ကနေဒါနိုင်ငံက သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၂ ဆတိုးပြီး ၅၀ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်း သမ္မတ Donald Trump က ပြောလိုက်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်တဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာရာဇဝတ်မှု တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte (ရော့ဒရီကို ဒူတာတေး) ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒီကနေ့ မနီလာလေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အမေရိကန် အရာရှိတွေ ဒီနေ့ Saudi Arabia နိုင်ငံမှာ ယူကရိန်း အရာရှိတွေနဲ့ စတင် တွေ့ဆုံဆွေးနွေးနေပြီး ရုရှားနဲ့ တစိတ်တပိုင်းအားဖြင့် အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်ကို ယူကရိန်းဘက်က တင်ပြမယ်လို့ မျှော်လင့်ရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ICC ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း Rodrigo Duterte ကို မနီလာမြို့လေဆိပ်မှာ ရဲတပ်ဖွဲ့က ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ ကယ်ထုတ်ထားပြီး မြဝတီမြို့မှာ ပိတ်မိနေကြတဲ့ အိန္ဒိယနိုင်ငံသား ၅၄၀ ကို နှစ်သုတ်ခွဲပြီး အထူးလေယာဉ်နဲ့ အိန္ဒိယအစိုးရ ကယ်ထုတ်။
ကမ္ဘာ့နိုင်ငံအတော်များများက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေ အကြီးအကျယ် ဖိနှိပ်ခံနေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်ကမတ်လ ၁၀ ရက်နေ့မှာစတင်တဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂရဲ့ အမျိုးသမီးများအခြေပြုကော်မရှင် CSW ညီလာခံမှာ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကြပ်အလုပ်ခိုင်းစေခံရတဲ့ ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတည်းက ထိုင်းနိုင်ငံက ပြန်ပို့နေပြီး မနေ့က တနင်္ဂနွေနေ့ Tak ခရိုင်ကနေ နောက်ဆုံး ၇၁ ယောက် ပါတဲ့ လေယာဉ်ထွက်ခွာသွားကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
မူးယစ်ဆေး နှိမ်နင်းတဲ့စစ်ဆင်ရေးအတွင်း လူထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရတဲ့ အပေါ် ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတဲ့သတင်းထွက်လာချိန်မှာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ကဖမ်းဝရမ်းထုတ်မယ်ဆိုရင် အဖမ်းခံဖို့ အသင့်ရှိကြောင်း ဟောင်ကောင်မှာရောက်နေတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte ကပြောပါတယ်။
မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါးကို ထိုင်းနိုင်ငံကတဆင့် နေရပ်ပြန်ပို့ပေးလိုက်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားက တနင်္လာနေ့မှာ ပဲ့ထိန်းဒုံးကျည်တော်တော်များများကို ပင်လယ်ထဲပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ တောင်ကိုရီးယားနဲ့အမေရိကန်တပ်ဖွဲ့တွေရဲ့ (၁၁) ရက် ကြာ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဒီနေ့အစောပိုင်းစတင်ပြီး နာရီပိုင်းအကြာမှာ မြောက်ကိုရီးယားက ဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်ခဲ့တာပါ။
တနင်္ဂနွေနေ့တုန်းက ရုတ်တရက် သပိတ်မှောက်လိုက်ကြတာကြောင့် ဂျာမနီနိုင်ငံ ဟမ်းဘဂ်မြို့ လေဆိပ်မှာ ခရီးသည် ၄ သောင်းကျော်ရဲ့ အစီအစဥ်တွေ ထိခိုက်ကုန်ကြပါတယ်။
ကနေဒါရဲ့ အာဏာရ လစ်ဘရယ်ပါတီခေါင်းဆောင် ရွေးကောက်ပွဲမှာ ဗဟိုဘဏ်အကြီးအကဲဟောင်း Mark Carney အနိုင်ရသွားပြီး ဝန်ကြီးချုပ် Justin Trudeau ရဲ့ ရာထူးကို ဆက်ခံမှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့က ထွက်ပေါ်လာတဲ့ တရားဝင်ရလဒ်တွေက ဖော်ပြကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်