အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေမှာ မြန်မာဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ မရှိဘူးလို့ ပြောဆိုပြီး လာမယ့် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ အကြီးအကဲကို မဖိတ်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးလူမည်းအမျိုးသား၊ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိဟောင်း Colin Powell အသက် ၈၄ နှစ်အရွယ်မှာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲ ကွယ်လွန်သွားပါတယ်။
သတင်းစာဆရာ စည်သူအောင်မြင့်နဲ့ မုံရွာအောင်ရှင် (NLD) အပါအဝင် အကျဉ်းသားအကျဉ်းသူပေါင်း ၁,၃၁၆ ယောက်ကို လူသားချင်းစာနာမှုအရ ပြန်လွှတ်ပေးလိုက်ပေမယ့် နောက်တကြိမ်အလားတူပြစ်မှုကျူးလွန်ခဲ့ရင်တော့ ကြွေးကျန်ပြစ်ဒဏ်နဲ့အတူ ကျခံရမယ့် စည်းကမ်းကန့်သတ်ချက်နဲ့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားအများအပြားဟာ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်ချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်လာဖွယ်ရှိပြီး ဗွီအိုအေပင်တိုင်ဆောင်းပါးရှင်စည်သူအောင်မြင့်နဲ့ ထင်ရှားတဲ့အနုပညာရှင်တွေကိုလည်း အမှုပိတ်သိမ်းပေးလိုက်ပါတယ်။
မြန်မာနိုင်ငံကို အသစ်ရောက်ရှိလာတဲ့ သံရုံးဒုတိယအကြီးအကဲ Deb Lynn ဟာ မြန်မာနိုင်ငံတွင်း စစ်အာဏာ သိမ်းမှုနောက်ပိုင်း ဆန္ဒပြမှုတွေအပေါ် အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးခဲ့ကြရသူတွေကို ဂုဏ်ပြုမှုတရပ် ပြုလုပ်ခဲ့ပါတယ်။
ဒီလနှောင်းပိုင်းကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုမဖိတ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဒီနေ့ အွန်လိုင်းအစည်းအဝေးမှာ သဘောတူညီခဲ့ကြတယ်လို့ ဒီဆုံးဖြတ်ချက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ် အတော်များများကို ကိုးကားပြီး ရိုက်တာသတင်းတရပ်မှာဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၇,၅၅၈ ခုကို စစ်ဆေးခဲ့တာမှာ ကိုဗစ်ပိုးတွေ့သူ သစ် ၁,၃၂၉ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီညထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်ထဲက Bhasan Char ကျွန်းပေါ်ပို့ထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကျွန်းမကြီးမှာ လွတ်လွတ်လပ်စွာသွားလာနိုင်ရေး အာမခံချက် ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သဘောတူညီချက်ထဲမှာ မပါဘူးလို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
အဖွဲ့ဝင်နိုင်ငံတခုကအကြီးအကဲကို အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ မဖိတ်ဘဲ ချန်ထားနိုင်တဲ့ အများသဘောတူ သတ်မှတ်ချက်မရှိပေမဲ့ ဒီကိစ္စကို တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းသွားနိုင်ခြေရှိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ Delta ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အကြီးအကျယ်ရင်ဆိုင်ခဲ့ရတဲ့လို့ ကာကွယ်ဆေးတွေကို ပြည်တွင်းလိုအပ်ချက်အတွက် သုံးခဲ့ရပြီးတဲ့နောက် အခုအခါမှာ မြန်မာအပါအဝင် ပြည်ပနိုင်ငံတွေကို ကာကွယ်ဆေးတွေ ပြန်ပို့ပေးနေပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။
တနိုင်ငံလုံးမှာ ပိုးတွေ့မှု အမြင့်ဆုံးရောက်ခဲ့တဲ့ ဇူလိုင်ကနေ တဖြည်းဖြည်းကျလာနေပေမဲ့ ထိန်းသိမ်းနိုင် တဲ့အနေအထား ၅% အောက်ကို မရောက်သေးတာမို့ ကာကွယ်ရေးဆက်လုပ် ကာကွယ်ဆေးထိုးကြဖို့ ကျန်းမာရေးအရာရှိတွေက တိုက်တွန်းနေပါတယ်။
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ထောင်နဲ့ချီသူတချို့ကို လူမနေတဲ့ Bhasan Char ကျွန်းပေါ်ပြီးခဲ့တဲ့နှစ်အတွင်းဘင်္ဂလားဒေ့ရှ်အစိုးရက ပို့လိုက်တာနဲ့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့UNHCR မဟာမင်းကြီးရုံးနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား နားလည်မှုစာချွန်လွှာရေးထိုးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ စဉ့်ကိုင်ဘူတာနဲ့ ပလိပ်ဘူတာကြားမှာ ရထားတစင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမယ့် ရထားကိုမထိဘဲ လမ်းပိုင်းကိုပဲ ထိသွားတယ်လို့ Local PDF Sintgaing (LPDF) အဖွဲ့ကပြောပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ အရ မီဒီယာ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံခြားအစိုးရတာဝန်ရှိသူတွေကို တိုက်ရိုက်၊ သွယ်ဝိုက် ဆက်သွယ်ခြင်းမပြုဖို့ တားမြစ်ကြောင်း ဗွီအိုအေက စုံစမ်း သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့နေ့က သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ဖို့ စစ်တပ်အရာရှိကြီးနှစ်ဦးက လာပြောခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှမဝေဖန်လိုဘူးလို့ တုံ့ပြန်ပါ
မြန်မာ့အရေး အာဆီယံအရေးပေါ်အစည်းအဝေးက ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဖို့ မြန်မာစစ်ကောင်စီက ပျက်ကွက်တဲ့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးစည်းဝေးပွဲကို မဖိတ်ရေး အာဆီယံခေါင်းဆောင်တွေ မနက်ဖြန် ဆွေးနွေးကြမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံကို ကိုယ့်ဘာသာ ပိတ်ဆို့ထားလိုက်တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံဟာ ငတ်မွတ်ခေါင်းပါးမယ့်အန္တရာယ် အလားအလာအရှိဆုံးဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့မြောက်ကိုရီးယားဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။
အာဆီယံအထူးသံ၊ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof မြန်မာနိုင်ငံမှာ ဘက်အားလုံးက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး စစ်ကောင်စီနဲ့ ညှိနှိုင်းတာတွေ ပြေလည်မှုမရချိန်မှာပဲ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အလျင်အမြန် အမှန်အကန် အပြည့်အဝ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို EU က တောင်းဆိုလိုက်ပါတယ်။
ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက COVID-19 ရောဂါကာကွယ်ဆေး အပြည့်ထိုးထားပြီးသူတွေကို နောက်လကစပြီး ကုန်းလမ်းကနေ အမေရိကန်နိုင်ငံထဲ ဝင်ခွင့်ပြန်ပေးမယ်လို့ အမေရိကန် က ဒီကနေ့ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်