိုတဲ့ သံတမန်လေးဦးကို ကိုးကားပြီး ရိုက်တာက ရးထားပါတယ်။
လက်ရှိ COVID-19 ရောဂါ ကာကွယ်ဆေးတွေဟာ Omicron ကိုဗစ်ဗီဇမျိုးကွဲကြောင့်ဖြစ်လာတဲ့ ပြင်းထန်ရောဂါကို ကာကွယ်တားဆီးနိုင်မှာ မဟုတ်ဘူးဆိုတာ အထောက်အထားမရှိသေးဘူးလို့ Oxford တက္ကသိုလ်က ဒီကနေ့ပြောပါတယ်။
အိုမီခရွန် မျိုးကွဲဗိုင်းရပ်ရဲ့အန္တရာယ်ဟာ အလွန့်မြင့်မားပြီး အလေးထားလောက်တဲ့ အကျိုးဆက်တွေနဲ့ ကူးစက်မှုမြင့်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့မှာသတိပေးနေချိန်မှာပဲ ဒီဗိုင်းရပ်စ်မျိုးကွဲကို ဂျပန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ တွေ့ရကြောင်း အင်္ဂါနေ့ ဒီကနေ့မှာ သက်ဆိုင်ရာနိုင်ငံတွေက ကြေညာခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ပြည်နယ်လေးခုမှာတင် တရားရုံးတင်စစ်ဆေးခြင်းမရှိဘဲ တာလီဘန်တွေ သတ်ပစ်ခဲ့တာနဲ့ လက်စတုံး ဖျောက်ဖျက်ပစ်ခဲ့တဲ့ ဖြစ်ရပ်ပေါင်း ၁၀၀ ကျော်ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကပြောပါတယ်။
သြစတြေးလျအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့အထဲ မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုရှိတဲ့ စစ်လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေတယ်လို့ NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ဝေဖန် ထောက်ပြလိုက်ပါတယ်။
ကိုဗစ်-၁၉ မျိုးကွဲသစ် Omicron ကူးစက်နေသူတွေကို အာဖရိကနဲ့ဥရောပတိုက်တွင်းနိုင်ငံတချို့မှာ စတင်တွေ့လာနေရပြီး (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) WHO က အိုမီခရွန်ဟာ စိုးရိမ်ရတဲ့မျိုးကွဲသစ်တခုဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က သတ်မှတ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ အီရန်နျုကလီးယားသဘောတူညီချက်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ၅ လကြာလောက် ရပ်တန့်နေခဲ့ရာက အီရန်မှာ သမ္မတသစ် တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြစတီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ဒီကနေ့ ပြန်စပါတယ်။
နောက်ထပ်ကြည့်ရှုရန်