မြန်မာကို နိုင်ငံတကာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ FATF က အမည်မဲစာရင်း သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူလိုက်ပါတယ်။ ဘာကြောင့်ပါလဲ။ လူသာချင်းစာနာမှုဆိုင်ရာ ကိစ္စတွေအတွက်တော့ ဒီအရေးယူမှုကနေ ကင်းလွင့်ခွင့်ပေးထားပေမဲ့၊ ဘယ်လိုသက်ရောက်မှုရှိလာနိုင်ပါလဲ။ ကိုဝင်းမင်း တင်ပြထားပါတယ်။
နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF အနေနဲ့ မြန်မာနိုင်ငံကို အရေးယူနိုင်ခြေအပေါ် ဆွေးနွေးနေတာက ထူးခြားနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာဗဟိုဘဏ်အနေနဲ့ ဘဏ်တွေက အနည်းဆုံး အရံကျပ်ငွေ ထားရမယ့် ပမာဏ ၃ ရာခိုင်နှုန်းကို မပြောင်းပေမဲ့၊ တွက်ချက်ပုံကို ပြောင်းလဲလိုက်ပါတယ်။
ခြင်တွေကိုမျိုးရိုးဗီဇ ပြုပြင်ပြီး ငှက်ဖျားရောဂါပိုးပြန့်ပွားမှု ဟန့်တားနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးပမ်းနေပါတယ်။ မျိုးရိုးဗီဇပြောင်းလဲတဲ့ ခြင်တွေရဲ့ အူလမ်းကြောင်းတွင်းထွက်တဲ့ ဒြပ်ပေါင်းတွေဟာ ငှက်ဖျားရောဂါပိုးကြီးထွားမှု ရပ်တန့်စေတယ်လို့ သုတေသီတွေကပြောတာကို APသတင်းအခြေခံပြီး ကိုဝင်းမင်းပြောပြပါမယ်။
စစ်ကောင်စီ ခေါင်းဆောင် အနေနဲ့ ဒီရက်ပိုင်းအတွင်း စီးပွားရေး လုပ်ငန်းရှင်းတွေနဲ့ အဓိကမြို့ကြီးတွေမှာ တွေ့ပြီး စီးပွားရေး ပြန်နာလန်ထူဖို့ပြောခဲ့ပေမဲ့၊ လက်တွေ့အခက်အခဲ အများကြီးရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပို ဆိုးလာတာမို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့အတူလက်တွဲပြီး စစ်ကောင်စီကို နည်းလမ်းပေါင်းစုံ ဖိအားပေးနိုင်ဖို့ အားစိုက် လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ဗွီအိုအေကို ပြောပါတယ်။
မြန်မာစစ်တပ်အကြီးအကဲနဲ့ နီးစပ်တဲ့ Star Sapphire Group လုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ကို မူးယစ်ကုန်ကူူးမှု ငွေကြေးခဝါချမှု သံသယနဲ့ ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့အပတ် အာရုံတက်ချိန် ဝင်ဖမ်းခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ရိုက်တာ့စ် သတင်းဌာနကို မနေ့က ပြောခဲ့ပါတယ်
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေချိန်မှာပဲ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြင့် ခေါင်းဆောင် တယောက်ဟာ အင်အားကြီးလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ UWSA ဝတပ်ဖွဲ့ခေါင်းဆောင် တချို့နဲ့ မကြာသေးခင်ကပဲ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ပြင်ပမှာ သီးခြားတွေ့ဆုံရာမှာ၊ သမ္မတ ပူတင်က မြန်မာဟာ ယုံကြည်ရတဲ့ ရေရှည် မိတ်ဖက်ဖြစ်ပြီး ဆက်ဆံရေးတွေ တိုးတက်လာတယ်လို့ ချီးကျူးလိုက်ပါတယ်။ သမ္မတ ပူတင်ရဲ့ဦးဆောင်မှုကြောင့် ရုရှားဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာပြီလို့ မြန်မာခေါင်းဆောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒေါ်လာဈေးနဲ့ ကုန်ဈေးနှုန်း စံချိန်တင် တက်လာချိန်မှာ ဗဟိုဘဏ်က ဒေါ်လာသန်း ရာချီ ထောက်ပံ့ပေးမယ့် သတင်း ထွက်လာပြီး ဒေါ်လာဈေးနဲ့ ရွှေဈေး ချက်ချင်း ပြန်ကျစ ပြုလာပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေးနဲ့ ကုန်ဈေးနှုန်း မတည်မငြိမ်အခြေအနေတွေ ပေါ်ပေါက်နေချိန်မှာ ဗဟိုဘဏ်က ဈေးကွက်ထဲ ဒေါ်လာသန်း ၂၀၀ ဖြည့်တင်းပေးမယ့်အကြောင်း ကြေညာလိုက်ပေမဲ့ လုပ်ငန်းရှင်တွေကြားမှာတော့ သံသယရှိနေဆဲ ဖြစ်ပါတယ်။ ဘဏ်တွေကတဆင့် ထောက်ပံ့သွားမှာဖြစ်ကြောင်း စစ်ကောင်စီက ပြောပေမဲ့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
ရိုဟင်ဂျာအရေးထောက်ခံတဲ့အနေနဲ့ ဗြိတိန်က မြန်မာအပေါ် နောက်ထပ်ပိတ်ဆို့ဒဏ်ခတ်မှုတွေချလိုက်ပြီး ICJ တရားစွဲမှုမှာလည်း ကူညီပေးဖို့ ကြေညာလိုက်တာကို မြန်မာ့အရေးလူပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ သေဒဏ်စီရင်လိုက်မှုဟာနိုင်ငံတကာခေါင်းဆောင်တွေကို အကြီးအကျယ်တုန်လှုပ်စိတ်ပျက်စေသလို ဒေသတွင်း အာဆီယံနိုင်ငံတွေကိုလည်း ထူးထူးခြားခြား စိတ်ပျက်ပစ်တင်ရှုတ်ချမူ ဖြစ်စေခဲ့တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာမှာမနှစ် စစ်အာဏာသိမ်းပြီးကထဲက သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၂၀၀၀ အတွက် အထူးစိတ်မကောင်းဖြစ်ရပါတယ်လို့ အမေရိကန် သံရုံးထုတ်ပြန်တဲ့အပေါ်၊ ဒီအသတ်ခံရသူက လက်တွေ့မှာ ပိုများနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကြား စီးပွားရေး စီမံခန့်ခွဲမှုတွေ အားနည်းတဲ့အပေါ် လုပ်ငန်းရှင် အသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုလားချက်အပေါ် ညှိနှိုင်းပြီး ရလဒ်ထွက်ပေါ်လာဖို့ ရည်ရွယ်ထားကြောင်း စစ်ကောင်စီက ပြောပါတယ်။ အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ လက်နက်ကိုင် ပဋိပက္ခတွေကြားကျင်းပမယ့် ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ မတက်ဖို့ ဆုံးဖြတ်ထားကြတာပါ။
မြန်မာ စစ်ခေါင်းဆောင်က ကိုယ်တိုင်တွေ့မယ်လို့ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အကြောင်းပြန်ကြားဖို့ ရက်နီးလာချိန်မှာပဲ တက်မယ့်အဖွဲ့ တချို့နဲ့ မတက်မယ့်အဖွဲ့တချို့စာရင်း သတင်း ထွက်လာပါတယ်။ အခုတခေါက် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က အားနည်းချက်တချို့ ရှိနေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ပါတီကြီး ၂ ခုကို အရေးယူနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကွက်ပြောလိုက်တာက လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ပိုဆိုးစေလိမ့်မယ်လို့ တုံ့ပြန်မှုတွေရှိနေပါတယ်။ NLD SNLD အနေနဲ့ အစစ်ဆေး မခံတာကြောင့် အခုလိုဖြစ်သွားနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောလာတာပါ။
နောက်ထပ်ကြည့်ရှုရန်