တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ပွဲမှာ Moon Jae-in အနိုင်ရရှိသွားပါပြီ။ ရွေးကောက်ခံသမ္မတ Moon Jae-in ဦးဆောင်မယ့် အစိုးရသစ်အနေနဲ့ မြောက်ကိုရီးယား အရေးကိစ္စ ကိုင်တွယ်ရေး၊ ဒုံးလက်နက်ရန် ကာကွယ်ရေးနဲ့ ပတ်သက်လို့ အင်အားကြီးမားတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ပြေလည်အောင် ဆောင်ရွက်ရေး စတဲ့ စိန်ခေါ်မှုတွကို ရင်ဆိုင်ရနိုင်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လူငယ်ခေါင်းဆောင်များ
မကြာခင်ကျင်းပတော့မယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်ဖို့မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကပြောနေကြပါတယ်။
ပြင်သစ်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျင်းပနေပြီးဖြစ်ပေမယ့် ဘယ်သူအနိုင်ရမလဲဆိုတာတော့ မသေချာသေးပါဘူး။ ရွေးကောက်ပွဲ မကျင်းပခင်နောက်ဆုံးအချိန်အထိ ပြည်သူအတော်များများကတော့ ဘယ်သူ့ကို မဲပေးကြမလဲဆိုတာကို ဆုံးဖြတ်ချက်မချကြရသေးဘူးလို့ပြောကြပါတယ်။
Donald Trump သမ္မတသက်တမ်း ရက်တစ်ရာ ပြည့်တဲ့အချိန်က သူဆက်လက်အကောင်အထည်ဖော်နေဆဲ နိုင်ငံခြားရေးမူဝါဒတွေရဲ့ သက်ရောက်မှုတွေအပေါ် အငြင်းပွားစရာတွေ၊ နိုင်ငံတကာတင်းမာမှုတွေ ဖြစ်နေတဲ့အချိန်ဖြစ်ပြီး အစောပိုင်းဆောင်ရွက်ချက်တွေအပေါ် ပြင်းထန်တဲ့ဝေဖန်မှုတွေရှိနေပါတယ်။ Peter Heinlein ရဲ့ သတင်းကိုရှားဖောင်ကတင်ပြပေးပါမယ်။
ကမ္ဘာတဝှမ်း သတင်းလွပ်လပ်ခွင့်အခြေအနေဟာ မကြုံစဖူး အနိမ့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ မီဒီယာလွပ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်အထိ ကျဆင်းသွားပါလဲ။ Bill Gallo သတင်းပေးပို့ထားတာကို ရှားဖောင်က တင်ပြထားပါတယ်။
သမ္မတ Donald Trump ဟာ သူ့အပေါ် သဘောကျတယ်၊ မကျဘူးဆိုတဲ့ ပြင်းပြတဲ့ သဘောထား ခံစားမှုတွေကို ဖန်တီးပေးသူတယောက်ပါ။ သူ့ရဲ့ သမ္မတ သက်တမ်း ရက်ပေါင်း တစ်ရာ ပြည့်တဲ့အချိန်ဟာ သူဆက်လက်အကောင်အထည်ဖော်နေဆဲ နိုင်ငံခြားရေးမူဝါဒတွေရဲ့ သက်ရောက်မှုတွေအပေါ် အငြင်းပွားစရာတွေ၊ နိုင်ငံတကာ တင်းမာမှုတွေ ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးရေး နိုင်ငံတကာကြိုးပမ်းမှု
နှစ်စဉ်နှစ်တိုင်းလိုလို ဥရောပသမဂ္ဂအတွင်းက မြို့နှစ်မြို့ကို ဥရောပရဲ့ယဉ်ကျေးမှုမြို့တော်အဖြစ် အမည်ပေးလေ့ရှိပါတယ်။ Aarhus မြို့ယဉ်ကျေးမှုပြပွဲအတွင်းက မတူကွဲပြားတဲ့ အမျိုးသမီးတွေရဲ့ဘဝကို သရုပ်ဖော်ထားတဲ့ ကျောက်ဆစ် ပန်းပု ရုပ်ထုလက်ရာတွေအကြောင်း Faiza Elmasry သတင်းပေးပို့ထားတာကို ရှားဖောင် က ပြောပြပေးပါမယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက လောက်ကိုင်မြို့နဲ့အနီးအနားတဝိုက်မှာ ပြန်လည် စတင်ဖြစ်ပွားတဲ့ တိုက်တွေပွဲကြောင့် တရုတ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးဝင်ရောက်သွားတဲ့ ဒုက္ခသည် ၂ သောင်းကျော်ရှိနေပြီလို့ တရုတ်အစိုးရက ပြောပါတယ်။
