ဆော်ဒီအာရေးဗီးယားက ရေနံလုပ်ငန်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အီရန်အပေါ် အပြစ်ဖို့နေပေမဲ့ အီရန်နဲ့ အမေရိကန်အကြား တင်းမာမှုကို သံတမန်ရေးအရ အဖြေရှာနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mke Pompeo က ပြောပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပေးပါမယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု ကြုံခဲ့ရပြီးတဲ့နောက် ကမ္ဘာတဝှမ်းက အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေ နိုင်ငံထဲဝင်မလာနိုင်အောင် အမေရိကန်အစိုးရက တားဆီးတာ၊ စောင့်ကြည့်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ဒီအပေါ် ဝေဖန်မှုတွေလည်းရှိပါတယ်။ Saba Shah Khan ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
အာဖဂန်နစ္စတန်မှာ တာလီဘန်အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်ကျုးလွန်နေတဲ့အတွက် အမေရိကန် နဲ့ တာလီဘန်အကြား ငြိမ်းချမ်းရေး စေ့စပ်ညှိ့နိုင်းမှုတွေကို ဖျက်သိမ်းလိုက်တဲ့အကြောင်း သမ္မတ Donald Trump က ကြေညာပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပေးပါမယ်။
အမေရိကန် ပြည်ထောင်စုမှာ လူတွေ အစုလိုက် ပစ်ခတ် တိုက်ခိုက်ခံရတာတွေ ပိုများလာပေမယ့် သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ဆိုရင်၊ နိုင်ငံရေးသမားတွေ တွန့်ဆုတ်နေကြပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ကွန်ပျူတာသုံး မြန်မာဘာသာစကား ဖတ်ရှုရေးသားရာမှာ လာမယ့်အောက်တိုဘာ ၁ ရက်ကစပြီး ယူနီကုဒ်စနစ်ကို တပြိုင်တည်း ကူးပြောင်းနိုင်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ သိပ်မကြာခင်က အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ မန္တလေး Alpha Info Tech ကုမ္ပဏီရဲ့ အကြီးအကဲ ဦးရဲမြတ်သူကို VOA က ဦးသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
ရီပတ်ဗလစ်ကန် ပါတီ အောက်လွှတ်တော်အမတ်ဟောင်းတဦးဖြစ်တဲ့ Joe Walsh က ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီတွင်း သမ္မတလောင်းအဖြစ် သမ္မတ Donald Trump ကို ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်ပါတယ်။ VOA သတင်းထောက် Elizabeth Cherneff ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
တရုတ်က သွင်းကုန် ဒေါ်လာ သန်းဘီလျံ ၃၀၀ ဘိုး ကုန်တွေကို အခွန်တိုးကောက်မယ်လို့ ကြေညာပြီး မကြာခင်မှာ ကမ္ဘာ့ အစုရှယ်ယာဈေးတွေ ထိုးကျပြီး၊ စီးပွားရေး ဆုတ်ယုတ်မှုတွေ ရင်ဆိုင်ရနိုင်ခြေ ရှိနေပြီဆိုတဲ့ စီးပွားရေးပညာရှင်တွေရဲ့ သတိပေးချက် ထွက်လာပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
Texas နဲ့ Ohio ပြည်နယ်တွေမှာ ပြီးခဲ့တဲ့အပတ်က လူအုပ်ထဲ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီ သေနတ်ကိုင် အကြမ်းဖက်မှု ကိစ္စက အမေရိကန် နိုင်ငံရေး အခြေအတင်ငြင်းခုံမှုတွေအပေါ် လွှမ်းမိုးနေပါတယ်။ VOA သတင်းထောက် Mike O'Sulivan ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ လူ ၃၁ ယောက်သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ သတင်းပတ်ကုန် သေနတ်ကိုင် ပစ်ခတ်မှု ၂ ခု အပြီး အလားတူ အကြမ်းဖက်မှုတွေ နောင်မကြုံရအောင် ဘယ်လို ဟန့်တားမလဲ မေးခွန်းထုတ်လာကြပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ကုန်က သေနတ်ကိုင်ပစ်ခတ်မှုတွေ သီးခြားစီ ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၃၁ ယောက် ရှိသွားပြီဖြစ်တဲ့ Ohio ပြည်နယ် Dayton မြို့နဲ့၊ Texas ပြည်နယ် El Paso မြို့တွေကို သမ္မတ Donald Trump ဒီနေ့ သွားရောက်ပါလိမ့်မယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က Ohio ပြည်နယ် Dayton မြို့နဲ့ Texas ပြည်နယ် El Paso မြို့ကြီးတွေမှာ ဖြစ်ပွားတဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် ဒီနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ အလားတူ အကြမ်းဖက်တိုက်ခိုက်မှု အကြိမ် ၂၅၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
