G7 နိုင်ငံခြားရေးဝန်ကြီးတွေ ကနေဒါနိုင်ငံဆွေးနွေးပွဲအတွင်း ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့ဆွေးနွေးကြဖို့ရှိပြီး မတ်လ (၁၁) ရက်က အမေရိကန်နဲ့ယူကရိန်း (၈) နာရီကြာဆွေးနွေးပြီးနောက် အမေရိကန်အဆိုပြုထားတဲ့ ရက် (၃၀) ယာယီ ချက်ချင်းအပစ်ရပ်ရေးကို လက်ခံဖို့အဆင်သင့်ရှိကြောင်း ယူကရိန်းက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်အတွင်း ရထားအကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ခရီးသည် (၁၉၀) ဦးကိုကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူ (၃၀) ကိုသုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာထုတ်ဖေါ်ပြောဆိုပါတယ်။
ကမ္ဘာကျော် ကိုရီးယား ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ထဲက Jennie ဂျန်နီက ဗြိတိသျှ အဆိုတော် Dua Lipa ဒူဝါလီပါနဲ့ တွဲဆိုထားတဲ့ “Handlebars” သီချင်း ဗီဒီယိုကို ထုတ်လိုက်ပါတယ်။
ထိုင်းရောက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဧပြီလ ၁ ရက်ကနေ မေလ ၁၅ ရက်အကြား သင်္ကြန်ကာလအတွင်း နေရပ်ပြန်ကြတဲ့အခါ ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ဗီဇာတုံး (Re-entry permit) ထုစရာမလိုကြောင်း ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေး Muhammad Yunus နဲ့အတူ မတ်လ ၁၄ ရက်နေ့မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
အမေရိကန် အဆိုပြုတဲ့ ရက် ၃၀ အပစ်ရပ်ရေးကို ယူကရိန်းအစိုးရက ထောက်ခံကြောင်း အမေရိကန်နဲ့ ယူကရိန်းတို့က ပြောဆိုကြပါတယ်။
အမေရိကန်သမ္မတ Donald Trump က ကနေဒါနဲ့ ကုန်သွယ်ရေးစစ်ပွဲကို အင်္ဂါနေ့မှာ ထပ်ပြီး တိုးမြှင့်လိုက်ပါတယ်။ ကနေဒါရဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ်မှာ အမေရိကန်က သွင်းကုန်ခွန်ကို ၅၀% ထိ တိုးမြှင့်လိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချစ်စတန် ပြည်နယ်တွင်းမှာ အင်္ဂါနေ့က နိုင်ငံတဝန်း ခုတ်မောင်းတဲ့ ခရီးသည်တင်ရထားကို စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့ပြီး လူအများအပြားကို ပြန်ပေးဆွဲထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte ကို ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ ကနေ လေယာဉ်နဲ့ ထွက်ခွာသွားပြီးဖြစ်ပြီး သူ့ကို သည်ဟိဂ်က နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ကို လွှဲပြောင်းပေးမှာဖြစ်ကြောင်း ဖိလစ်ပိုင် အရာရှိတွေက ပြောပါတယ်။
ကနေဒါနိုင်ငံက သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၂ ဆတိုးပြီး ၅၀ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်း သမ္မတ Donald Trump က ပြောလိုက်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်တဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာရာဇဝတ်မှု တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte (ရော့ဒရီကို ဒူတာတေး) ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒီကနေ့ မနီလာလေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အမေရိကန် အရာရှိတွေ ