စိတ်ဖိစီးမှုအကြောင်းရင်း အဖြေရှာတာ၊ ကျန်းမာပျော်ရွှင်ပြီး သဘာဝနဲ့ထိစပ်တဲ့ နေထိုင်စားသောက်ပုံ ပြောင်းတာအပြင်၊ ဖြေရှင်းနိုင်တဲ့ နည်းတွေရှိသေးတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုနေပါတယ်။
တရားမဝင်ငွေကြေးလုပ်ငန်းလုပ်သူတွေ၊ ဈေးကစားသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာခဲ့တဲ့ နောက်ပိုင်း အွန်လိုင်းနိုင်ငံခြားငွေလဲသူတွေ အဖမ်းခံခဲ့ရပါတယ်။ တရားမဝင် ငွေကြေးဈေးကွက်ပေါ်လာရတာဟာ ဗဟိုဘဏ်ကြောင့် ဖြစ်ပြီး အခုလို ဖြေရှင်းရင် ဈေးကွက်ပျက်ပြီး ပိုဆိုးနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
လူမှုအသိုင်းအဝိုင်းထဲ အများနဲ့စုဖြစ်ရတဲ့ စိတ်ဖိစီးမှုက မြန်မာနိုင်ငံမှာ အကြောင်းရင်းမျိုးစုံအောက် ဆက်တိုက်ရေရှည်ဖြစ်လာနေတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။ ဒီအကြောင်း သြစတျေးလျနိုင်ငံ၊ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး Dr. သက်ဌေးကို ကိုဝင်းမင်းက မေးထားပါတယ်။
သြဂုတ် ၂၄၊ ၂၀၂၃ - စိတ်ဖိစီးနေတာ သိရဖို့ ဘယ်လို လက္ခဏာတွေကို စောင့်ကြည့်သင့်ပြီး၊ ဘယ်လို အဆင့်က အန္တရာယ် ပိုကြီးနိုင်ပါလဲ။
မြန်မာငွေတန်ဖိုး ထိုးကျနေပြီး ငွေကြေးမတည်ငြိမ်မှုပြင်းထန်လာတာကြောင့် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာနေတဲ့ဒဏ်ကို မြန်မာပြည်သူတွေ ခံစားနေကြရကြောင်း သုံးသပ်သူတွေက ထောက်ပြကြပါတယ်။
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ကဒေသခံတပ်တွေနဲ့ ပေါင်းပြီး ကယားပြည်နယ်အရှေ့ပိုင်းက မယ်စဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက် ခုရက်ပိုင်း အတွင်းမှာတော့ စစ်ကောင်စီဘက်က ထိုးစစ်တွေ ဆင်လာတဲ့အတွက် မယ်စဲနဲ့ ဖားဆောင်း မြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
=ကျန်းမာရေးကဏ္ဍ= မိုးတွင်းကာလ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေး ပိုအဖြစ်များလာနေတာကြောင့်၊ အသက်အန္တရာယ်ရှိနိုင်သူး ပိုများလာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောနေကြပါတယ်။ ဒီအကြောင်း ဆေးတက္ကသိုလ်(၁) အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းကို ကိုဝင်းမင်း ဆက်သွယ်မေးမြန်းထားပါတယ်။
အိပ်လို့မရတာကြောင့် အရက်ကို အိပ်ဆေးလိုသုံးပေမဲ့ တကယ်တမ်း အထောက်အကူမပြုဘဲ အိပ်ရေး ပိုပျက်စေပါတယ်။ အရက်ကြောင့် အူက ကောင်းကောင်း မစုပ်ယူနိုင်တော့တာမို့၊ ကင်ဆာ ပိုဖြစ်စေနိုင်ပါတယ်။ ကယ်လီဖိုးနီးယား Kaiser Santa Clara အထူးကုသမားတော်ကြီး ဒေါက်တာမျိုးမင်းအောင်နဲ့ ကိုဝင်းမင်း ဆွေးနွေးထားပါတယ်။
ဇူလိုင် ၁၃၊ ၂၀၂၃ - အရက်ကြောင့် အာဟာရနဲ့ အိပ်စက်မှု ထိခိုက်တာ ဘယ်ပုံဖြစ်ရပြီး ဘယ်လို အကျိုးဆက် ရှိနိုင်ပါလဲ။ အရက်ကို ဘယ်လို သောက်သင့်၊ ဖြတ်သင့်ပါလဲ။
ထိုင်းမှာ တနင်္ဂနွေနေ့ စတင်မယ့် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုပါဖိတ်ထားတဲ့ ဝန်ကြီးအဆင့်အစည်းဝေး ကို ဖျက်သိမ်းဖို့ NUG အမျိုးသားညီညွတ်ရေး အစိုးရကတောင်းဆိုခဲ့သလို အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ကလည်း တက်ရောက်ဖို့ ငြင်းဆိုထားပါတယ်။ ဒီအစည်းဝေး နောက်ဆုံး အခြေနေကို ကိုဝင်းမင်း တင်ပြထားပါတယ်။
=ထိုင်းဦးဆောင်မယ့် မြန်မာ့အရေး ဆွေးနွေးပွဲအပေါ် အမြင်တချို့= မြန်မာ့အကျပ်အတည်းအဖြေရှာဖို့ မြန်မာကိုပါ ဖိတ်ခေါ်ထားတဲ့ ထိုင်းကဦးဆောင်ကျင်းပမယ့် ၂ ရက်ကြာ ဝန်ကြီးအဆင့် အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းမှာ ဇွန်လ ၁၈ ရက်မှာ စတင်တော့မှာပါ။ ဒီဆွေးနွေးပွဲဟာ ထိရောက်မှု ရှိနိုင်ပါသလား။ ကိုဝင်းမင်းက တင်ပြထားပါတယ်။
