တချို့နိုင်ငံရေးပါတီတွေကတော့ ပါတီဆက်လက် ရပ်တည်ရေး အတွက်အပြင်၊ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခဲ့ကြပါတယ်။ လောလောဆယ် စာရင်းအရ နိုင်ငံရေးပါတီ ၉၁ ပါတီရှိတဲ့အနက် ၁၃ ပါတီ မှတ်ပုံပြန်တင်ထားပါတယ်။ အဲဒီအထဲ ပါတီအသစ်ထူထောင်ထားတဲ့ ၄ ပါတီ ပါပါတယ်
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဥပဒေအမှုနဲ့ ထပ်တိုး အရေးယူ အမှုဖွင့် လိုက်တယ်လို့ သူ့မိသားစုကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း လူပေါင်း ၂၉၀၀ နီးပါး အသတ်ခံခဲ့ရပြီး အဲဒီအထဲက ရ၀၀ ကျော်ဟာ စစ်တပ်ရဲ့ အကျဉ်းထောင်တွေအတွင်းမှာ သေဆုံးခဲ့တာလို့ ယုံကြည်ရတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက ပြောဆိုထားတယ်။ ကိုသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။
အာဏာသိမ်းထားတာ ၂ နှစ်ပြည်ခါနီးချိန်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ပြဌာန်းလိုက်ပါတယ်။ ဥပဒေသစ်အရ ၂ လ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ကြရမှာဖြစ်ပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်တွေ ကျင်းပဖို့ ကမ္ဘာတဝှမ်းက တရုတ်လူမျိုးတွေ ပြင်ဆင်ကြပါတယ်၊ ကပ်ရောဂါကူးစက်မှုနဲ့ အကြပ်အတည်းတွေ လွန်မြောက်ပြီး ပိုမိုကောင်းမွန်တဲ့ နှစ်သစ်ကို ရောက်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။ ဟောင်ကောင်နဲ့ ထိုင်ဝမ်က တရုတ်လူမျိုးတချို့ရဲ့ ပြောပြချက်တွေကို စုစည်းတင်ပြချင်ပါတယ်။
ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ရဲ့အင်အားကြီး ပါတီတခုဖြစ်တဲ့ ANP အနေနဲ့ ဝင်ရောက်ယဉ်ပြိုင်မယ်လို့ ပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ဦးဘရှိန်က ဗွီအိုအေကို ပြောပါတယ်။ ပါတီဥက္ကဌ ဦးသာထွန်းလှကတော့ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဝင်မဝင်ဆိုတာကို အခုအချိန်အထိ ဆုံးဖြတ်ချက်မချရသေးဘူးလို့ တုန့်ပြန်ပါတယ်။
ဘာသာမတူသူတွေ တယောက်နဲ့ တယောက် စကားပြောတဲ့အခါ အဆင်ပြေအောင် ဘာသာပြန်ပေးမယ့် မျက်မှန်ကို အမေရိကန်ပြည်ထောင်စု Nevada ပြည်နည် Las Vegas မှာ ကျင်းပခဲ့ တဲ့ ၂၀၂၃ CES လူသုံးကုန် အီလက်ထောနစ် ပစ္စည်းပြပွဲမှာ ပြသထားပါတယ်၊ AP သတင်းဆောင်းပါးတပုဒ်ကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ယူကရိန်းနိုင်ငံ တဝှမ်းက Circus ကျောင်းတွေက ဂျွမ်းဘားကစားတဲ့ ခလေးငယ်တွေ မကြာသေးခင်ကပဲ ဟန်ဂေရီနိုင်ငံ Budapest မြို့ကို ရောက်လာပြီး နိုင်ငံတကာ ဆပ်ကပ်ဖျော်ဖြေပွဲမှာ ပါဝင်ပါတယ်။ ရိုက်တာ သတင်းတပုဒ်ကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
၂၀၂၃ ခုနှစ်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ကျန်းမာရေးအခြေအနေအရ သူ့ရဲ့ ရာထူးတာဝန်တွေကို ဒုတိယဥက္ကဋ္ဌ (၁) နဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ယာယီတာဝန်ယူသွားမှာဖြစ်ကြောင်း KIO နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံခဲ့ရသလို၊ အကြမ်းဖက်မှု၊ စစ်နဲ့ပဋိပက္ခအပြင် များစွာသော အပြောင်းအလဲတွေလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ပြီးခဲ့တဲ့ တနှစ်ကျော်အတွင်း ထိုင်းနိုင်ငံကို ထွက်လာကြတဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား တိုင်းရင်းသား ကယန်းလူမျိုးနွယ်တွေဖြစ်တဲ့ ပဒေါင်လူမျိုးတချို့လည်း ပါဝင်ပါတယ်။ ချင်းမိုင်မြို့အနီး Mae Rim အရပ်က ပဒေါင်ကျေးရွာကို ဦးသိန်းထိုက်ဦး သွားရောက်တွေ့ဆုံ သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအဖြေထွက်ဖို့၊ အောင်မြင်ဖို့ဆိုရင် တဖက်သတ်ဖြစ်နေတဲ့ ဆွေးနွေးပွဲပုံစံ ပြောင်းလဲဖို့လိုတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကယူဆကြောင်း ယူရိုဘားမားရုံး အတိုင်ပင်ခံ ဦးခွန်ဆိုင်းက ပြောပါတယ်။ ဦးသိန်းထိုက်ဦး အပိုင်း ၂ အဖြစ် တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမှာ တရုတ်နိုင်ငံ အခန်းကဏ္ဏ အရေးကြီးပြီး၊ တရုတ်ရဲ့ အကူအညီ ရယူဖို့ လိုအပ်တဲ့အကြောင်း Euro-Burma Office ရဲ့ အတိုင်ပင်ခံ သတင်းစာဆရာ ဦးခွန်ဆိုင်းက VOA ကို ပြောပါတယ်။ ဦးသိန်းထိုက်ဦး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ငြိမ်းချမ်းရေးအတွက် အဖြေရှာရာမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား နိုင်ငံရေး သဘောတူညီချက်တွေ အရင်ရဖို့ လိုတဲ့လို့ RCSS ဗဟိုဦးဆောင်ကော်မတီဝင် စိုင်းလျန်းက VOA ကို ပြောပါတယ်။ စိုင်းလျန်းကို VOA ဦးသိန်းထိုက်ဦး ချင်းမိုင်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီ သီတင်းပတ်ကုန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ APEC ထိပ်သီးအစည်းအဝေး ကျင်းပမှာဖြစ်ပြီး မနက်ဖြန် APEC အဖွဲ့ဝင်နိုင်ငံတွေက အကြီးတန်းအရာရှိတွေရဲ့အစည်းအဝေးနဲ့ ကြာသပတေးနေ့မှာ ဝန်ကြီးများအဆင့်အစည်းအဝေးတွေ စတင်ကျင်းပါလိမ့်မယ်။
အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာအရေး အာဆီယံဘုံသဘောတူညီချက်ကို အချိန်ကာလသတ်မှတ်ချက်ထားပြီး လက်တွေ့ကျကျအကောင်အထည်ဖော်ဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ သတင်းယူနေတဲ့ VOA ခမာဌာန က အယ်ဒီတာ Khemara Sok ကို ဦးသိန်းထိုက်ဦး မေးမြန်းထားပါတယ်။
၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်အဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်တယ်ဆိုပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အစည်းအဝေးတက်ဖို့ ဖိတ်ကြားမထားပါဘူး။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာက ထိပ်တန်းအရာရှိကြီးတွေရဲ့အွန်ုလိင်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်ပါဝင်ခဲ့သူ ဗွီအိုအေမြန်မာပိုင်းဌာန အယ်ဒီတာ ဦးသိန်းထိုက်ဦးကို အသံလွှင့်ချိန်မတိုင်ခင်မှာ Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ တန်ဆောင်တိုင်ပွဲတော်ကျင်းပချိန် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လွိုင်ကထုံခေါ် ပန်းမျှောပွဲတော်နဲ့ မီးပုံးပျံလွတ်တဲ့ပွဲတွေ ကျင်းပကြပါတယ်။ ဦးသိန်းထိုက်ဦး သတင်းပေးပို့ပါတယ်။
မြန်မာစစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့နဲ့ မြန်မာဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်နေရာမှာ အမြဲတမ်းကိုယ်စားလှယ်ထားဖို့ IPI နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့က အာဆီယံကို တိုက်တွန်းပါတယ်။ ကိုသိန်းထိုက်ဦး သတင်းပေးပို့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်