မြန်မာနိုင်ငံမှာ ထမင်း အစားများတာကို လျှော့ချနိုင်ဖို့ အာဟာရပြည့်ဝတဲ့ မနက်စာနဲ့ ဟင်းလျာတွေ ရှိနေတယ်လို့ အာဟာရပညာရှင်တွေက ထောက်ပြကြပါတယ်။ သီးစုံဟင်း စားခြင်းဖြင့် (ကာဘိုဟိုက်ဒရိတ်) အစား များလွန်းတာကိုလည်း လျှော့ချပေးနိုင်ကြောင်း Cornell တက္ကသိုလ်ကပါမောက္ခ ဒေါက်တာခင်မာချိုကို မေးမြန်းတင်ပြထားပါတယ်။
“အထိအခိုက်အနည်းဆုံးဖြစ်အောင့်လုပ်ကြရင်းနဲ့ပဲ ကျနော်တို့ဘက်က- ပူးပေါင်းတပ်ဖွဲ့ဘက်ကပေါ့လေ ငါးဦးကျဆုံးခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့တန်ပြန်တိုက်ခိုက်မှု၊ ထိုးစစ်ဆင်မှုမှာဆိုလို့ရှိရင် စစ်ကောင်စီဘက်က အကျအဆုံးအများကြီးရှိတယ်။ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ဒေါတမကြီးတိုက်ပွဲအတွင်း ၉၀ လောက်ကိုသေတယ်။” KNDF ပြန်ကြားရေး
ဦးဝင်းမင်းရဲ့ကျန်းမာရေးကဏ္ဍ- မြန်မာနိုင်ငံမှာ အာဟာရပြည့်ဝစာကို ငွေကုန်ကြေးကျနည်းနည်းနဲ့ တပိုင်တနိုင် ရှာဖွေ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်တယ်လို့ အာဟာရပညာရှင်တွေက အကြံပြုပါတယ်။ နယူးယောက် Cornell တက္ကသိုလ်က အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာ ခင်မာချိုကို ကိုဝင်းမင်းက မေးထားပါတယ်။
မြန်မာအပါအဝင် အရှေ့တာင်အာရှဒေသတွင်း တရုတ်ရဲ့ စီးပွါးရေးနဲ့ နိုင်ငံရေးသြဇာကြီးနေပေမဲ့ ဒေသတွင်းနိုင်ငံတွေကတော့ အမေရိကန်ကို မိတ်ဖက်အဖြစ် ပိုလိုလားမူရှိတယ်လို့ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးအဖွဲ့ - ISEAS Yusof Ishak အင်စတီကျုရဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မြန်မာ့အကြပ်အတည်းအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံးနဲ့ဆွေးနွေးမယ်လို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်သတိပေးလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ဝ ၊ မိုင်းလားနဲ့ ရှမ်းမြောက် လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပရေး အကူညီပေးဖို့ စစ်ကောင်စီဘက်က ဆွေးနွေးခဲ့တယ်လို့ ဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွေ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပေမဲ့ အကဲခတ်တချို့ကတော့ သံသယရှိနေကြပါတယ်။ အကဲခတ်တွေရဲ့ အမြင်တွေကိုတော့ ကိုဝင်းမင်း စုစည်းတင်ပြထားပါတယ်။
TNLA တအန်းပလောင်တပ်ဖွဲ့ ဌာနချုပ်နားကို စစ်ကောင်စီက လေကြောင်းသုံးပြီး ရုတ်တရက် ထိုးစစ်ဆင်လာတာ သောကြာနေ့က ပို ပြင်းထန်လာတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ရှမ်းပြည်နယ် နမ့်ဆန်မြိုမှာရှိတဲ့ TNLA ဌာနချုပ်နားက တပ်စခန်းနေရာကို စစ်ကောင်စီက လေကြောင်းကနေ တပ်တွေ ခွဲပို့ကာ ထိုးစစ်ဆင်နေပါတယ်။
မြန်မာနိုင်ငံမှာ ရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေရှိနေပေမဲ့ မြန်မာ အနာဂတ် ငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ယုံကြည်မှုရှိရှိနဲ့ အားပေးသွားမယ်လို့ တရုတ်သံအမတ်ကြီး ပြောလိုက်ပါတယ်။
