ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲတွေရဲ့ အစည်းအဝေးကို မတ်လ ၂၁ ရက် အင်္ဂါနေ့မှာ အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ ်လက်ခံကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း တက်ရောက်ခဲ့ပါတယ်။
လန်ဒန်မြို့တော်က ဗြိတိသျှပါလီမန် အနီး ဗုဒ္ဓဟူးနေ့ ညနေ အစောပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှု အဖြစ် အာဏာပိုင်တို့က ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ တိုက်ခိုက်သူလို့ မသင်္ကာရသူနဲ့ ရဲအရာရှိတဦး အပါအဝင် လူအနဲဆုံး ၄ ဦး သေဆုံးကြောင်း စကော့တလန်ယာဒ် ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဗြိတိန်လွှတ်တော် အဆောက်အဦး အပြင်ဘက်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့အတူ လန်ဒန်မြို့ ပါလီမန်အဆောက်အဦးကို လုံခြုံရေးအတွက် ပိတ်ဆို့တားဆီး ထားလိုက်ပါတယ်။
မြောက်ကိုရီးယားက ဒီကနေ့ ဒုံးကျည်စမ်းသပ်တာ မအောင်မြင်ခဲ့ဘူးလို့ အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေ က ပြောပါတယ်။
IS စစ်သွေးကြွတွေ ထုတ်လုပ်မယ့်တဲ့ဗုံးကြောင့် အမေရိကန် အာဏာပိုင်တွေ စိုးရိမ်ပူပန်ရာက အရှေ့ အလယ်ပိုင်းဒေသ ၆ နိုင်ငံကလာမယ့် လေယာဉ်ခရီးစဉ်တွေမှာ၊ အီလက်ထရောနစ်ပစ္စည်း ကြီးကြီးတွေ သယ်ဆောင်ခွင့်မပြုဖို့ တားမြစ်လိုက်တာလို့ အမေရိကန် သတင်းတွေ မှာ ဖော်ပြနေကြ ပါတယ်။
တောင်ကိုရီးယားမှာတော့ ရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ သမ္မတ Park Geun-hye ဒီနေ့ တရားရုံးမှာ လာဘ်စားမှုနဲ့ စစ်ဆေးခံခဲ့ရပြီးပြည်သူတွေကို ပထမဆုံး တောင်းပန် လိုက်ပါတယ်။
အရှေ့တောင်အာရှ ဒေသက တက္ကစီအငှားကားဝန်ဆောင်မှု လုပ်ငန်းတွေမှာ နာမည်ကျော် Uber ကုမ္ပဏီနဲ့ အဓိကပြိုင်ဖက်ဖြစ်တဲ့ Grab ကုမ္ပဏီက မြန်မာနိုင်ငံမှာ ဒီကနေ့ပဲ လုပ်ငန်းတွေ စတင်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ဖို့ သမ္မတ Donald Trump က အမည်တင်သွင်းထားတဲ့ Colorado ပြည်နယ်ရဲ့ ဗဟိုအစိုးရ အယူခံတရားရုံး တရားသူကြီး Neil Gorsuch က ဥပဒေရေးရာမှာ လုပ်ပိုင်ခွင့် ပိုမိုရရှိဖို့ လှုပ်ရှားမှုတွေကို ဆန့်ကျင်ကြောင်း ထွက်ဆိုလိုက်ခြင်းအားဖြင့် သူ့ရဲ့ ရှေးရိုးစွဲ အယူအဆတွေဘက် ယိမ်းတဲ့ ခံယူချက်တွေကို သူ့ကို ရာထူးခန့်ထားရေး တနင်္လာနေ့က ကျင်းပတဲ့ အထက်လွှတ်တော် ကော်မရှင် ပထမနေ့ ကြားနာပွဲမှာ သိသာစေခဲ့ပါတယ်။
အမေရိကန် အရင်းရှင်စံနစ်နဲ့အတူ ဒွန်တွဲ တည်ရှိခဲ့တဲ့ ဘီလီယံနာ ပရဟိတအလှုရှင် သူဌေးကြီး David Rockefeller ဟာ တနင်္လာနေ့က အိပ်ပျော်စဉ်အတွင်း ကွယ်လွန်သွားပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၁၀၁ နှစ် ရှိပြီဖြစ်ပါတယ်။
အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာပြည်သူတွေကြားမှ ရင်းနှီးမှု ပိုပြီးခိုင်မာဖို့ နဲ့ ယဉ်ကျေးမှုဖလှယ်ဖို့အတွက် အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေးသင်္ဘော USNS Fall River (T-EPF-4) သင်္ဘောဟာ ရန်ကုန်ဆိပ်ကမ်းကို ဒီကနေ့ မတ်လ ၂၁ ရက် အင်္ဂါနေ့မှာ ရောက်လာမှာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရဖို့ သူ့မဲဆွယ်စည်းရုံးရေးအဖွဲ့တွေနဲ့ ရုရှားတို့ ချိတ်ဆက်လုပ်ကိုင်မှုရှိခဲ့တယ်ဆိုတဲ့ ဘယ်လိုပြောဆိုချက်မျိုးမဆို ရွေးကောက်ပွဲရှုံးသွားတဲ့ ဒီမိုကရက်တွေရဲ့ လုပ်ကြံပြောဆိုမှုသာဖြစ်တယ်လို့ သမ္မတ Trump ကဒီကနေ့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ အီရတ်ဝန်ကြီးချုပ် Haider al-Abadi ကို ဒီကနေ့ တနင်္လာနေ့မှာ လက်ခံတွေ့ဆုံဖို့ရှိပြီး ဆွေးနွေးပွဲမှာ အီရတ်နိုင်ငံမြောက်ပိုင်းက မိုဆူးလ်းမြို့ကို IS စစ်သွေးကြွတွေလက်က ပြန်သိမ်းတဲ့ စစ်ဆင်ရေးအကြောင်းလည်း ပြောမယ်လို့ ခန့်မှန်းရပါတယ်။
မနေ့ညက နေပြည်တော်ကိုရောက်လာတဲ့ သမ္မတ Rodrigo Duterte ဟာ သမ္မတ ဦးထင်ကျော် ၊ အဲဒီနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ တွေ့ဆုံ ဆွေးနွေးပြီး ရခိုင်ဒေသအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအနေနဲ့ ဒေါ်လာ ၃ သိန်း လှူဒါန်းပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ပိုပြီးအားကြီးတဲ့ ဒုံးအင်ဂျင်သစ်တခုကို စမ်းသပ်လိုက်တယ်လို့ မြောက်ကိုရီးယားအစိုးရသတင်းအေဂျင်စီ KCNA က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ဟာ အမေရိကန်သမ္မတ Donald Trump နဲ့ အိမ်ဖြူတော်မှာ သောကြာနေ့က တွေ့ဆုံ ပြီး၊ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) တောင့်တင်းခိုင်မာရေး၊ ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က လေဆိပ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်သားတဦးထံက ရိုင်ဖယ်သေနတ်ကို လုယူဖို့ ကြိုးစားသူ တဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောဆိုခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ပထမဆုံး အာရှခရီးစဉ်အဖြစ် တရုတ်နိုင်ငံကိုရောက်ရှိနေပြီး မြောက်ကိုးရီးယားနိုင်ငံရဲ့ အငြင်းပွါးစရာ နျူကလီးယားနဲ့ ဒုံးကျဉ်အစီအစဉ်တွေကို အာရုံစိုက်ဆွေးနွေးခဲ့ပါတယ်။
နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မထင်မှတ်ပဲ Trump အနိုင်ရလိုက်ချိန်ကစပြီး၊ အနောက်နိုင်ငံတွေကြား ကမ္ဘာ့သြဇာ အကြီးဆုံး နိုင်ငံကြီး ၂ နိုင်ငံက ခေါင်းဆောင် ၂ ဦး ပထမဆုံး အကြိမ်အဖြစ် လူကိုယ်တိုင်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
မတ်လ ၁၇ ရက် သောကြာနေ့တုန်းက အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီမှာ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပါတ်သက်လို့ကြားနာပွဲ လုပ်ခဲ့တာမှာ ကော်မတီဥက္ကဋ္ဌ California ပြည်နယ်က Republican အမတ် Ed Royce ကအမေရိကန်နဲ့ မြန်မာဆက်ဆံရေးမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးကိစ္စကို ဦးစားပေးသင့်တယ်လို့ ပြောလိုက်ပါတယ်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်တွင်း ၂၀၁၆ အောက်တိုဘာလ အကြမ်းဖက်မှုဖြစ်ပွါးခဲ့ပြီး နောက်ပိုင်း စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ ပါတ်သက်တဲ့ အခြေနေတွေကို သောကြာနေ့က ဆွေးနွေးခဲ့တာ ဖြစ်ပြီး ဆွေးနွေးပွဲ အပြီးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကြေညာချက်နဲ့ ပတ်သက်ပြီး ရုရှားနဲ့တရုတ်နိုင်ငံတွေက ကန့်ကွက်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်