ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နဲ့ အမေရိကန်သမ္မတ Donald Trump တို့ ဒီကနေ့ ဝါရှင်တန်မြို့တော်က သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံကြဖို့ရှိပါတယ်။ အစတုန်းကတော့ ခေါင်းဆောင်နှစ်ဦး ဒီသီတင်းပတ်အစောပိုင်းမှာ တွေ့ဖို့ စီစဉ်ခဲ့ကြတာပါ။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု အရှေ့ခြမ်းမှာ နှင်းမုန်တိုင်း ကျရောက်ခဲ့တာကြောင့် သူတို့တွေ့ဆုံမယ့်အစီအစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသမှာ ကမ္ဘာ့ဘဏ်က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် မြေယာသိမ်းဆည်းမှု၊ အတင်းအဓမ္မပြောင်းရွှေ့ခံရမှု၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ နိုင်ငံတကာအဖွဲ့ဖြစ်တဲ့ Inclusive Development International ရဲ့ အစီရင်ခံစာသစ်က သတိပေးလိုက်ပါတယ်။
မြောက်ကိုးရီးယားအပေါ် မဟာဗျူဟာကျကျ စိတ်ရှည်သီးခံပေးတဲ့ မူဝါဒတွေ အဆုံးသတ်သွားပြီဖြစ် တာကြောင့်၊ စစ်ရေးအရ အရေးယူဖို့ နည်းလမ်းသာ ကျန်တော့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump အဆိုပြုတဲ့ ရသုံးမှန်းခြေ ဘတ်ဂျက်မှာ နိုင်ငံခြားရေးဌာနရဲ့ဘတ်ဂျက်တော်တော်များများ ဖြတ်တောက်ထားတဲ့အပေါ် သူ့အနေနဲ့ လက်ခံမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ တောင်းဆိုထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး မစ္စတာဂိုချောက်တောင်ကို နေပြည်တော်မှာ မနေ့ ကြာသပတေးနေ့မနက်က လက်ခံတွေ့ဆုံပြီး နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုကို ဝင်ရောက်လာမယ့်သူတွေကို ကန့်သတ်ဖို့ ဒုတိယအကြိမ်အဖြစ် ကြိုးပမ်းခဲ့တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်ကို ပြည်ထောင်စု တရားရုံး ၂ ရုံးက ယာယီဆိုင်းငံ့လိုက်ပါတယ်။
မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး လာရောက်ခဲ့တဲ့ စင်္ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး မစ္စတာ Goh Chok Tong ဟာ နေပြည်တော်ကို အင်္ဂါနေ့က ရောက်ရှိခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်နဲ့ရော တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ပိုများလာနေချိန်မှာပဲ၊ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးပို့နိုင်ရေး အာဏာပိုင်တွေက ကန့်သတ်မှုတွေ ရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ Kim Jon Nam ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ဖအေတူ မအေကွဲ အကိုဖြစ်ကြောင်း DNA မျိုးဗီဇနဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြုနိုင်ခဲ့ကြောင်း မလေးရှား အစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။
Obamacare ဥပဒေ ကို အစားထိုးဖို့ Republican ပါတီက အဆိုပြုထားတဲ့ အစီအစဉ်ကို လွှတ်တော်က အတည်ပြုလိုက်မယ် ဆိုရင် လာမယ့်နှစ်အတွင်း လူပေါင်း ၁၄ သန်းလောက် ကျန်းမာရေး စောင့်ရှောက်မှု ဆုံးရှုံးကြလိမ့်မယ်လို့ CBO ရုံးက ပြောဆိုလိုက်ပါတယ်။
စကာၤပူ ဝါရင့်ဝန်ကြီး Goh Chok Tong မြန်မာနိုင်ငံ ၃ ရက်ကြာ ခရီးစဉ်ကို ဒီကနေ့ စတင်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလတုန်းက အခုသမ္မတ Donald Trump နေတဲ့ New York မြို့က Trump Tower ရဲ့ဖုန်းတွေကို အဲဒီအချိန်ကသမ္မတ Barack Obama ကကြားဖြတ်ခိုးနားထောင်တယ်လို့ သမ္မတ Trump စွပ်စွဲခဲ့တာနဲ့ပါတ်သက်လို့ လွှတ်တော်စုံစမ်းရေး ကော်မတီတွေက အထောက်အထားပေးဖို့တောင်းဆိုထားတာကို အချိန်ထပ်ပေးဖို့ တရားရေးဌာနက တောင်းဆိုလိုက်ပါတယ်။
နွေဦးပေါက်ရာသီမရောက်ခင် သီတင်းတပတ်ကျော်မှာ အရှေ့ဘက်ကမ်းခြေတလျှောက် အင်အားကြီး နှင်းမုန်တိုင်းဟာ တနင်္လာနေ့နှောင်းပိုင်း စတင်ပြီး အရှေ့မြောက်ပိုင်းကို ဖြတ်ကာ အင်္ဂါနေ့အထိ ကျရောက်နိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက သတင်း ထုတ်ပြန်ပါတယ်။
သမ္မတ Trump နဲ့ ဂျာမနီဝန်ကြီးချုပ်တို့ အင်္ဂါနေ့မှာ တေ့ွဆုံကြဖို့ စီစဉ်ထားပေမဲ့ ဝါရှင်တန်မြို့တော်ကို နှင်းမုန်တိုင်းဝင်နေတဲ့အတွက် တွေ့ဆုံပွဲကို သောကြာနေ့ကို ရွှေ့ဆိုင်းထားရပါတယ်။
မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ၅.၁ ရှိတဲ့ ငလျင်တခု မနေ့ည ၈ နာရီ ၅၀ ဝန်းကျင်က လှုပ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် ဆိုးရွားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ထားတဲ့အတွက် The Hague မြို့အခြေစိုက် နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC မှာ တရားစွဲ စစ်ဆေးဖို့ နိုင်ငံတကာ ကျွမ်းကျင်သူ အစုတစုက တောင်းဆိုနေပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ ဒီသတင်းပတ်မှာ အာရှဒေသကို ခရီးထွက်ခွာမှာ ဖြစ်ပြီး တိုကျို၊ ဆိုးလ်နဲ့ ဘေဂျင်းမြို့တော်တွေကို သွားရောက်မှာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဒီသီတင်းပတ်ထဲမှာပဲ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို အမေရိကန် ထိပ်တန်း သံတမန်တဦး အနေနဲ့ ပထမဆုံး အကြိမ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ကာလအတွင်း နယူးရောက်မြို့က Trump tower မှာ သူရဲ့ ဖုန်းစကားပြောဆိုမှုတွေကို ကြားဖြတ်နားထောင်ခဲ့တယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေကို ဒီကနေ့ တနင်္လာနေ့မှာ သူတို့ ကော်မတီကို ပေးပို့ဖို့ အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက သမ္မတ Donald Trump ကို တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်