မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးစစ်ဆေးမှု ၂၂,၇၁၅ ခု လုပ်ခဲ့တာမှာ ပိုးတွေ့သူ၁,၀၅၇ ယောက်ရှိပြီးသေဆုံးသူက ၁၇ ယောက်ရှိပါတယ်။ ပိုးတွေ့ရာခိုင်နှုန်းက ၄.၆၅% ဖြစ်ပြီး သေဆုံးနှုန်းက ၃.၇၂% ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးပွဲမှာ လက်ရှိ ဒီမိုကရက် အုပ်ချုပ်ရေးမှူး Phil Murphy က ရီပတ်ဘလီကန်ပြိုင်ဘက် Jack Ciattarelli ကို မဲအရေအတွက် အနည်းငယ်နဲ့ ကပ်ပြီး အနိုင်ရလိုက်တာဟာ ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဒီမိုကရက်အုပ်ချုပ်ရေးမှူးတဦး သက်တမ်းနှစ်ခုဆက်တိုက် အနိုင်ရတာဖြစ်ပါတယ်။
Molnupiravir လို့ခေါ်တဲ့ ကိုဗစ်ရောဂါ ပထမဆုံးသောက်ဆေးကိုCOVID-19 ရောဂါ တိုက်ဖျက်ရေးအစီအစဉ်တွေ လုံးဝ တိုးတက် ပြောင်းလဲသွားစေနိုင်တဲ့ ကုသဆေးအဖြစ် ပထမဆုံး သောက်ဆေးကို ဗြိတိန်နိုင်ငံက ကမ္ဘာမှာ ခွင့်ပြုချက်ပေးလိုက်ပါပြီ။
Mytel ကုမ္ပဏီ ဘဏ္ဍာရေးအရာရှိချုပ်၊ အငြိမ်းစားဗိုလ်မှူး ဦးသိန်းအောင်ဟာ မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက် နေအိမ်အနီးမှာ ဇနီးသည်နဲ့အတူ လမ်းလျှောက်ပြန်လာချိန် အကြမ်းဖက်သမားရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူက ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသခံယူနေရကြောင်း စစ်ကောင်စီ ပြန်ကြားရေးက မီဒီယာတွေကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့မြောက် မြို့ကြီးတမြို့ဖြစ်တဲ့ ဘော်စတွန်မြို့ဟာ သူတို့မြို့မှာ ဘဝတလျှောက်လုံးနေထိုင်သူကိုသာ မြို့တော်ဝန်ရွေးလေ့ရှိပေမယ့် ဒီနှစ်မှာ အာရှ အမေရိကန် အမျိုးသမီးတယောက်ကို မြို့တော်ဝန်အဖြစ် မြို့သူမြို့သားတွေက ပထမဆုံး ရွေးချယ်လိုက်ပါတယ်။
အသက် ၅ နှစ်ကနေ ၁၁ နှစ်အထိ ကလေးငယ်တွေကို Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေ အင်္ဂါနေ့က ခွင့်ပြုလိုက်ပြီး လူကြီးဆေးနဲ့ ကွဲပြားအောင် ဆေးပုလင်းအဖုံးတွေကို အရောင်ခွဲထားတဲ့ သန်းနဲ့ ချီတဲ့ ကာကွယ်ဆေးတွေကို Pfizer ဆေးကုမ္ပဏီက ပြည်နယ်အသီးသီးကို ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။
မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်သစ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယား ဒီဇင်ဘာလကုန်မှာ ခန့်ထားဖို့ ရှိပြီး အထူးကိုယ်စားလှယ်သစ်ဟာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဖြစ်လာနိုင်တယ်လို့ ကမ္ဘောဒီးယားတာဝန်ရှိသူတွေကို ကိုးကားပြီး ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာနက ရေးပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖြစ်ပျက်ခဲ့တာတွေကို ကျနော်တို့ အပြင်းအထန် လေ့လာပြီး သင်ခန်းစာယူခဲ့ပါတယ်။ အဲဒီ မှာ ကျနော်တို့ ဘာမှားခဲ့သလဲ၊ သီးခြား လွတ်လပ်တဲ့ အစီရင်ခံစာတွေကို ကျနော်တို့ကိုယ်တိုင် မျက်စိဖွင့်ပြီး လေ့လာခဲ့တာပါ။” (Meta ကုမ္ပဏီ ဒုဥက္ကဋ္ဌ Nick Clegg)
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက Glenn Youngkin က ဒီမိုကရက်ပါတီက Terry McAuliffe ကို အနိုင်ရသွားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ်က တောင်းခံထားတာကို တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တဦးတယောက်ကို ဘယ်နိုင်ငံမှာမဆို ခွင့်ပြုပေးနိုင်မှာမဟုတ်ကြောင်း ယုံကြည်တယ်ဆိုပြီး စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
