ထိုင်းနိုင်ငံမှာ ဘတ်စ်ကားတိမ်းမှောက်တာကြောင့် (၁၈) ဦးထက်မနည်း သေဆုံးသွားပြီး (၂၃) ဦး ဒဏ်ရာရသွားပါတယ်။ ထိုင်းနိုင်ငံအရှေ့ဘက်ဒေသမှာ လေ့လာရေးခရီးသွားတဲ့ဘတ်စ်ကားဟာ ဒီကနေ့ ဖေဖေါ်ဝါရီ (၂၆) ရက်နေ့မှာ ဘရိတ်မမိဘဲ လမ်းဘေးတောင်နံရံတွေကိုဝင်တိုက်ပြီး မှောက်သွားတာလို့ ရဲတွေက ပြောပါတယ်။
ယူကရိန်းသဘာဝသယံဇာတတွေကရတဲ့ အကျိုးအမြတ်တွေ ပြန်ပြီးရင်းနှီးမြှုပ်နှံမယ့် ဖက်စပ်ရံပုံငွေထူထောင်ဖို့ အမေရိကနနဲ့ ယူကရိန်းကြား မူဘောင်သဘောတူညီချက်ရထားပြီလို့ ဒီညှိနှိုင်းမှုနဲ့နီးစပ်တဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တုတွေကရတဲ့ ငွေ ၅၀ % ကို ရင်းနှီးမြှုပ်နှံဖို့ပါဝင်မှာပါ။
ကုလသမဂ္ဂ အကြီးအကဲရဲ့ ရှေ့လ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်မှာ ရိုဟင်ဂျာတွေကို နိုင်ငံတကာက အကူအညီပေးရေးဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus ရဲ့ ဖိတ်ကြားချက်အရ မတ်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres သွားရောက်မှာပါ။
ပါလက်စတိုင်းအကျဉ်းသား ရာနဲ့ချီ ပြန်လွှတ်ပေးဖို့ အစ္စရေးဓားစာခံလေးဦးရဲ့ ရုပ်အလောင်းတွေကို ကြာသပတေးနေ့မှာ အစီအစဉ်အတိုင်း ဟာမတ်စ်တွေဘက်က ပြန်ပေးမယ်လို့ ပြောလိုက်ပါတယ်။ အပစ်ရပ်စဲရေး ပထမအဆင့်သက်တမ်းမကုန်ဆုံးခင်မှာ အခုလို ပြောလိုက်တာပါ။
ရုရှားရဲ့ ရန်လို ခြိမ်းခြောက်မှုတွေကြောင့် ဗြိတိန်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၇ မှာ တိုးမြှင့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က အင်္ဂါနေ့က ပြောပါတယ်။
လက်နက်အားလုံး နိုင်ငံတော် ထိန်းချုပ်မှုအောက်မှာ ရှိရမယ်လို့ ဆီးရီးယား ကြားဖြတ်အစိုးရ သမ္မတ Ahmed al-Sharaa က နိုင်ငံလုံးဆိုင်ရာ စကားဝိုင်း ညီလာခံမှာ ပြောလိုက်တဲ့အချိန်မှာပဲ ညီလာခံ ဆုံးဖြတ်ချက်တွေကို လက်ခံမှာ မဟုတ်ဘူးလို့ ကာဒ့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
အစ္စရေးလ်က ပါလက်စတိုင်း အကျဥ်းသားတွေကိုလွှတ်ဖို့ ဆိုင်းလိုက်တာဟာ အပစ်အခတ်ရပ်စဲရေး ပျက်ပျယ်သွားနိုင်ပြီး စစ်ထဲပြန်သွားရမယ့် အလားအလာ ရှိနေတယ်လို့ ဟားမတ်စ် အကြီးတန်းအရာရှိ Bassem Naim က စာနဲ့ရေးသား ပြောဆိုလိုက်ပါတယ်။
ငွေလိမ်ဂိုဏ်းတွေရဲ့ လက်ချက်ကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒေါ်လာ (၈၂၂) သန်း မနှစ်က ဆုံးရှုံးခဲ့ကြရ တယ်လို့ စင်္ကာပူရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။ အဲဒီအထဲမှာ Cryptocurrency လို့ခေါ်တဲ့ ဒီဂျစ်တယ် ငွေကြေးနဲ့သက်ဆိုင်တဲ့လိမ်လည်မှုတွေကြောင့် လေးပုံတပုံလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းတာကြောင့် ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့ နိုင်ငံခြားသား (၇,၀၀၀) လောက်အထိ ရှိနိုင်တဲ့အကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai မနေ့က သတိပေးတာကို The Nation သတင်းစာမှာ ရေးပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်က တင်သွင်းခဲ့တဲ့ “ငြိမ်းချမ်းရေးအတွက်လမ်း” လို့အမည်ပေးထားတဲ့ ဆုံးဖြတ်ချက်ဟာ ပိုပြီး မျှတမှု ရှိတယ်ဆိုပြီး ရုရှားကကြိုဆိုလိုက်ပါတယ်။ ဒီအဆိုပြုချက်ကို ဗြိတိန်နဲ့ဥရောပ မဟာမိတ်တွေကတော့ သိပ်သဘောမတူကြပါဘူး။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ် သုံးနှစ်မြောက်နေ့ တနင်္လာနေ့က စစ်ပွဲနဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချရာမှာ ဥရောပက ပြင်ဆင်လိုက်တဲ့ အမေရိကန် အဆိုပြုချက်ကို အမေရိကန်က မဲမပေးဘဲ နေခဲ့ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။
ယူကရိန်းက ရုရှားစစ် အဆုံးသတ်ဖို့ နီးနေပြီလို့ မျှော်လင့်ကြောင်း တနင်္လာနေ့မှာ ပြင်သစ်သမ္မတနဲ့ တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်