မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ သဘောတူရရှိခဲ့တဲ့အကြောင်း မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွေမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံသား အများစု အပါအဝင် သေဆုံးသူ ၁၀၀ ကျော်အထိ ရှိခဲ့ကြောင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ကို ရောက်ရှိနေသတင်းယူနေကြတဲ့ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်အပါအဝင် သတင်းသမား အယောက် ၂၀ နီးပါးပါဝင်တဲ့ အဖွဲ့ဟာ ဒီကနေ့ ကြာသာပတေးနေ့မှာ ကျီးကန်းပြင်၊ ဝပိတ်၊ ငါးစာကြူ၊ ကြက်ရိုးပြင်၊ ငါးခူရ စတဲ့ မွတ်စလင်ရွာပေါင်း ၁၁ ရွာကို သွားရောက်ကြည့်ရှုကြ မှာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို အမေရိကန်သမ္မတ ကတော် Melania Trump က ဆုရှင် အမျိုးသမီး ၁၃ ဦးကို ဝါရှင်ဒီစီမှာ ဗုဒ္ဓဟူးနေ့က ဆုချီးမြှင့်ခဲ့ပါတယ်။
မနှစ်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ အများသူပြည် ရှေ့မှောက်မှာ ပြုလုပ်မယ့် အထက်လွှတ်တော် ကြားနာပွဲ မစတင်ခင်မှာပဲ ဒီကိစ္စကို ပြည့်စုံ စေ့စပ်စွာ ဘက်လိုက်မှုမရှိပဲ စစ်ဆေးသွားမှာ ဖြစ်ကြောင်း အထက်လွှတ်တော် ထောက်လှမ်းကော်မီတီဥက္ကဋ္ဌ ရီပတ်ဘလီကန် အမတ်နဲ့ ဒုဥက္ကဋ္ဌ ဒီမိုကရက် လွှတ်တော်အမတ်တွေက ပြောကြားလိုက်ကြပါတယ်။
အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဖျက်သိမ်းတဲ့ အမိန့်တရပ်ကို သမ္မတ Donald Trump က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို လေးစားလိုက်နာသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။
အရှေ့အာဖရိကဒေသမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုအန္တရာယ်နဲ့ ကြုံနေရချိန်မှာ၊ အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ် အဆိုပြုချက်အရ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ် (USAID) ရဲ့ လုပ်ငန်းတွေ လျှော့ချဖြတ်တောက်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မနေ့တုန်းက လွှတ်တော်မှာ တင်ပြခဲ့ကြပါတယ်။
EU ဥရောပသမဂ္ဂထဲက ဗြိတိန်နိုင်ငံနှုတ်ထွက်မယ့်အကြောင်း တရားဝင် အကြောင်းကြား စာမှာ ဗြိတိန်ဝန်ကြီးချုပ် Theresa May အင်္ဂါနေ့ညပိုင်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ လူဦးရေ သန်းပေါင်း ၂၆၀ ရှိတဲ့ ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေအများဆုံး တိုင်းပြည်တခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ လူဦးရေ စုစုပေါင်းရဲ့ ၁၀% ကသာ အခွန်ပေးဆောင်ဖို့အတွက် မှတ်ပုံတင်ထားကြပြီး အဲဒီအထဲကမှ လူပေါင်း ၁ သန်းလောက်သာ တကယ် အခွန်ပေးဆောင်ကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေကို ချက်ချင်းပျက်ပြယ် သွားစေတဲ့ သမ္မတ အမိန့်ကို သမ္မတ Donald Trump အင်္ဂါနေ့က လက်မှတ်ရေးထိုး ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို လေ့လာဖို့ ရောက်နေကြတဲ့ သတင်းမီဒီယာ အဖွဲ့ဟာ ဒီကနေ့ မတ်လ ၂၉ ရက်နေ့မှာ ဘူးသီးတောင်မြို့မှာ လေ့လာကြမှာ ဖြစ်ပါတယ်။
မကြာသေးခင်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားရာ မြန်မာ-တရုတ်နိုင်ငံ နယ်စပ်ဒေသမှာ တရုတ်စစ်တပ်က ဒီကနေ့ပဲ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။
၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲကို ရုရှားကကြားဝင်စွက်ဖက်ခဲ့မှုကို စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကနေ ထွက်ဖို့ အစီအစဉ်မရှိကြောင်း ကော်မတီဥက္ကဋ္ဌ Devin Nunes က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထက်လွှတ်တော်က ပြုလုပ်နေတဲ့ စုံစမ်း စစ်ဆေးမှုတွေအတွက် သမ္မတ Donald Trump ရဲ့ သားမက်လည်းဖြစ်၊ သမ္မတရဲ့ အရေးပါတဲ့ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ Jared Kushner က ထွက်ဆိုဖို့ သဘောတူလိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
Australia နိုင်ငံ အရှေ့မြောက် ကမ်းရိုးတမ်းဘက်ကို အင်အားပြင်း မုန်တိုင်း စတင်ဝင်နေတာနဲ့အတူ ပြည်သူတွေကို အိမ်ပြင်မထွက်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
ရုရှားနိုင်ငံမှာ အဂတိ လိုက်စားမှု ဆန့်ကျင်ရေး လူထု ချီတက်ပွဲမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ အတူ မနေ့က ဖမ်းဆီးခံရတဲ့ အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အီရတ်နိုင်ငံ မိုဆူးမြို.မှာ အရပ်သားတွေ မကြာခင်က သေဆုံးခဲ့ရတာအတွက် “ယူကြုံးမရဝမ်းနည်းစိတ်ထိခိုက်မိတယ်” လို့ အမေရိကန် စစ်တပ်က ထုတ်ပြောလိုက်ပါတယ်။
အိုဘားမား လက်ထက်ကထုတ်ပြန်ခဲ့တဲ့ စက်ရုံထွက် မီးခိုးပမာဏ လျှော့ချရေးအမိန့်ကို အမေရိကန်သမ္မတ ထရမ့်က ဒီသီတင်းပတ်အတွင်း ဖျက်သိမ်းမယ့်အမိန့် ထုတ်ပြန်လိမ့် မယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ EPA အကြီးအကဲက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ပြင် ကမ်းရိုးတန်းတလျှောက် နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ယန္တရားတခုကို တည်ထောင်ဖို့၊ တရုတ် အစိုးရက စနေနေ့တုန်းက တိုက်တွန်းလိုက် ပါတယ်။
ရုရှားနိုင်ငံ တဝှမ်းမှာ အတိုက်အခံ ခေါင်းဆောင် Alexei Navalny ဦးဆောင်တဲ့ အဂတိ လိုက်စားမှု ဆန့်ကျင်ရေးနဲ့ ဝန်ကြီးချုပ် Dmitry Medvedev နုတ်ထွက်ပေးရေး ထောင်နဲ့ချီတဲ့ ရုရှားပြည်သူတွေ လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်