ဘရာဇီးတိုက်စစ်မှူး နေမားကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လအနည်းငယ် ဘောလုံးကစားတာကနေ နားရမှာဖြစ်ပါတယ်။ ဆားဘီးယားနိုင်ငံသား ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား နိုဘက်ဂျိုကိုဗစ်ချ် Indian Wells Open တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
Dany Bill ဟာ ကင်မရွန်းနွယ်ဖွား မွေထိုင်း ထိုင်းရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ်ရဖူးသူဖြစ်ပါတယ်။ သူဟာ မကြာသေးခင်ကပဲ Los Angeles မြို့ကို လာရောက်ခဲ့ပြီးတော့ အာဖရိကတိုက်က လူငယ်တွေကို အားကစားလေ့ကျင့်ပေးနေတဲ့ သူရဲ့ ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေတွေရှာဖွေ ခဲ့ပါတယ်။ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်
ကမ္ဘာ့အဆင့် ၁ တင်းနစ် ကစားသမား နိုဘက် ဂျိုကိုဗစ်ချ် နောက်ထပ် စံချိန်သစ်တခု ထပ်တင်လိုက်တာ အပါအဝင် မန်ချက်စတာယူနိုက်တက်အသင်း ပထမဆုံးအကြိမ် ဆုဖလားရရှိလိုက်တာနဲ့ တောင်ကိုရီးယားအသင်းကလာမယ့် ကမ္ဘာ့ဖလားပွဲအတွက် ဘယ်သူ့ကို နည်းပြခန့်လိုက်သလဲ စတာတွေကို ဒီတပတ် အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုအတွက် Messi, Mbappe နဲ့ Benzema တို့ ၃ ဦးကို ဆန်ခါတင် ရွေးချယ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အကောင်းဆုံးဘောလုံးသမားဆုကို ချီးမြှင့်သွားမှာဖြစ်ပြီးအခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆုကို ဘယ်သူရမှာလဲ၊ကိုရန်နိုင်က တင်ဆက်ထားပါတယ်။
စပိန်နိုင်ငံက ရီးယဲလ်မက်ဒရစ်အသင်းကတော့ FIFA ကမ္ဘာ့ကလပ်ချန်ပီယံဖလားကို ဗိုလ်စွဲပြီး အများဆုံးစံချိန်တင်လိုက်ပါတယ်။ ကာတာနိုင်ငံကတော့ ကမ္ဘာ့ဖလားပွဲတုန်းက အသုံးပြုခဲ့တဲ့အိမ်တွေကို တူရကီ နဲ့ ဆီးရီးယားနိုင်ငံက ငလျင်ဒဏ်ခံလိုက်ရတဲ့သူတွေအတွက် လှူဒါန်းလိုက်ပါတယ်။ ကိုရန်နိုင်က အခုတပတ်မှာ စုစည်းတင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒီဇယ်ပေပါ ၃ ထောင်ကျော် တင်ဆောင်လာတဲ့ စက်လှေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရယူခဲ့ပါတယ်။ ဒီစက်လှေကျန်ခဲ့တဲ့နားက ရွာတွေကို စစ်တပ်က ရှင်းလင်းတာမှာ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ စတင်ဖွဲ့စည်းခဲ့တာ ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ မတရားတဲ့ အမိန့်အာဏာတွေနဲ့စစ်အုပ်ချုပ်ရေး ကြေငြာတာကို ဆက်ပြီးတော့ ဆန့်ကျင်တော်လှန်သွားမယ်လို့ ဆန္ဒပြတဲ့ သူတွေက ပြောပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ မန်ချက်စတာစီးတီးအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းချိုးဖောက်မှု အရှုပ်တော်ပုံတွေ နဲ့ ပတ်သက်ပြီး ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ရုရှားရဲ့ကျူးကျော်စစ်ကို ခုခံကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံကို Abrams တင့်ကား ၃၀ ကျော်ပေးမယ့်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပါတယ်။ VOA အကြီးတန်း သတင်းထောက် Cindy Saine သတင်းပေးပို့ထားထာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်း အပါအဝင် နိုင်ငံတဝန်း ပြည်နယ်တိုင်းအသီးသီးက မြို့နယ် ၄၀ နီးပါးကို စစ်အုပ်ချုပ်ရေးကြေငြာတယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံအေးချမ်းရေးအတွက် လုပ်တာပါလို့ ပြောပေမဲ့ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေနဲ့ သုံးသပ်သူတွေက ပြောပါတယ်။
သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာတော့ နိုဘက်ဂျိုကိုဗစ်ချ် ဗိုလ်စွဲပြီး နဒါးလ်ရဲ့စံချိန်နဲ့ တူသွားပြီး၊ အမျိုးသမီးတွေဘက်မှာတော့ ချန်ပီယံသစ်တယောက်ပေါ်ထွက်လာခဲ့တဲ့အကြောင်းတွေကို အခုတပတ် အားကစားကဏ္ဍမှာ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
