အမေရိကန်ပြည်ထောင်စုကို လေကြောင်းကနေ လာရောက်မယ့်ခရီးသွားတွေအနေနဲ့ မဖြစ်မနေ ကာကွယ်ဆေးထိုးဖို လိုအပ်ကြောင်း သမတ ဘိုင်ဒန်က အမိန့်တရပ်ထုတ်ပြန်လိုက်ပြီးနောက် လကြောင်းကနေ မကြာမီပြန်လည်ဝင်ခွင့်ပြု တော့မှာဖြစ်ကြောင်း အမေရိကန် သမတအိမ်ဖြူတော်က တနင်္လာနေ့တုန်းက ထုတ်ပြန် ကြေငြာပါတယ်။
တရုတ်နိုင်ငံမှာ လူဦးရေစုစုပေါင်းရဲ့ ၇၆ ရာခိုင်နှုန်း ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးပြီဖြစ်ပြီး အခုဆိုရင် ပြည်နယ်တော်တော်များများမှာ အသက် ၃ နှစ်ကလေး က စပြီး ကိုဗစ်ကာကွယ်ဆေးထိုးတော့မယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ အလှည့်ကျဥက္ကဋ္ဌက မြန်မာအကြောင်း ထည့်ပြောမသွားပေမယ့် မြန်မာစစ်ကောင်စီဘက်ကတော့ အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံအကြီးအကဲ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် ဝန်ကြီးကပဲ တက်ရောက်နိုင်မယ်လို့ အကြောင်းပြန်လိုက်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှာ တနင်္လာညက ကြေညာသွားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီတရားစွဲထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အမှုတွေ ဒီကနေ့ အထူးတရားရုံးက လက်ခံလိုက်ပေမယ့် ရှေ့နေအားလုံးကို စစ်ကောင်စီ ပုဒ်မ ၁၄၄ နဲ့ တရားခွင်ကိစ္စ ပြန်မပြောရတားမြစ်ထားတကြောင့် အမှုအခြေအနေကို အသေးစိတ်မသိရပါဘူး။
ဆူဒန်နိုင်ငံမှာ စစ်သားတွေက ဝန်ကြီးအဖွဲ့ဝင်အများစုကိုဖမ်းဆီးခဲ့ပြီး ဒီအာဏာသိမ်းမှုကို ထောက်ခံတဲ့ ကြေညာချက်ထုတ်ဖို့ ငြင်းဆိုခဲ့တဲ့ ဝန်ကြီးချုပ် Abdalla Hamdok ကို ဖမ်းသွားပြီး ဘယ်လဲ မသိရတဲ့ နေရာတခုကို ခေါ်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာပါတယ်။
တရုတ်ကချမှတ်ထားတဲ့ အမိမြေလုံခြုံရေးဥပဒေနဲ့ Amnesty ဝန်ထမ်းတွေ ငြိစွန်းမှာ စိုးရိမ်တဲ့အတွက် ဟောင်ကောင်မှာရှိတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဆောင်ရွတ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International အဖွဲ့ရဲ့ ဟောင်ကောင်က ရုံးတွေကို ပိတ်တော့မယ့်အကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း ၆၁ နှစ်ပြည့် အထိမ်းအမှတ်အတွက် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အဲန်ဘန်လရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ စစ်အာဏာရှင်ဖြုတ်ချရေးကို လိုလားတဲ့ ဘယ်အဖွဲအစည်းနဲ့မဆို လက်တွဲသွားမယ်လို့ ပြောထားကြောင်း ကချင်သတင်းတွေမှာ ဖော်ပြကြပါတယ်။
တရုတ်နိုင်ငံက သူပိုင်နယ်အဖြစ် ကြေညာထားတဲ့ တိုင်ဝမ်ကျွန်းကို အမေရိကန်က အကာအကွယ်ပေးသွားမယ်လို့ သမ္မတ Joe Biden က ကြာသပတေးနေ့မှာ ပြောပါတယ်။
နိုင်ငံပေါင်း ၄၆ နိုင်ငံက ကာကွယ်ဆေးထိုးထားပြီးသား ကမ္ဘာလှည့်ခရီးသည်တွေ ထိုင်းနိုင်ငံကိုလာတဲ့အခါ နောက်လကစပြီး COVID-19 ကာကွယ်ရေး သီးခြားခွဲနေဖို့ မလိုတော့ဘူးလို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ကြာသပတေးနေ့မှာ ကြေညာပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလုခါလီဒုက္ခသည်စခန်းမှာ ဒီနေ့ ရိုဟင်ဂျာအုပ်စုနှစ်စုကြား တိုက်ခိုက်ခဲ့ကြတာမှာ ၆ ယောက်ထက်မနည်း သေဆုံး၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။ ဒုက္ခသည်စခန်းထဲ မူးယစ်ဆေးဝယ်ရောင်းလုပ်ငန်းကို ထိန်းချုပ်ဖို့ ပြိုင်ဘက်တွေကြား တိုက်ခိုက်ကြတာလို့ ဒေသတွင်းသတင်းတွေကို ကိုးကားပြီး အေပီကရေးပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စစ်ဆေးမှုအရ ပိုးတွေ့ရာခိုင်နှုန်းဟာ ၄.