ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့ ဖူးခက်ဒေသမှာ မိုးအကြီးအကျယ် ရွာသွန်းပြီး မြေပြိုကျတာကြောင့် မြန်မာ ၉ ဦး အပါအဝင် လူ ၁၃ ယောက် သေဆုံးသွားတယ်လို့ ထိုင်အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။
ဂျာမနီနိုင်ငံအနောက်ပိုင်း Solingen မြို့မှာ လူ ၃ ယောက် သေဆုံး၊ ၈ ယောက် ဒဏ်ရာရခဲ့တဲ့ ဓားနဲ့ထိုး တိုက်ခိုက်မှုမှာ မသင်္ကာသူအဖြစ် ဖမ်းဆီးထားသူဟာ အသက် ၂၆ နှစ်အရွယ် ဆီးရီးယားအမျိုးသားဖြစ်ကြောင်း ဒီကနေ့ အစောပိုင်းမှာပဲ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
Telegram အင်တာနက် ဆက်သွယ်ရေးလူမှုကွန်ရက် တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ရုရှား-ပြင်သစ် ကုဋေကြွယ်သူဋ္ဌေး Pavel Durov ကို ပါရီမြို့စွန်က Bourget လေဆိပ်မှာ မနေ့နှောင်းပိုင်းကပဲ ဖမ်းဆီးလိုက်ကြောင်း ပြင်သစ်ရုပ်သံဌာနတွေက ဖော်ပြလိုက်ကြပါတယ်။
Hezbollah အဖွဲ့ကို လက်ဦးမှုယူ တိုက်ခိုက်မှုအဖြစ် အစ္စရေးက ပြောဆိုလိုက်ပြီး လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ဒီကနေ့ အစောပိုင်း လေကြောင်းက အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းက Tripura ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာနဲ့ အတူ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် သေဆုံးသူ ၂၃ ဦးထက် မနည်းရှိနေသလို လူပေါင်း ၆ သောင်းခွဲကျော် နေအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သောကြာနေ့မှာ အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အတွင်း ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်က လူမှုအသိုင်းအဝန်းတွေ အစုအလိုက်အပြုံလိုက် ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ် ၇ နှစ် ပြည့်ချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ရုရှားရဲ့ ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့ ယူကရိန်းနိုင်ငံ လွတ်လပ်ရေး ၃၃ နှစ်ပြည့် အခမ်းအနားကို စနေနေ့ က ကိဗ် မြို့တော်မှာ ကျင်းပရာမှာ သမ္မတ Volodymyr Zelenskiy နဲ့ အတူ ပိုလန်သမ္မတ Andrzej Duda နဲ့ လစ်သူယေးနီးယား ဝန်ကြီးချုပ် Ingrida Simonyte တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဂါဇာ ကမ်းမြောင်မှာ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် အိမ်နီးချင်း အီဂျစ်နိုင်ငံမှာ ဟားမတ်စ် ကိုယ်စားလှယ် အပါအဝင် သက်ဆိုင်သူတွေ ပါဝင်တဲ့ အဆင့်မြင့် အစည်းအဝေး ကျင်းပနေချိန်မှာပဲ ဂါဇာ တောင်ပိုင်းမှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့လို့ ပါလက်စတိုင်း ၃၀ ဆယ်ကျော် သေဆုံးခဲ့ပါတယ်။
ရုရှားရဲ့ ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့ ယူကရိန်းနိုင်ငံ လွတ်လပ်ရေး ၃၃ နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၂၄ ရက် က ကိဗ်မှာ ကျင်းပရာမှာ သမ္မတ Volodymyr Zelenskiy နဲ့ အတူ ပိုလန်သမ္မတ Andrzej Duda နဲ့ လစ်သူယေးနီးယား ဝန်ကြီးချုပ် Ingrida Simonyte တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ခန်းယူနစ် Khan Younis မြို့က နေအိမ် တလုံးတည်းမှာတင် လေကြောင်း တိုက်ခိုက်မှု ကြောင့် ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၁၁ ဦး သေဆုံးခဲ့ပါတယ်။ လေကြာင်း တိုက်ခိုက်မှု ၃ ခု အပြီးမှာ မြို့တွင်းနဲ့ အနီးတတဝိုက်က စုစုပေါင်း အလောင်း ၃၃ လောင်း လက်ခံရရှိခဲ့တယ်လို့ ခန်းယူနစ်က Nasser ဆေးရုံက ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားစွမ်းအင် ပိုမိုအဆင့်မြင့်အောင် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်