ဟောင်ကောင်ရဲ့ ပထမဆုံးသော အမျိုးသမီး အုပ်ချုပ်ရေးမှူး အဖြစ် Carrie Lam ကို ရွေးကောက်ပွဲ ကော်မတီ က မဲခွဲ ရွေးချယ် လိုက်ပါတယ်။
အီရတ်နိုင်ငံအတွင်းက Mosul မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ကနေ ပြန် လည် သိမ်းပိုက်နိုင်ရေးအတွက် အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေ က လေကြောင်း စစ်ဆင်ရေးတွေ ပြုလုပ်နေတာမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးသွား တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
သမ္မတ Donald Trump က ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို အစားထိုးဖို့ ကြိုးစားမှု မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အခွန်ကောက်ခံရေးဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးဘက်ကို ဦးလှည့်သွားပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟေနန်ပြည်နယ်မှာ ရွှေတွင်းပြိုကြမှုကြောင့် ၈ ယောက်သေဆုံးပြီး၊ ၁ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းအေဂျင်စီက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ရေပြင်မှာ လွန်ခဲ့တဲ့ ၂ နှစ် နီးပါးမှာ နစ်မြုပ်သွားတဲ့ တန် ခြောက်ထောင့် ၈၀၀ အလေးချိန် သင်္ဘောကြီးကို ဆိပ်ကမ်းကို ဆွဲသွားဖို့ ဒီကနေ့ စနေနေ့မှာပဲ တွန်းသင်္ဘောပေါ်ကို အောင်အောင်မြင်မြင် တင်နိုင်ခဲ့ပါပြီ။
ဥရောပ သမဂ္ဂ ထူထောင်မှု နှစ် ၆၀ ပြည့် မြောက်ပြီး အခုအချိန်အထိ ဒီနိုင်ငံပေါင်းစုံ အဖွဲ့အစည်းကြီး အောင်အောင်မြင်မြင် ရပ်တည်နိုင်တာကို အထူးဝမ်းမြောက်ပါကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က Video ကနေ ချီးကျူးဂုဏ်ပြုစကား ပြောကြားသွားပါတယ်။
တရုတ်နိုင်ငံရဲ့ ပိုးလမ်းမကြီး စီမံကိန်းနဲ့ တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့အားပေးမှုတွေနဲ့ အာရှဒေသမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့၊ ပေါင်းစည်းမှုရှိအောင်လုပ်ဖို့ အခွင့်အရေး ပိုရှိနေတယ်လို့ မြန်မာ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားသွားပါတယ်။
အမေရိကန်ပြည်ဝင်ခွင့် Visa လျှောက်ထားကြသူတွေထဲက ဘယ်သူတွေကိုတော့ ပိုပြီး စိစစ်သင့်တယ် ဆိုတာမျိုး သိအောင်လုပ်ဖို့ ကမ္ဘာတဝန်းမှာရှိကြတဲ့ အမေရိကန်သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေကို နိုင်ငံခြားရေးဌာနက မှာကြားထားပါတယ်။
တရုတ် ရေတပ်သင်္ဘောတွေကို မလေးရှားနိုင်ငံက ဝယ်ယူူမယ့်ကိစ္စနဲ့ တရုတ်တို့ရဲ့ ဘယ်လို ကျူးကျော်ရန်စမှု မျိုးကိုမဆို ဆန့်ကျင်ဖို့ မလေးရှား နိုင်ငံဘက်က ကင်းလှည့်မှုတွေ အရှိန်မြင့်လုပ်ဆောင်မယ့် လုပ်ရပ်ဟာ နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ တိုးမြှင့်လာတဲ့ သဘောဖြစ်သလို တရုတ်နဲ့ မလေးရှားတို့ကြား ရှုပ်ထွေးတဲ့ ဆက်ဆံရေးကိုလည်း ထင်ဟပ်စေပါတယ်။
ရီပတ်ဘလစ်ကင်ပါတီက တင်သွင်းမယ့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေကြမ်းအတွက် လုံလောက်တဲ့ မဲအရေအတွက် မရနိုင်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း သိလာရတဲ့ နောက်ပိုင်းမှာတော့ သောကြာနေ့ မဲခွဲဆုံးဖြတ်ရမယ့် အချိန်မတိုင်ခင် ကလေးမှာပဲ ပြန်ပြီး ရုတ်သိမ်းဖို့ ရီပတ်ဘလစ်ကင် ခေါင်းဆောင်တွေကို သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။
အီဂျစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က အာရပ်နွေဦးလှုပ်ရှားမှုနောက်ပိုင်း၊ ၆ နှစ်ကြာ ထောင်နဲ့ဆေးရုံမှာ နေခဲ့ရတဲ့ သမ္မတဟောင်း Hosni Mubarak ကို ပြန်လွှတ်ပေးလိုက်ပါပြီ။ သမ္မတဟောင်းဟာ ဒီကနေ့မှာပဲ စစ်ဆေးရုံတခုကနေ ဆင်းသွားခဲ့တာပါ။
လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို အချက်အလက် ရှာဖွေစုံစမ်းဖို့ နိုင်ငံတကာအဖွဲ့တဖွဲ့ စေလွှတ်ရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီကနေ့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်အတွင်းက လုံခြုံရေးတပ်ဖွဲ့စခန်းတွေကို အကြမ်းဖက်စီးနင်း တိုက်ခိုက်ဖို့နောက်ထပ် ကြံစည်မှုကို တားဆီးလိုက်နိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီက မတ်လ ၂၃ ရက် ကြာသပတေးနေ့မှာ သတင်းထုတ်ပြန် ပါတယ်။
ရုရှားလွှတ်တော်အမတ်ဟောင်း တဦးဖြစ်တဲ့ Denis Voronenkov ဟာ ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ ဒီကနေ့ပဲ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပြီး၊ ရုရှားနိုင်ငံက ခိုင်းစေတဲ့ လူသတ်သမားရဲ့ လက်ချက်ဖြစ်ပုံရကြောင်း ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက ဒေသခံအာဏာပိုင်တွေက၊ သူတို့နယ်မြေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်နက်ကိုင်ဆောင်ထားတာရှိရင် အပ်နှံကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က လွှတ်တော်အနီး မနေ့တုန်းက လူ ၃ ဦးထက်မနည်း သေဆုံးပြီး၊ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တိုက်ခိုက်သူ သေဆုံးသွားတဲ့ အကြမ်းဖက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း IS စစ်သွေးကြွအဖွဲ့က ပြောဆိုလိုက်ပါတယ်။
UNHCR ကုသလမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရှေ့သီတင်းပတ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့အခါ ထိုင်းနိုင်ငံအတွင်း ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို မိမိသဘောဆန္ဒအတိုင်း နေရပ်ပြန်ပို့ပေးရေး၊ တိုင်းပြည်မဲ့ ဖြစ်နေသူတွေကို တရားဝင် နေထိုင်ခွင့်ပြုရေးနဲ့ ပုံမှန်မဟုတ်တဲ့ ရှေ့ပြောင်းနေထိုင်မှု စတဲ့ အကြောင်းအရာတွေကို ဦးစားပေး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်