၉၅ % ရှိကြောင်း ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်တာကြောင့် ဒါဟာ COVID-19 တတိယလှိုင်း စတင်တဲ့အချိန်ကလို့ ပထမဆုံးအကြိမ်အဖြစ် ၅% အောက်ကို လျော့ကျသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ သံတမန်ရေးအရ ပိုမို ဖိအားပေး လုပ်ဆောင်ဖို့ အောက်တိုဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့ရက်စွဲနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၉၇ ဖွဲ့နဲ့ လူပုဂ္ဂိုလ် ၁၅ ဦးတို့က လက်မှတ်ထိုးပြီး တောင်းဆိုခဲ့ကြပါတယ်။
မြန်မာပြည်အရေးဟာ ပြည်တွင်းနဲ့ဒေသတွင်းအပေါ် သက်ရောက်မှုရှိနေတာမို့ ကျန်တဲ့ အာဆီယံ ကိုးနိုင်ငံရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုသင့်တယ်လို့ဒီကနေ့လုပ်တဲ့မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲတခုအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်တွေ ပြောင်းလဲအောင် နောက်ထပ် စီးပွားရေးအရ ဘယ်လို ဖိအားထပ်ပေး လုပ်ဆောင်မလဲဆိုတာ စဉ်းစားနေရတဲ့ အလှည့်အပြောင်း ကာလတခုကို ရောက်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။
ယူကေနိုင်ငံ၊ လီဗာပူးလ်မြို့မှာ လာမယ့် ဒီဇင်ဘာလကျရင် ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ၊ G7 အဖွဲ့၊ နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကိုတက်ဖို့ အာဆီယံနိုင်ငံတွေကို ဖိတ်ကြားထားပေမယ့် မြန်မာစစ်အစိုးရကို ဖိတ်မှာမဟုတ်ဘူးလို့ ယူကေအစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးအကြပ်အတည်းတွေ ဖြစ်ပေါ်လာအောင် နိုင်ငံခြားတိုင်းပြည်တွေက ကျောထောက်နောက်ခံပြုပြီး လုပ်ဆောင်နေကြတယ်လို့ စစ်ကောင်စီက ခန့်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြောပါတယ်။
ရေငုပ်သင်္ဘောကနေပစ်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်နောက်တစင်းကို တောင်ပိုင်း Hamgyong ပြည်နယ်၊ Sinpo ဒေသကနေ မြောက်ကိုရီးယားက ထပ်မံ စမ်းသပ်ပစ်လွှတ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဒီကနေ့ပြောပါတယ်။
အမေရိကန် အမျိုးသားကျန်းမာရေးသုတေသနဌာန လေ့လာချက်အရ Johnson & Johnson ကာကွယ်ဆေး ရပြီးသူတွေကို Moderna ကာကွယ်ဆေးထပ်ထိုးပေးတဲ့အခါ ခုခံအားက ၇၆ ဆ တက်လာတာကို တွေ့ရပြီး ဖိုင်ဇာရပြီးသူကို ဖိုင်ဇာကာကွယ်ဆေး ထပ်တိုးပေးတဲ့အခါ ၃၅ ဆ၊ ဂျွန်ဆန်ရပြီးသူကို ဂျွန်ဆန်ကိုပဲထပ်ပေးတဲ့အခါ ၄ ဆ တက်တာကို တွေ့ရပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူခံနေရတဲ့ ရှင်ကျန်းပြည်နယ်၊ ကွန်မြူနစ်ပါတီရဲ့ ဒုတိယအတွင်းရေးမှူးဖြစ်သလို လုံခြုံရေးတာဝန်ခံလည်း ဖြစ်တဲ့ ၅၈ နှစ်အရွယ် (Wang Junzheng) ကို တိဘက်ရဲ့ကွန်မြူနစ်ပါတီ အကြီးအကဲသစ်အဖြစ် တရုတ်က ခန့်အပ်လိုက်ပါတယ်။
ကိုဗစ်ကူးစက်မှုတွေ တိုးမြင့်လို့ ကန့်သတ်ချက်တွေချထားတဲ့ သြစတေးလျနဲ့ နယူးဇီလန်တို့မှာ တချို့ ကန့်သတ်ချက်တွေ ဖြေလျှော့တာ၊ တချို့ ဆက်ထားရှိတာတွေ လုပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်