"နိုင်ငံတဝန်းမှာ အစီအစဉ်တကျ နှိပ်စက်ညှဉ်းပန်းတဲ့နည်းလမ်းကို မြန်မာစစ်အစိုးရက အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေအပေါ် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ပြီး အမျက်ထွက်ရသလို စိတ်ထိခိုက်ရပါတယ်" အမေရိကန်နိုင်ငံခြားရေးဌာန
“အာဆီယံရဲ့ ညီညွတ်မှုနဲ့အချက်အချာကျမှုဟာ အိန္ဒိယအတွက် ထာဝရဦးစားပေးတရပ်အဖြစ်ရှိနေမှာပါ။ အာဆီယံရဲ့ အထူးအရေးပါတဲ့ကဏ္ဍဟာ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒမှာပါဝင်ပြီး ဒေသတွင်းအတွက်ရော၊ အင်ဒို-ပစိဖိတ် ပင်လယ်ပြင်မူဝါဒအတွက်ပါ ပါဝင်ပါတယ်” (Narendra Modi၊ အိန္ဒိယဝန်ကြီးချုပ်)
ရွှေတြိဂံဒေသ လာအိုမြောက်ပိုင်း Bokeo မြို့မှာ ဘီယာစည်တင်ကားတစီးကို ရဲကစစ်တဲ့အခါ Methamphetamine ဆေးပြား ၅၅ သန်းနဲ့ Crystal Meth ၁.၅ တန်တို့ကို ဖမ်းဆီး ရခဲ့ပြီး ဒါဟာ အရှေ့နဲ့အရှေ့တာင်အာရှမှာ အများဆုံး မိတာဖြစ်ကြောင်း UNODC ရဲ့ အရှေ့တောင်အာရှဆိုင်ရာကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။
“အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ အခြေခံမူဝါဒကို လေးစားပေမယ့် မြန်မာနိုင်ငံက အခြေအနေတွေဟာ အင်မတန် စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်လာနေပါပြီ” နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ကမ္ဘောဒီးယားနိုင်ငံ)
“နှစ်နိုင်ငံနယ်စပ်မျဉ်းရဲ့ သူတို့ဘက်ရဲ့ ရှေ့ကိုကျော်ပြီး နောက်ထပ်ချောင်းဘေးမှာ မြေဖို့ လမ်းဖောက်တာပေါ့နော်၊ ကျနော်တို့မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်နေချိန် သူတို့အတွက် လုပ်ဖို့အခွင့်အလမ်း ပိုရနေသလို ဖြစ်နေတာပေါ့။” (အုပ်ချုပ်ရေးဌာန တာဝန်ရှိသူ၊ ပန်ဆိုင်းမြို့)
အိန္ဒိယနိုင်ငံအခြေစိုက် Adani ဆိပ်ကမ်းများကုမ္ပဏီက မြန်မာနိုင်ငံမှာ ကုန်သေတ္တာ အတင်အချ ဆိပ်ကမ်းတခု တည်ဆောက်ဖို့စီမံကိန်းကို ဖျက်သိမ်းတော့မယ်လို့ ဒီကနေ့ပြောပါတယ်။
မြန်မာနိုင်ငံက အာဆီယံ ထိပ်သီးအစည်းအဝေးကို ကိုယ် စားလှယ် မစေလွှတ်ဘဲ ပမာမခန့်ပြုခဲ့တာကို စိတ်မကောင်းဖြစ်မိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောပြီး နောက်လမှာကျင်းပမယ့် အာဆီယံ-ဥရောပ ထိပ်သီးညီလာခံမှာ မြန်မာကိုမဖိတ်ဖို့ စဉ်းစားနိုင်ကြောင်းနဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို ဒီကနေ့ အွန်လိုင်းကနေ ဆက်လက်ကျင်းပနေပြီး ၁၆ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး ညီလာခံ၊ ၂၄ ကြိမ်မြောက် အာဆီယံ + ၃ ညီလာခံ၊ ၂၄ ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးညီလာခံ၊ ပထမအကြိမ်မြောက် အာဆီယံ-သြစတြေးလျ ထိပ်သီးညီလာခံတွေကို ကျင်းပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တကြိမ်ထက်ပိုပြီး မဲပေးခဲ့သူတွေကို တရားစွဲဆိုဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို အကြောင်းကြားထားပါတယ်။
ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ပြည်တွင်းစစ်ဖြစ်မယ့်အရေး ရှောင်ရှားဖို့လိုအပ်လို့ သိမ်းခဲ့တာဖြစ်တယ်လို့ အာဏာသိမ်းခေါင်းဆောင် ဆူဒန်စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan က အင်္ဂါနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီပြန်လည်တည်ဆောက်ဖို့ အမေရိကန်သမ္မတ Joe Biden က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဆူဒန်စစ်တပ်က အာဏာသိမ်းလိုက်အပြီး တရက်အကြာမှာ လမ်းတွေပိတ်၊ ဆိုင်တွေပိတ်၊ ဖုန်းတွေ ဆက်မရ၊ အင်္ဂါနေ့မှာ အထွေထွေသပိတ်မှောက်ကြဖို့ ဗလီအသံချဲ့စက်တွေက ဆင့်ခေါ်နေကြပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပေမယ့် စစ်ကောင်စီက စွပ်စွဲခံထားကြသူတွေရဲ့ ရှေ့နေတွေကို ပုဒ်မ ၁၄၄ နဲ့ နှုတ်ပိတ်ခဲ့တာကြောင့် ဒီနေ့ အမှုစစ်ဆေးပုံ အသေးစိတ်ကိုတော့ မသိရှိရပါဘူး။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဒူဝါလရှီးလနဲ့ ဒေါ်ဇင်မာအောင်တို့နဲ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အာဆီယံနဲ့ မြန်မာစစ်ကောင်စီကြားရထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ နှေးကွေးနေတာတွေကို ဝန်ကြီးချုပ် Lee Hsien Loong က ထောက်ပြပြီး အဲဒီလို ပျက်ကွက်မှုတွေဟာ မြန်မာပြည်သူတွေအတွက်သာမကဘဲ စည်းမျဉ်း စည်းကမ်းတွေအပေါ် အခြေခံရပ်တည်တဲ့ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ ပြောပါတယ်။
ထိပ်သီးစည်းဝေးပွဲမှာ မြန်မာအတွက် တနေရာ အဆင်သင့်ချန်ထားပေမယ့် မြန်မာဘက်က လာရောက်ဖို့ ပျက်ကွက်ခဲ့ကြောင်း၊ စစ်တပ်အကြီးအကဲကိုမဖိတ်ဘဲ နိုင်ငံရေးကမဟုတ်တဲ့ ကိုယ်စားလှယ်ကိုဖိတ်ဖို့ဆုံးဖြတ်ချက်ဟာ လေးနက်ပြင်းထန်ပေမယ့် ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း အင်ဒို နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန်ဆေးကုမ္ပဏီ Moderna ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၆ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေကို ထိုးပေးဖို့ လုံခြုံစိတ်ချရတာ စမ်းသပ် တွေ့ရှိရကြောင်း၊ လူကြီးတွေကိုပေးတဲ့ ပမာဏရဲ့ထက်ဝက်အာနိသင်ရှိတဲ့ ကာကွယ်ဆေးကို ၂၈ ရက်ခြားပြီး ကလေး ၄,၇၀၀ ကျော်ကို ထိုးပေးခဲ့တာလို့ Moderna ကုမ္ပဏီက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသက ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေတာနဲ့ပတ်သက်ပြီး ဗြိတိသျှ အစိုးရနိုင်ငံခြားရေးဝန်ကြီးရုံးအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရုံး ဝန်ကြီးက တနင်္လာနေ့မှာပြောဆိုလိုက်ပါတယ်။
ကိုဗစ်ကြောင့် အရှေ့တောာင်အာရှဒေသအတွင်းကျဆင်းခဲ့ရတဲ့ ခရီးသွားလုပ်ငန်း တွေပြန်လည်ကောင်းမွန်လာဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေအကြားဖြတ်သန်းသွားလာနိုင်မယ့်ခရီးသွား လမ်းကြောင်းအစီအစဉ်တခုအတွက် ပြင်ဆင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ကြဖို့အင်ဒိုနီးရှားသမ္မတ Joko Widodo ကတိုက်တွန်းပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အောက်တိုဘာ၂၆ ရက် အင်္ဂါနေ့ အွန်လိုင်းကနေကျင်းပမယ့် ၉ ကြိမ်မြောက် အာဆီယံ- အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်