ဒါကတော့ တော်တော်စိုးရိမ်စရာကောင်းတဲ့ အနေအထားဗျ။ ဒီစစ်ပွဲကို အဆုံးမသတ်နိုင်ဘူးဆိုရင် ကမ္ဘာစစ်အထိလည်း ဖြစ်သွားနိုင်တာပေါ့နော်။ အထူးသဖြင့်တော့ NATO ပါဝင်ပတ်သက်လာနိုင်တယ်။ နောက်တခုက အမေရိကန် ပြည်ထောင်စုဖက်က ကူမယ် စသဖြင့် ဒါတွေရှိတော့ ရှိတယ်။ နောက်တခုက ဒီစစ်ပွဲက မထိန်းနိုင် မသိမ်းနိုင်ဖြစ်သွားနိုင်တယ်။
စစ်အာဏာသိမ်းမှုကြောင့် တနှစ်အတွင်း နိုင်ငံလူမှုစီးပွား ထိခိုက် ပျက်စီးသွားတာ မယုံနိုင်လောက်အောင်ကို ဖြစ်ပြီး၊ ပြန်လည် ဆန့်ကျင်တွန်းလှန်မှုတွေကလည်း အားဆက်ကောင်းနေတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတွေက ဆိုပါတယ်။ ပြည်သူတွေ ဒီမိုကရေစီကို ပြန်လိုချင်စိတ်ကြောင့်လို့ အမေရိကန် လွတ်တော်ကြားနာပွဲမှာ ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲ Omicron ကြီးစိုးလာရကနေ စတုတ္ထလှိုင်းဖြစ်နေပြီမို့၊ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးတွေ ပိုအလေးထားဝိုင်းလုပ်သင့်ပြီလို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်တဲ့ စာရင်းထက် အများကြီး ကူးစက်ပြီးသားဖြစ်နေပြီလို့ ထောက်ကြပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးခြေလှမ်းသစ်တွေ စရမယ်လို့ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်က နှစ်သစ်မိန့်ခွန်းမှာပြောခဲ့တဲ့အပေါ်၊လက်တွေ့ကောင်းတဲ့လုပ်ရပ်နဲ့ကတိစကားပါမှရမယ်လို့ သုံးသပ်မူတွေရှိလာပါတယ်။ ဒီအကြောင်း KNU ဖဒိုတာဒိုမူး၊ PPST ပူးတွဲဦးဆောင်သူ ဦးခွန်ဥက္ကာနဲ့ ဦးသန်းစိုးနိုင်တို့ကို ကိုဝင်းမင်း မေးထားပါတယ်။
မြန်မာနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲသစ် ဓါတ်ခွဲအတည်ပြုတွေ့ရှိလာတာနဲ့အတူ၊ ဆေးရုံဆေးခန်းတွေနဲ့ ကုသရေးစင်တာတွေမှာ ကိုဗစ်လူနာတွေ ပိုများလာပါတယ်။ ဒါပေမယ့်လည်း အခုအချိန်ထိတော့ ရောဂါထိန်းချုပ်နိုင်တဲ့အခြေအနေမှာ ရှိနေပြီး၊ ကြိုတင်ပြင်ဆင်မှုတွေလည်း ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာကြောင့်၊ ဒေသခံ ထောင်ဂဏန်းဟာ ဘေးလွတ်ရာဒေသတွေနဲ့ အိန္ဒိယနယ်စပ်ကို တိမ်းရှောင်နေကြရပါတယ်။
မြန်မာ့အရေး အတွက်ပါ ထည့်သွင်းပြဌာန်းထားတဲ့ NDAA ဥပဒေဟာ ဒေသတွင်းမှာ သြဇာကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို ပစ်မှတ်ထားဖို့ ရည်ရွယ်ထားသလို၊ မြန်မာနိုင်ငံကိုပါ ရိုက်ခတ်လာနိုင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုလိုက်ပါတယ် ။ ဦးဘိုလှတင့်နဲ့ ဦးသန်းစိုးနိုင်တို့ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။
အရှေ.တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ရွေ.ဆိုင်းလိုက်ရတာက၊ ကိုဗစ်လှိုင်းသစ်အောက် ခရီးသွားအခက်ကြောင့်လို့ တရားဝင်ပြောထားပေမဲ့ တခြားအကြောင်းတွေလည်းရှိနိုင်တယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။
