NLD ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းနဲ့ဒေါ်လာတွေ ပေးထားတယ်ဆိုတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူ ဒေါ်ဝေဝေသန်းကို တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုဖို့ တရားရုံးဘက်က ဆင့်ခေါ်မယ်လို့ သိရပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးကိစ္စတွေကို ဆောင်ရွက်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မီတီက “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်း”ကို မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့ တရုတ်သမ္မတရှီကျင့်ဖျင် အိမ်ရှင်အဖြစ်ကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုမဖိတ်ဖို့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ကန့်ကွက်ခဲ့ကြတဲ့အကြောင်း ဒေသတွင်းမှာရှိတဲ့ သံတမန် အတော်များများရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်အမတ်ဟောင်းတဦးဖြစ်သူ ဦးဖြိုးဇေ ယျာသော်ကို ဒီကနေ့ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက ရတနာနှင်းဆီ ကွန်ဒိုအိမ်ယာမှာ စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း အမည်မဖော်လိုသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီထိပ်ပိုင်းတာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။
Facebook လှုမှုကွန်ယက်ပေါ်ကတဆင့် မြန်မာနိုင်ငံမှာ အမုန်းစကားတွေနဲ့ သတင်းမှား ဖြန့်ဝေနေတာတွေကို စစ်ဆေးတာနဲ့ လျော့နည်းသွားအောင်လုပ်တာမှာ Facebook အနေနဲ့ ပြဿနာတွေ ရှိနေသေးတဲ့အကြောင်း ကုမ္ပဏီအတွင်းက မှတ်တမ်းမှတ်ရာတွေကိုသုံးသပ်ပြီး AP သတင်းဌာနက ရေးထားပါတယ်။
လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေအတွက် ရှေ့တန်းကနေ ဦးဆောင်လှုပ်ရှားနေကြတဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ Diane von Furstenburg (DvF) ဆု ဒီနှစ် ချီးမြှင့်ခံရသူတွေထဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လူငယ် အမျိုးသမီး မဝေဝေနုလည်း ပါဝင်ပါတယ်။
အမေရိကန် စာနယ်ဇင်းသမား Danny Fenster ဟာ အင်္ဂါနေ့ညဘက်က မီရှီဂန်ပြည်နယ်၊ Huntington Woods မြို့က သူ့ရဲ့နေအိမ်ကို ပြန်ရောက်ခဲ့ပြီး သူ့ရဲ့ဇနီးကတော့ မြန်မာနိုင်ငံကနေ သိပ်မကြာခင် ပြန်လာဖို့ လေယာဉ်လက်မှတ် ဝယ်ပြီးပြီလို့ ဒေသတွင်းသတင်းဌာနတခုကို Fenster က ပြောကြောင်း အေပီသတင်းမှာ ရေးထားပါတယ်။
Pfizer ကုမ္ပဏီက စမ်းသပ်ဆဲ COVID-19 ရောဂါကိုကုသတဲ့ သောက်ဆေးသစ် ဒေါ်လာ ၅ ဘီလီယံဖိုး သမ္မတ Joe Biden အစိုးရက ဝယ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်သတင်းတွေက ပြောနေကြပြီး ဒီအရေအတွက်ဟာ ကုသမှုပေါင်း ၁၀ သန်းအတွက် လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ ငြင်းဆန်ကြတဲ့ အမေရိကန် ရေတပ်သားတွေအနေနဲ့ မိခင်တပ်ရင်းက သီးခြားခွဲထုတ်ခံထားရနိုင်သလို စစ်မှုထမ်းဟောင်း ခံစားခွင့်တချို့လည်း ဆုံးရှုံးနိုင်ကြောင်း ရေတပ် မူဝါဒသစ်ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား သတင်းမီဒီယာသမားတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားဖို့ သဘောတူညီချက်တခု ရခဲ့တယ်ဆိုတာ တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ အတည်ပြုပါတယ်။
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei Sasakawa ရဲ့ခရီးဟာ ဂျပန်အစိုးရကို ကိုယ်စား မပြုဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းစာဆရာတွေက မေးမြန်းရာမှာ ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် အမှုတွဲပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့တရားစွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုအတွက် နိုဝင်ဘာ ၃၀ ရက်နေ့ မှာအပြီးသတ် အမိန့်ချမယ်လို့ စုံစမ်းသိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ဟာ မကြာသေးခင် မိနစ်ပိုင်းအတွင်းကပဲ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာပါပြီ။
သြဇာသုံးစက်ဖက်မှု၊ မဲမသမာမှုနဲ့မတရားမှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အခြား ခေါင်းဆောင် စုစုပေါင်း ၁၆ ဦးတို့ကို စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်နေ့ မှာ တရားစွဲဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံသား Daniel Fenster ကို ပြန်လွှတ်ပေးတာကို ကြိုဆိုကြောင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ အထင်အမြင်လွဲမှားမှုကြောင့် မစ္စတာ Fenster ၆ လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ရက်စွဲနဲ့ကြေငြာချက်ထုတ်ပြန်ပါတယ်။ ြ
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအယ်ဒီတာ Danny Fenster ကို ပြန်လွှတ်လိုက်ပြီဖြစ် ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။
မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတဲ့ ကူးစက်မြန် Delta ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း တောင်တန်းထူထပ်တဲ့ ပြည်နယ်တွေနဲ့ မြောက်ပိုင်းဒေသတွေမှာ ဆိုးဆိုးရွားရွား ကူးစက်တာတွေ ကြုံနေရပြီး New Mexico နဲ့ Colorado ပြည်နယ်တွေက ဆေးရုံတွေမှာ ကိုဗစ်လူနာတွေ ပြည့်နေပါတယ်။
ကမ္ဘာကြီးရဲ့အပူချိန်ကို စက်မှုထွန်းကားတဲ့ခေတ် မတိုင်ခင်ကာလမှာ ရှိခဲ့တဲ့အပူချိန်အောက် ၁.၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်အထိ ထိန်းချုပ်လျှော့ချရေး နိုင်ငံတွေအနေနဲ့ ဘယ်လိုလုပ်သွားကြမယ်ဆိုတဲ့ အစီအစဉ်အသေးစိတ်ကို ဖော်ပြထားတဲ့ COP26 ညီလာခံရဲ့ သဘောတူညီချက် မူကြမ်းအသစ် ဒီနေ့ သောကြာနေ့ မနက်ပိုင်းမှာ ထွက်လာပါတယ်။
"ဒီဆုံးဖြတ်ချက်အပေါ် Frontier ကလူတိုင်း စိတ်ပျက်ကြရပါတယ်။ Danny သူ့ မိသားစုဆီ ပြန်နိုင်အောင် အမြန်ဆုံးပြန်လွတ်တာ မြင်ချင်ပါတယ်။ Danny ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ ၁၂၄ (က) တို့နဲ့လည်း သီးခြားစီ စစ်ဆေးဖို့ရှိနေပါတယ်" (အယ်ဒီတာ Thomas Kean ၊ Frontier Myanmar)
လူမည်းခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလားနဲ့အတူ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ပူးတွဲချီးမြှင့်ခံခဲ့ရသူ တောင်အာဖရိကသမ္မတဟောင်း F. W. de Klerk ဟာ ကြာသပတေးနေ့မနက်က ကိတ်ပ်တောင်းမြို့ကနေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်