အီလက်ထရောနစ် ခေတ်နဲ့ လူမှုကွန်ယက်တွေက မဲဆွယ်လာကြချိန်မှာ ကိုယ်စားလှယ်လောင်း တဉီးချင်း မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ ဆက်ဆံနိုင်မှုက သမ္မတအဖြစ် အရွေးခံသင့် မခံသင့် အဆုံးအဖြတ် ဖြစ်စေနိုင်ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ လူထုနဲ့ ဆက်ဆံရေးအကြောင်း ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းလဲပြီး အာဏာကို ထိန်းချုပ်ဖို့ ကြိုးစားမှုနဲ့ ဖက်ဒရယ်တရားရုံးကတရားစွဲဆိုထားတာ အတွက် အပြစ်မရှိကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ထွက်ဆိုသွားပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် တွန်းလှန်နေသူတွေမှာ ကဗျာရေးသူတွေလည်း အများပြား ရှိပါတယ်။ အဲဒီအထဲက ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်ခေါ် BPLA လက်နက်ကိုင်အဖွဲ့က ကဗျာဆရာ မောင်ဆောင်းခ အကြောင်း ရိုက်တာ သတင်းဌာနရဲ့ တင်ပြချက်ကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ရီပတ်ဗလစ်ကန်ပါတီတွင်းသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့်သူတွေထဲမှာထောက်ခံမှု အများဆုံးရပြီးရှေ့ဆုံးကပြေးနေတဲ့ Trumpအနေနဲ့ တရားစွဲဆိုတာတွေကို ဆက်ပြီး အံတုမယ်လို့ မျှော်လင့်ရပါတယ်။ပါတီတွင်း Donald Trumpနဲ့ ယှဉ်ပြိင်မယ့်သူတွေကတောင် သူ့ကို ထောက်ခံတဲ့အကြောင်း ပြောဆိုနေကြတာပါ။ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
မကြာသေးခင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတယ်ဆိုတဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel ကို ဗွီအိုအေသတင်းထောက် Yuni Salim ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးသိန်းထိုက်ဉီး ကောက်နုတ်တင်ပြမှာပါ။
မကြာသေးခင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ခရီးစဉ်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီရာမရောက်တဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံအမတ်ကြီးဟောင်း Scot Marciel က VOA ကိုပြောပါတယ်။
Lithuania နိုင်ငံမှာ ကျင်းပမယ့် နေတိုး ထိပ်သီး ညီလာခံကျင်းပတဲ့အခါ တရုတ်နိုင်ငံဘက်က ခြိမ်းခြောက်မှုကို တုံ့ပြန်ရေးနိုင်ဖို့ ပြင်ဆင်ပါလိမ့်မယ်။ နေတိုးအဖွဲ့အတွင်း အဆက်စပ်ရှိရှိ၊ တညီတညွတ်တည်းဖြစ်ဖို့လိုတဲ့အကြောင်းနဲ့ အဟန့်အတားတွေလည်း ရှိနေတဲ့အကြောင်း ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာသမ္မတရွေးကောက်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့ မဲဆွယ်စည်းရုံးပွဲတွေ စကျင်းပနေပြီ။၂၀၂၀ ရွေးကောက်ပွဲမှာ သူ့ကိုနိုင်သွားတဲ့ လက်ရှိသမ္မတ Joe Biden ကိုဖယ်ရှားပစ်မယ်လို့ ပြောဆိုနေပေမယ့် ပါတီတွင်း သမ္မတလောင်း ယှဉ်ပြိုင်မယ့်သူကလည်းများလာပါတယ်။ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ရုရှားနိုင်ငံအတွင်း ဖြစ်ပျက်ခဲ့တဲ့ Wagner ကြေးစားတပ်ဖွဲ့ရဲ့ မထင်မှတ်တဲ့ ဆန့်ကျင်မှုတွေကြောင့် ယူကရိန်းကို ကျုးကျော်တိုက်နေတဲ့ စစ်ရေးပုံစံ အပြောင်းအလဲ ရှိနိုင်မလား၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး အခင်းအကျင်း ယေဘုယျ ပြောင်းလဲနိုင်ခြေ ရှိမလားဆိုတာတွေ မေးခွန်းထုတ်လာကြာပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်သူ့ကို ထောက်ခံသူတွေ ဒေါသတကြီး ဆန္ဒပြနေတာကြောင်ပြည်နယ်လေးခုမှာ လုံခြုံရေး ထိန်းသိမ်းဖို့ အစိုးရက စစ်တပ်ကို တောင်းဆိုနေပါတယ်။ နိုင်ငံရေးတင်းမာမှုတွေကြား ဩဇာအာဏာကြီးတဲ့ ပါကစ္စတန်စစ်တပ် ဘယ်လို ရပ်တည်မလဲ။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု အစိုးရလည်ပတ်တဲ့ငွေကြေးပမာဏ လာမယ့်ဇွန်လ ၁ရက်နေ့လောက်မှာ အစောဆုံးကုန်သွားတော့မှာဖြစ်လို့ အစိုးရအကြွေးယူနိုင်တဲ့ငွေပမာဏထပ်တိုးရေးဒီမိုကရက်နဲ့ရီပတ်ဗလစ်ကန် လွှတ်တော်အမတ်တွေကို သမ္မတဘိုင်ဒင်တွေ့ဆုံခါနီးမှာဘဏ္ဏာရေးဝန်ကြီးJanet Yellenကသတိပေးပြောကြားလိုက်တာပါ။ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