အာဖဂန် အမျိုးသမီးများနဲ့ တရုတ်ရိုးရာ ဝူရှုးသိုင်း
အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ်အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်တွေမှာ လူဖြူတွေကိုသာ ပြသလေ့ရှိပြီး တခါတရံကျမှ ဌာနေတိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို ပြသလေ့ရှိပါတယ်။ အိုကလာဟိုးမား သမိုင်းကိုအခြေခံတဲ့ အခန်းဆက် မှတ်တမ်းရုပ်ရှင်အကြောင်း Zlatica Hoke ရဲ့သတင်းလွှာကို ရှားဖေါင်က တင်ပြထားပါတယ်။
နယူးယောက်မြို့ဖက်ရှင်သတင်းပတ်ပြပွဲမှာတော့ ဒီဇိုင်နာတွေကအဝတ်အထည်တွေကို သုံးပြီး နိုင်ငံရေးအရ ထုတ်ဖော်ခဲ့ကြပါတယ်။ အင်ဒိုနီးရှား ဒီဇိုင်နာ အာနီရှာ ဟာရှီဘူဝမ် က သူ့တို့ရဲ့ နဂို မူလ ဝတ်ဆင်မှုတွေနဲ့ ကိုယ့် ယုံကြည်ချက်ကိုထုတ်ဖေါ်တဲ့အကြောင်း Tina Trinh ပေးပို့ထားတဲ့ သတင်းကို ရှားဖောင် က ပြောပြပေးပါမယ်။
NLD ပါတီရဲ့ ဥပဒေအကြံပေးရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှု မှာ နောက်ကွယ် ကနေ ငွေပေးစေခိုင်းသူဟာ ဒုတိယ ဗိုလ်မှုးကြီးဟောင်း တဦးဖြစ်တယ် ဆိုတဲ့ တရားခံ လို့စွပ်စွဲခံရသူ ထွက်ချက်ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။
“အကူအညီလိုအပ်တဲ့သူတွေအားလုံး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဆီကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ မျှမျှတတ ပေးဝေနိုင်အောင် ကျနော်တို့ စေတနာ့ဝန်ထမ်းတွေအတူတကွ ဒီကိုလာပြီး အကူအညီတွေ ပေးရတာဖြစ်ပါတယ်။”
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ငါးဖမ်းကြတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတွေကို မြန်မာရေတပ်ဘက်က ခြိမ်းခြောက်ပစ်ခတ်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
သမ္မတ Trump နဲ့ စီးပွားရေးအလားအလာ
ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့ အထိဖြစ်နိုင်တယ်လို့ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်းက မှတ်တမ်းမဲ့ ရွှေ့ပြောင်းလာသူတွေနေထိုင်ခွင့်ရှိတဲ့ မြို့ကြီးတွေမှာ သူတို့နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် နယ်စပ်မြို့ Chula Vista မြို့က ကျောင်းလေးအကြောင်း Ramon Taylor ရဲ့ သတင်းပေးပို့ချက်ကို ရှားဖေါင်က တင်ပြပါလိမ့်မယ်။
ဗြိတိန်ဝန်ကြီးချုပ် Theresa May ဟာ မနက်ဖြန်မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး သမ္မတသစ် Donald Trump နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ သမိုင်းအစဉ်အဆက် မဟာမိတ်တွေဖြစ်ကြတဲ့ အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးအကြောင်း Luis Ramirez လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကို ရှားဖောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်