၉ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းဝေးမှာ မြန်မာကိုယ်စားပြုသူ မပါခဲ့ပါဘူး။ အာဆီယံက ကျင်းပတဲ့ အစည်းဝေးတွေအတွက် မြန်မာကိုဖိတ်ကြားရေး ဆိုင်ရာသုံးသပ်ဖို့ အာဆီယံပူးပေါင်းဆောင်ရွက်ရေးကောင်စီကို တာဝန်ပေးခဲ့တဲ့နောက် အခု ကာကွယ်ရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တက်ရောက်ခွင့် မရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ဒီဇင်ဘာလထဲ သဘောတူညီချက်ရဖို့ စစ်ကောင်စီအကြီးအကဲက မျှော်လင့်နေသလို ငြိမ်းချမ်းရေးအတွက် NCA မပျက်ပြယ်ပဲရှိနေပြီး ဆွေးနွေးမှုဆက်လုပ်ဖို့ စစ်ကောင်စီပြောခွင့်ရက ပြောကြားခဲ့ပါတယ်။ NCA ကို သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေနဲ့လည်း လက်ရှိမှာတိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ရာဂဏန်း အပါအဝင် အကျဉ်းသားပေါင်း ၅၇၀၀ ကျော်ကို၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က လွှတ်ပေးလိုက်ပါတယ်။ ဘယ်လိုထူးခြားမှုရှိပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။
ဒီကနေ့ကျင်းပမယ့် အာဆီယံ အရှေ.တောင်အာရှနိုင်ငံများအဖွဲ့ ထိပ်သီးစည်းဝေးပွဲမှာ ကမ္ဘာ့အရေးမှာရော မြန်မာ့အရေးမှာပါ အာဆီယံရဲ့အရေးပါမှုကို ပြသနိုင်ဖို့ အရေးကြီးတယ်လို့ သုံးသပ်သူတွေက မြင်ပါတယ်။
စစ်ကောင်စီက အသစ်ပြင်ဆင် ပြဌာန်းလိုက်တဲ့ NGO ဥပဒေအဖြစ် လူသိများတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေဟာ တင်းကျပ်လွန်းတယ်လို့ အကဲခတ်တချို့က သုံးသပ်နေကြပါတယ်။
နိုဝင်ဘာထဲကျင်းပမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲမှာ မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာကို အာဆီယံဝန်ကြီးတွေ ဂျကာတာမှာ ကြိုတင်တိုင်ပင်ဆွေးနွေး ကြမှာဖြစ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောပါတယ်။ အကြံပြုချက်တွေလည်းရှိနေပေမဲ့၊ ASEAN က ပိုလုပ်နိုင်မယ့် အလားအလာ နည်းတယ်လို့ သုံးသပ်ကြပါတယ်။
မြန်မာကို နိုင်ငံတကာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ FATF က အမည်မဲစာရင်း သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူလိုက်ပါတယ်။ ဘာကြောင့်ပါလဲ။ လူသာချင်းစာနာမှုဆိုင်ရာ ကိစ္စတွေအတွက်တော့ ဒီအရေးယူမှုကနေ ကင်းလွင့်ခွင့်ပေးထားပေမဲ့၊ ဘယ်လိုသက်ရောက်မှုရှိလာနိုင်ပါလဲ။ ကိုဝင်းမင်း တင်ပြထားပါတယ်။
နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF အနေနဲ့ မြန်မာနိုင်ငံကို အရေးယူနိုင်ခြေအပေါ် ဆွေးနွေးနေတာက ထူးခြားနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာဗဟိုဘဏ်အနေနဲ့ ဘဏ်တွေက အနည်းဆုံး အရံကျပ်ငွေ ထားရမယ့် ပမာဏ ၃ ရာခိုင်နှုန်းကို မပြောင်းပေမဲ့၊ တွက်ချက်ပုံကို ပြောင်းလဲလိုက်ပါတယ်။
ခြင်တွေကိုမျိုးရိုးဗီဇ ပြုပြင်ပြီး ငှက်ဖျားရောဂါပိုးပြန့်ပွားမှု ဟန့်တားနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးပမ်းနေပါတယ်။ မျိုးရိုးဗီဇပြောင်းလဲတဲ့ ခြင်တွေရဲ့ အူလမ်းကြောင်းတွင်းထွက်တဲ့ ဒြပ်ပေါင်းတွေဟာ ငှက်ဖျားရောဂါပိုးကြီးထွားမှု ရပ်တန့်စေတယ်လို့ သုတေသီတွေကပြောတာကို APသတင်းအခြေခံပြီး ကိုဝင်းမင်းပြောပြပါမယ်။
စစ်ကောင်စီ ခေါင်းဆောင် အနေနဲ့ ဒီရက်ပိုင်းအတွင်း စီးပွားရေး လုပ်ငန်းရှင်းတွေနဲ့ အဓိကမြို့ကြီးတွေမှာ တွေ့ပြီး စီးပွားရေး ပြန်နာလန်ထူဖို့ပြောခဲ့ပေမဲ့၊ လက်တွေ့အခက်အခဲ အများကြီးရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်