မေလ ၁၄ ရက်နေ့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ပြင်ဆင်နေပြီး ဒီရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အခြေခိုင်လာအောင် ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်းတခု ဖြစ်မယ်လို့ ထိုင်းနိုင်ငံ ရေးလှုပ်ရှားသူတွေနဲ့ သုံးသပ်သူတွေက မျှော်လင့်နေကြပါတယ်။ ကိုသိန်းထိုက်ဦးပြောပြပါလိမ့်မယ်။
မေလ ၁၄ ရက်နေ့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ပြင်ဆင်နေပြီး ဒီရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အခြေခိုင်လာအောင် ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်းတခု ဖြစ်မယ်လို့ ထိုင်းနိုင်ငံရေးလှုပ်ရှားသူတွေနဲ့ သုံးသပ်သူတွေက မျှော်လင့်နေကြပါတယ်။
ဆူဒန်နိုင်ငံအတွက် ပထမဆုံး ပေးပို့တဲ့ နိုင်ငံတကာက ဆေးဝါးပစ္စည်း အထောက်အပံ့ အထုပ်အပိုးတွေ Port Sudan မြို့ကို ရောက်သွားပါတယ်။ ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အခုရောက်လာတဲ့ နိုင်ငံတကာ အကူအညီတွေကခပ်ရေးရေး မျှော်လင့်ချက်လေးတခု ဖြစ်စေခဲ့ပါတယ်။ ကိုသိန်းထိုက်ဦး တင်ပြပေးပါမယ်။
၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည် ဝင်ရောက် ယှဉ်ပြိင်မယ့်အကြောင်း သမ္မတ Joe Biden တရားဝင်ကြေညာလိုက်ပြီး သူယုံကြည်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့စံတန်ဖိုးတွေ ဆုံးရှုံးထိခိုက်နိုင်ခြေအန္တရာယ်ရင်ဆိုင်နေရမှုတွေကို သုံးမိနစ်ကြာ ဗွီဒီယိုမိန့်ခွန်းမှာ အဓိက ပြောဆိုသွားခဲ့ပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါမယ်။
အာဖရိကတိုက် ဆူဒန်နိုင်ငံကနေ နိုင်ငံတော်တော်များများ သူတို့ သံတမန်တွေကို ကယ်ထုတ်နေကြပါတယ်။ အမေရိကန် နိုင်ငံသားတွေတော့ အတွင်းထဲမှာ ကျန်နေဆဲဖြစ်ပါတယ်။ အမေရိကန်အစိုးရဘက်က တရားဝင် ဆက်သွယ်တာကိုစောင့်ကြဖို့ အမေရိကန်အရာရှိတွေက မှာထားပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
သမ္မတဟောင်း Donald Trump ကို နယူးယောက် တရားရုံးမှာအမှု ၃၄ မှုနဲ့ စွဲချက်တင်လိုက်ပြီးသူ့ရဲ့ရှေ့နေတွေကလည်း ခုခံချေပဖို့ ပြင်ဆင်နေပါတယ်။အခုအမှုတွေဟာ Trump ရင်ဆိုင်ရမယ့် အမှုတွေထဲက ပထမ အမှုတွေသာဖြစ်ပြီး သူ့ရဲ့ နိုင်ငံရေးအနာဂတ်အတွက် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရနိုင်ပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
ရေစကြိုမြို့နယ် မအူ နယ်မြေခံရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးစစ်တပ်ဘက်က လေကြောင်းကနေပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ရှိနေပြီးအရပ်သား သေဆုံးတာတွေလည်း ရှိပါတယ်။
လူသားချင်းစာနာမှုအကူအညီပေးရာမှာ စစ်ကောင်စီကတဆင့် ပေးအပ်တာထက် ယုံကြည်စိတ်ချရတဲ့ ပြည်တွင်း အကူအညီပေးရေးအဖွဲ့တွေက တဆင့် ပေးအပ်နိုင်အောင် နည်းလမ်းရှာဖို့ Better Burma နဲ့ Insight Myanmar ကူညီရေး အစီအစဉ် စတင်တည်ထောင်သူ၊ အဖွဲ့ အမှုဆောင်အရာရှိ ဂျိုဝါမက်ဂီးက ပြောပါတယ်။ ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
တချို့နိုင်ငံရေးပါတီတွေကတော့ ပါတီဆက်လက် ရပ်တည်ရေး အတွက်အပြင်၊ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခဲ့ကြပါတယ်။ လောလောဆယ် စာရင်းအရ နိုင်ငံရေးပါတီ ၉၁ ပါတီရှိတဲ့အနက် ၁၃ ပါတီ မှတ်ပုံပြန်တင်ထားပါတယ်။ အဲဒီအထဲ ပါတီအသစ်ထူထောင်ထားတဲ့ ၄ ပါတီ ပါပါတယ်
နောက်ထပ်ကြည့်ရှုရန်