ကျန်းမာရေးကဏ္ဍ အရက်နဲ့အရွယ်ရလာမှု ပြဿနာကိုပြောထားပါတယ်။ အသက်ကြီးလာသူတွေမှာ ငယ်ရွယ်သူတွေလို မဟုတ်တော့ဘဲ၊ အရက်ရဲ့ ဆိုးကျိုးတွေ ပိုခံစားရတတ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara ဆေးရုံက၊ အထူးကုသမားတော် ဒေါက်တာမျိုးမင်းအောင်ကို ကိုဝင်းမင်းမေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ ငွေကြေးဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်းဟာ အတက်အကျမြန်ပြီး တည်ငြိမ်မှုမရှိပဲ ဖြစ်နေပါတယ်။ ဘာကြောင့် အခုလို မတည်ငြိမ်ပဲ ဖြစ်နေတယ်၊ တည်ငြိမ်မှုရှိအောင် ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတာတွေကို စီးပွါးရေးပညာရှင်တွေနဲ့ လုပ်ငန်းရှင်တချို့ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးမှာပါ။
ကာကွယ်ဆေး မလွတ်တမ်း ခံယူရေး (ဦး၀င်းမင်း) ကာကွယ်ဆေး အကျိုးက အပြစ်ထက် သာလွန်းတာအပြင် အများစု အခမဲ့ ထိုးခွင့်ရတာကြောင့်၊ ဒီအခွင့်အရေးကို အမိအရ ယူသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။ ဒီအကြောင်း ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းကို ကိုဝင်းမင်း မေးထားပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေကြား တရုတ်ရဲ့ကြားဝင်ကြိုးပေးမှုနဲ့ ကျင်းပခဲ့တဲ့ မိုင်းလားဆွေးနွေးပွဲဟာ ထူးခြားတဲ့ရလဒ် တစုံတရာမရပဲ ပြီးဆုံးသွားတာနဲ့ပတ်သက်လို့ နိုင်ငံရေးသုံးသပ်သူတွေရဲ့အမြင်ကို ကိုဝင်းမင်း မေးမြန်းထားပါတယ်။ မိုင်းလားအဖွဲ့ပြောခွင့်ရ ဦးကြည်မြင့်က ခုလိုစပြောပါတယ်။
ကျန်းမာရေးကဏ္ဍ−ကာကွယ်ဆေးအရေးပါပုံ (ဦး၀င်းမင်း) သမိုင်းတလျှောက် လူသန်းချီ အသက်ဆုံးခဲ့ရတဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်တဲ့အထိ ကာကွယ်ဆေးတွေက အရေးပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ဒီအကြောင်း ဆေးတက္ကသိုလ်(၁)အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းကို ကိုဝင်းမင်း မေးမြန်းထားပါတယ်။
မြန်မာငွေကြေး ဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်းဟာ ဗဟိုဘဏ်က သတ်မှတ်တဲ့ ဈေးနှုန်းထက် အတော်မြင့်တက်နေပါ တယ်။ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၂၁၀၀ ကျပ်သတ်မှတ်ထားပေမယ့် ၂၉၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးဖြစ်နေပြီး ခုတပတ်ထဲမှာပဲ ၃၀၀၀ ကျပ်အထိ တက်လာပါတယ်။ဒေါ်လာ ဈေးကစားသူတွေကို အရေးယူမှာဖြစ်ကြောင်း ဗဟိုဘဏ်က သတိပေး လိုက်ပါတယ်။
ကိုဗစ်မျိုးကွဲစိတ်သစ်ကနေ ကာကွယ်ရေး မြန်မာမှာ နောက်ဆုံးတွေ့ထားတဲ့ အိုမီခရွန်မျိုးကွဲစိတ်သစ် XBB 1.16 က ကူးစက်မြန်ပြီး ရှေ့ကာလမှာ ဆက်လက်ကာကွယ်နိုင်ရေး ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။ ဒေါက်တာ ဇေယျာသက်ကို ကိုဝင်းမင်းက မေးထားပါတယ်။
မြန်မာပြည်မှာ မကြာခင်ကတွေ့ခဲ့တဲ့ အိုမီခရွန်မျိုးကွဲစိတ်သစ်ကြောင့် သေဆုံးမှုအနည်းငယ် ရှိနေပြီး၊ ရှေ့ဆက်သေဆုံးမှုလျှော့ချနိုင်ဖို့ ပြင်ဆင်သင့်တာကို ကျန်းမာရေးပညာရှင်တွေ အကြံပြုနေပါတယ်။ ဒီအကြောင်း နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ကိုဝင်းမင်း မေးမြန်းထားပါတယ်။
မြန်မာမှာ ကိုဗစ် ပြန်တွေ့တာများလာပြီး၊ အိန္ဒိယမှာ စတွေ့ခဲ့တဲ့ မျိုးကွဲစိတ်သစ် XBB 1.16 ကိုလည်း စတွေ့ခဲ့တာအတွက်၊ သတိပြုသင့်တာတွေကို ကျန်းမာရေးပညာရှင်တွေ ရှင်းပြပါတယ်။ ဒီအကြောင်း နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူး ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ကိုဝင်းမင်း မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်