ဘောလုံးသမား အပြောင်းအရွှေ့ကိစ္စတွေမှာ မမှန်မကန်လုပ်တာတွေကြောင့် အီတလီက နာမည်ကြီး ဂျူဗင်တပ်အသင်းကို ၁၅ မှတ် လျှော့လိုက်ပါတယ်။ အက်တလက်တီကို မက်ဒရစ်အသင်းကတော့ နယ်သာလန်တိုက်စစ်မှူးကိုကို ပေါင် ၃ သန်း နဲ့ ဝယ်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပတဲ့ MMA ပြိုင်ပွဲမှာတော့ ကချင်တိုင်းရင်းသား အောင်လအန်ဆန် အနိုင်ရသွားပါတယ်။ AFF ဖလားဘောလုံးပွဲမှာတော့ ထိုင်းအသင်း ချန်ပီယံဖြစ်သွားပါပြီ။ ပရီမီယာလိဂ်ရာသီတဝက်ကျိုးချိန်မှာ ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်မလဲဆိုတဲ့ သုံးသပ်ချက်တွေကို ကိုရန်နိုင်က အခုတပတ်အားကစားကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။
“ကျနော်တို့ စမ်းချောင်းဘက်မှာတော့ ၄ နာရီပျက်တယ်၊ ပထမရက်ဆို မနက် ၉ နာရီကနေ နေ့လည် ၁ နာရီအထိ ပျက်တာပါ။ ဒုတိယရက်မှာ နေ့လယ် ၁ နာရီကနေ ၅ နာရီအထိ ပျက်တယ်။ တော်တော်များများ ကျနော်တို့ သိသမျှ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့မြောက်ဥက္ကလာ ဘက်တွေမှာလည်း အဲဒီအတိုင်းပဲ ပျက်တယ်။” (ရန်ကုန်သား)
ဒီတပတ်အားကစားကဏ္ဍမှာတော့ ဝေးလ်စ် အသင်းက ကမ္ဘာကျော်ဘောလုံးသမား ဂါးရပ်ဘေလ်း ဘောလုံးကစားတာကနေ အနားယူသွားတာနဲ့ လာမယ့် သြစတြေးလျအိုးပင်းမှာ ဘယ်တွေ ပါဝင်မယ် မပါဝင်ဘူးဆိုတာတွေနဲ့ပတ်သက်ပြီး ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဝ ၊ မိုင်းလားနဲ့ ရှမ်းမြောက် လက်နက်ကိုင်အဖွဲ့တို့က ကိုယ်စားလှယ်တွေ ဒုတိယနေ့ ဆွေးနွေးရာမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စတွေ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ဝနဲ့ မိုင်းလားဒေသမှာတော့ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ ဆွေးနွေးပွဲ တက်ရောက်သူတဦးက ပြောပါတယ်။
ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲသွားတာ၊ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ရုရှားနိုင်ငံကို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကနေ အရေးယူလိုက်တာ အပါအဝင် ၂၀၂၂ ခုနှစ်အတွင်း အားကစားလောက အတွင်းက အထင်ကရ အဖြစ်အပျက်တွေကို စုစည်းပြီးတော့ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားဘောလုံးပွဲမှာ အာဂျင်တီးနားအသင်း အနိုင်ရပြီးတော့ ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ရရှိသွားပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားကတော့ ပြင်သစ်လက်ရွေးစင်အသင်းကနေ အနားယူပြီလိုက်ကြေငြာလိုက်ပါတယ်။ ဒီလိုတပတ် အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားမှာ လက်ရှိကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကချန်ပီယံ အာဂျင်တီးနားတို့ ဗိုလ်လုကြမှာပါ။ ဒီပွဲဟာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာဖလားပွဲဖြစ်တာကြောင့် အားလုံး စိတ်ဝင်စားနေတာပါ။ ကမ္ဘာကျော်ဘောလုံးသမားတွေ၊ ဘောလုံးကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်ကို ကိုရန်နိုင်ကတင်ပြထားပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား နောက်ဆုံးဖိုင်နယ်ကိုတော့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီနေ့ တနင်္ဂနွေ့နေ့ညမှာ ကစားကြမှာဖြစ်ပြီး လက်ရှိကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကချန်ပီယံ အာဂျင်တီးနားတို့ ဗိုလ်လုကြမှာပါ။ ဝါသနာရှင်တွေရဲ့ ခန့်မှန်းချက်တွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်