သမ္မတကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလေ့ရှိတဲ့ မေရီလန်းပြည်နယ် အောက်လွှတ်တော်အမတ် Elijah Cummings ကို ထိုးနှက်တဲ့ အကြောင်းအရာတွေ သမ္မတ Donlad Trump က တွစ်တာ လူမှုကွန်ယက်မှာ ဆက်တိုက်ရေးသားနေပါတယ်။ VOA သတင်းထောက် Elizabeth Cherneff သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
ဒီမိုကရက်ပါတီက လူဖြူမဟုတ်တဲ့ ကွန်ဂရက်စ်လွှတ်တော် အမျိုးသမီးအမတ် ၄ ယောက်ဟာ အမေရိကန်ပြည်ထောင်စုကို တကယ်ချစ်နိုင် တဲ့သူတွေ မဟုတ်ဘူးဆိုပြီး သမ္မတ Donald Trump က ထပ်မံထိုးနှက် ဝေဖန်လိုက်ပါတယ်။ Arash Arabasadi ရဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
အမေရိကန် နယ်ခြား ထိန်းသိမ်းရေးစခန်းတွေမှာ ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းထားတဲ့ အခြေအနေဟာ သိပ်ကို ဆိုးနေတယ်ဆိုပြီး ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သမ္မတ Trump အစိုးရ အတွင်းမှာရော၊ အတိုက်အခံ ဒီမိုကရက်တွေနဲ့ပါ သဘောထား ကွဲလွဲနေကြပါတယ်။ Marcus Harton ရဲ့ သတင်းလွှကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
လစ်ဗျားနိုင်ငံက ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းထားတဲ့ စခန်း ပြီးခဲ့တဲ့ သတင်းပတ်က ဗုံးကျဲတိုက်ခိုက်ခံခဲ့ရ တဲ့အတွက် အရပ်သား ငါးဆယ်ကျော်သေဆုံးပြီး အနည်းဆုံး ၁၃၀ လောက် ထိခိုက်ဒဏ်ရာခဲ့တာကြောင့် ဒီတိုက်ခိုက်မှုအပေါ် ကမ္ဘာတဝှမ်းက အစိုးရတွေ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချနေကြပါတယ်။
အမေရိကန် မက္ကဆီကိုနယ်ခြားက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းရေးစခန်းတွေမှာ ကောင်းကောင်းမွန်မွန်ထားဖို့၊ စောင့်ရှောက်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တောင်းဆိုကြပါတယ်။ VOA သတင်းထောက် Marcus Harton ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဒီနှစ် ၂၄၃ ကြိမ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားကတော့ ပြင်ဆင်မှု ပုံရိပ်တွေပါ။ အရင်အစဉ်အလာပုံစံကနေ ကွဲထွက်ပြီး လင်ကွန်းအမှတ်တရအဆောက်အဦးရှေ့မှာ သမ္မတ Donald Trump မိန့်ခွန်းပြောဖို့ စီစဉ်ထားသလို၊ စစ်တင့်ကားတွေပြ တိုက်လေယဉ်တွေပျံဝဲပြီး စစ်ရေးပြဖို့ကိုလည်း သမ္မတက ညွှန်ကြားထားပါတယ်။
ဒီနှစ် အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားကတော့ အရင်အစဉ်အလာပုံစံကနေ ကွဲထွက်ပြီး လင်ကွန်းအမှတ်တရအဆောက်အဦးရှေ့မှာ သမ္မတ Donald Trump မိန့်ခွန်းပြောဖို့ စီစဉ်ထားသလို၊ စစ်တင့်ကားတွေပြ တိုက်လေယဉ်တွေပျံဝဲပြီး စစ်ရေးပြဖို့ကိုလည်း သမ္မတက ညွှန်ကြားထားပါတယ်။
အမေရိကန် ဒရုံးယာဉ်ကို အီရန်ဘက်က ပစ်ချခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကို အမေရိကန်ဘက်က ပြဌာန်းခဲ့ပါတယ်။
ရှေးရိုးစွဲ အယူဝါဒ ကိုင်စွဲသူတွေ လွှမ်းမိုးလေ့ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ ဂီတ အနုပညာရှင်တယောက်ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ အခုတော့ ဂီတပညာရှင်ဖြစ်ချင်သူတွေ Lahore မြို့က အမျိုးသား အနုပညာကျောင်းမှာ နိုင်ငံတကာ ဂီတပညာကို ဆည်းပူးခွင့်ရနေကြပါပြီ။ Saman Khan ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ဆက်ပါမယ်။
နောက်ထပ်ကြည့်ရှုရန်