အမေရိကန်ရေတပ်က နျူကလီယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်းက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်း ရေအောက်မှာရှိနေစဉ် ပြီးခဲ့တဲ့လက ကျောက်ဆောင်တခုကို တိုက်မိသွားပြီး ကြီးကြီးမားမား ပျက်စီးသွားခဲ့တယ်လို့ အမေရိကန်ရေတပ်က တနင်္လာနေ့မှာ ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေချိုးဖောက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်တာနဲ့ပတ်သက်လို့ သူ့အနေနဲ့ အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို ပြောကြားခဲ့ကြောင်း စုံစမ်းသိရှိပါတယ်။
၂၀၃၀ မတိုင်ခင် သစ်တော ဟက်တာ သန်း ၂၀၀ အကျယ်အဝန်း ပြန်လည် ပေါ်ထွက်လာအောင် လုပ်ဆောင်သွားပါမယ်။ ဒီလိုလုပ်ဆောင်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါအောင်မြင်ဖို့အတွက် အမေရိကန် အစိုးရတရပ်လုံးအပြင် လွှတ်တော်ကလည်း ၂၀၃၀ ခုနှစ်အထိ ဒေါ်လာ ၉ ဘီလီယံလောက် ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်” - (သမ္မတ Joe Biden )
ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို သစ်ပင်တွေကယူပြီး အောက်ဆီဂျင်ကို ထုတ်ပေးတာမို့ ကမ္ဘာ့ရာသီဥတုအတွက် သစ်ပင်တွေက အရေးကြီးတာကြောင့် ကမ္ဘာ့သစ်တော ၈၅ % ကျော်ကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေက ၂၀၃၀ မှာ သစ်တောပြုန်းတီးမှု အဆုံးသတ်ကြဖို့ ကတိပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဘက်ကရော ဒီမိုကရေစီအင်အားတွေဘက်ကပါ facebook, twitter လူမှုကွန်ယက်တွေကိုသုံးပြီး ဝါဒဖြန့်ချိရေးစစ်ပွဲကို အပြန်အလှန်လုပ်ဆောင်နေကြတယ်လို့ ရိုက်တာသတင်းကရေးပါတယ်။
နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson ဟာ ဒီနေ့ မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson ဟာ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံကို ရောက်ရှိနေပြီး နေပြည်တော်မှာ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
အခု တနင်္လာနေ့မှာ သွင်းကုန်နဲ့ပတ်သက်ပြီး ပြင်သစ်က ကြောင်းကျိုးမဲ့ ခြိမ်းခြောက်တာတွေ မရုတ်သိမ်းဘူးဆိုရင် ဗြိတိန်အနေနဲ့ ပြင်သစ်ကို အရေးယူမယ် လို့ သတိပေးလိုက်ပါတယ်။
အီတလီနိုင်ငံ၊ ရောမမြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ G-20 ထိပ်သီးအစည်းအဝေး မတိုင်ခင် ပုပ်ရဟန်းမင်းကြီးနဲ့ သမ္မတဘိုင်ဒန် တွေ့ဆုံတာဟာ ပုဂ္ဂလိကရေးရာပိုင်းအနေနဲ့ရော နိုင်ငံရေးပိုင်းအနေနဲ့ပါ တွေ့ဆုံတာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က ဆိုပါတယ်။
အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်လာရေး တရုတ်နိုင်ငံရဲ့အစီအစဉ်ဟာ အမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ အမေရိကန်မှာ ဒုတိယ အဆင့်အမြင့်ဆုံး စစ်ဘက်အရာရှိဖြစ်တဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး John Hyten ကသတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်