လာမဲ့နှစ် ပြည်ထောင်စုနေ့က စိန်ရတုနှစ်ပတ်လည်နေ့ကြီးဖြစ်တာမို့၊ မြန်မာစစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးတိုးလုပ်သွားဖို့ပြောလိုက်တာက၊ လက်တွေ့ ခက်ခဲနိုင်တယ်လို့ တုံ့ပြန်မူတွေရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့် ကျဆင်းလာတာက၊ ကမ္ဘာမှာ အဆိုးဆုံးအဆင့် မကြုံစဖူးကို ရောက်သွားပြီလို့ Freedom House အဖွဲ့က သတ်မှတ်လိုက်ပါတယ်။ ဘာကြောင့်အခုလိုဖြစ်ခဲ့ရပြီး၊ ဘယ်လို သက်ရောက်မူရှိလဲ။
မြန်မာစစ်အာဏာသိမ်းအပြီး တရုတ်နိုင်ငံရဲ့ မြန်မာ့အပြောင်းအလဲအပေါ် ပုံမှန်ထားလေးရှိတဲ့ သဘောထား ပြောင်းလဲလာနေတယ်လို့ သုံးသပ်သူမူတွေရှိလာပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရက အခုအပတ်ထဲ ခုခံစစ်ကြေညာလိုက်တာဟာ ရှေ.အပတ် အင်္ဂါမှာစမဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စားပြုခွင့်ကို စစ်ကောင်စီနဲ့ NUG အကြား အဆုံးအဖြတ်ပေးမဲ့အပေါ်နဲ့ ပြည်တွင်းမှာ ဘယ်လိုသက်ရောက်မူတွေရှိနိုင်ပါလဲ။
မြန်မာ့ အကြပ်အတည်းဖြေရှင်းဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်လိုက်နိုင်တာက၊ အာဆီယံသမိုင်းမှာ ပထမဆုံး တခြားနိုင်ငံပြည်တွင်းရေးဝင်ဆောင်ရွက်နိုင်ဖို့၊ အရေးပေါ်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အာဆီယံ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းခဲ့တာအပေါ် ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အမှားအမှန်မပြောလိုပေမဲ့၊ အရင်ရွေးကောက်ပွဲ ကော်မရှင်ကသာ မဲပြဿနာဖြေရှင်းပေးခဲ့ရင်၊ အခုအကျပ်အတည်းကြုံရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် ထင်ရှားတဲ့ ဆေးပညာရှင် ဒေါက်တာမြင့်ဦး ဒီသီတင်းပတ်ထဲမှာပဲ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားတဲ့အပေါ် ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် ရင်းနှီးသူတွေက ယူကြုံးမရ ဖြစ်နေကြပါတယ်။
မြန်မာ့နိုင်ငံရေးပဋိပက္ခဖြစ်နေချိန် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုလှိုင်း မြင့်မားလာတဲ့အခြေအနေကျရောက်လာတဲ့အတွက် အမျိုးသားရေးအကျပ်အတည်းကြီးအဖြစ် အားလုံးအမြန်ဝိုင်းဖြေရှင်းဖို့ အရေးတကြီးလိုအပ်နေပြီလို့ NCA တနိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေက သတိပေးပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာကို စစ်ကောင်စီဘက်က ပြန်ရဖို့ ကြိုးစားမူတွေရှိလာပြီး၊ လပိုင်းတွေအတွင်း ကုလအထွေထွေညီလာခံမှာ အဆုံးအဖြတ်ပေးရဖို့ မျှော်လင့်ထားကြပါတယ်။
မကြာခင်ကပြန်ဖွဲ့လိုက်တဲ့ ကိုဗစ်-19 ကပ်ရောဂါဆိုင်ရာအကြံပေးအဖွဲ့ နာယကနဲ့ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်နဲ့၊ မန္တလေး ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်တင်တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။
မြန်မာနိုင်ငံမှာ အခု ကိုဗစ်-19 လှိုင်းစပြင်းထန်လာချိန်မှာ၊ ပိုအဓိကထား ကာကွယ်စရာနဲ့ ကုသရေးပြင်ဆင်စရာတွေကို၊ အားလုံးဝိုင်းပူးပေါင်းလုပ်သင့်ပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက အထူးတိုက်တွန်းလိုက်ပါတယ်။ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက မေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်