မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ထပ်ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်တယ်လို့ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ ဒီကနေ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနယ်စပ်အနီး ဟားခါးမြို့နားမှာ ၆.၁ ပြင်းအားရှိတဲ့ ငလျင်တရပ် သောကြာနေ့က လှုပ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ဆိုပါတယ်။
နိုင်ငံတကာက စိုးရိမ်နေတဲ့ကြားမှာပဲ ရိုဟင်ဂျာဒုက္ခသည် ၃၈၀ နီးပါးကို Bhashan Char ကျွန်းဆီ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီကနေ့ စတင် ရွှေ့ပြောင်းနေတာဟာ ပိုမိုလုံခြုံကောင်းမွန်တဲ့ဘဝတွေအတွက် သူတို့ဆန္ဒအလျောက်သွားကြတာဖြစ်ကြောင်းနဲ့ အစားအစာနဲ့ ဆေးဝါးကအစ အာဏာပိုင်တွေက စီစဉ်ပေးထားတယ်လို့ဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို့နှစ်ဦး ဗုဒ္ဓဟူးနေ့က တိုကျိုမြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ မြန်မာ့အရေးအပါအဝင် လုံခြုံရေး၊ COVID-19 အရေးကိစ္စတွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
နှစ်ရက်ကြာကျင်းပတဲ့ အာရှ-ဥရောပ (ASEM) ထိပ်သီးအစည်းအဝေးကို မြန်မာဘက်က ကိုယ်စားလှယ်မပါဘဲ ဒီကနေ့ စတင်ကျင်းပခဲ့ပြီး စစ်အာဏာသိမ်းပြီးကတည်းက လောလောလတ်လတ် အာဆီယံနဲ့ဆက်စပ်တဲ့ ထိပ်သီးဆွေးနွေးပွဲတွေကို မြန်မာဘက်က မတက်ရောက် တာ ဒါ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်း ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာနဲ့ တာလီဘန်တွေ တကျော့ပြန်အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် ကိုယ်စားလှယ်နေရာတွေကို အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကော်မတီမှာ ဆွေးနွေးမှာဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိက ဗွီအိုအေကို အတည်ပြုပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden ကမကထပြုကျင်းပဖို့စီစဉ်ထားတဲ့ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးအတွက် သူတို့ကိုမဖိတ်ဘဲ ချန်ထားတဲ့အပေါ် တရုတ်နဲ့ရုရှားတို့က ဒီကနေ့ အပြင်းအထန် တုံ့ပြန်လိုက်ကြပါတယ်။
လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းကို တာလီဘန်တွေ နဲ့ ဆွေးနွေးဖို့အတွက် အမေရိကန် ပြည်ထောင်စုရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် Thomas West ဟာ ကာတာနိုင်ငံ ဒိုဟာမြို့ ကို ရှေ့လာမယ့်သီတင်းပတ်မှာ သွားရောက်ပါမယ်။
တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါ စပြီး ကူးစက်ခဲ့ကတည်းကဆိုရင် တရက်အတွင်း ကူးစက်သူအရေအတွက် စံချိန်တင်များပြားခဲ့ပြီး Delta ကိုဗစ်မျိုးကွဲကြောင့် ကူးစက်သူ ပိုတိုးလာနေတယ်လို့ တောင်ကိုရီးယား ကျန်းမာရေးတာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။
အကူအညီပေးရေးအဖွဲ့တွေ ဝေဖန်နေတဲ့ကြားကပဲ ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျား ရေလွှမ်းနိုင်တဲ့ကျွန်းကို ပို့နေတာ ပြန်စတော့မယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bhasan Char ကျွန်းကို ပြောင်းရွှေ့ခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လွတ်လွတ်လပ်လပ်သွားလာခွင့်နဲ့ တခြားအခွင့်အရေးတွေကို အကာအကွယ်မပေးဘဲနဲ့ ကျွန်းပေါ်ပြောင်းတာ ရပ်ထားသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဘင်္ဂလား ဒေ့ရှ်အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းမြန်မာစစ်ကောင်စီကို ဖြုတ်ချမယ့် တော်လှန်ရေးအတွက် ရံပုံငွေဆိုပြီး ရောင်းချတဲ့ ငွေတိုက်စာချုပ်တွေကို ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (အင်န်ယူဂျီ) က မနေ့ တနင်္လာနေ့ က စတင်ရောင်းချခဲ့ရာမှာ တရက်တည်းနဲ့ ဒေါ်လာ ၆.၃ သန်း ရောင်းချခဲ့ရပါတယ်လို့ NUG က ကြေညာပါတယ်။
ပြည်သူလူထုရဲ့ ဝေဖန်ချက်တွေကြောင့် ၁၉၈၈ ခုနှစ်မှာ အာဏာက ဆင်းပေးခဲ့သူ အသက် ၉၀ ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား စစ်အာဏာရှင် ချန်ဒူးဝမ်ဟာ ဆိုးလ်မြို့နေအိမ်မှာ နှလုံးရောဂါနဲ့ အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ပါပြီ။
အမေရိကန် နိုင်ငံ၊ Wisconsin ပြည်နယ် ဝါကရှားမြို့ Waukesha မှာ တနင်္ဂနွေနေ့ ခရစ္စမတ်လှည့်လည်ပွဲက အကအဖွဲ့ကို ကားနဲ့ဝင်တိုက်တဲ့အတွက် လူ ၅ ယောက် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရှိသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားပါတယ်။
ကိုဗစ်ကူးစက်မှု တကျော့ပြန်မြင့်တက်လာနေတာကြောင့် ခရစ္စမတ်အားလက်ရက်မတိုင်ခင် သြစတြီးယားမှာ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဈေးရောင်းပွဲတွေအာလုံး ပိတ်လိုက်ပြီး အသွားအလာတွေ ကန့်သတ်လိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၂ နှစ် ချမှတ် ခံထားရတဲ့ NLD အစိုးရရဲ့ ရခိုင်ပြည်နယ်ဝန်ဦးချုပ် ဦးညီပုရဲ့အယူခံကို စစ်တွေခရိုင်တရားရုံးက ပယ်ချလိုက်တယ်ပါတယ်။
မြန်မာမပါဘဲ တရုတ်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို တနင်္လာနေ့မှာ ကျင်းပလိုက်ပါတယ်။ အွန်လိုင်းက တွေ့ဆုံဆွေးနွေးကြတဲ့ပွဲကို နိုင်ငံရေးအဆင့်မဟုတ်တဲ့ သံတမန်တယောက်တက်မယ်လို့ မျှော်လင့်ထားပေမယ့် ပေါ်မလာခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အတည်ပြု ပြောကြားပါတယ်။
အင်တာပိုလ်လို့ အင်္ဂလိပ်လိုသိကြတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ညီလာခံကို စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့်မပြုဖို့ မြန်မာအရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၅၉ ဖွဲ့က တောင်းဆိုလိုက်ကြပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) မှာ ခေါင်းဆောင်အားလုံးရဲ့ သဘောတူချမှတ်ထားတဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားနဲ့ ဂျပန်နိုင်ငံတို့က မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေကနေ စစ်ကောင်စီကို ငွေကြေးပေးသွင်းနေတာရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ တောင်းဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်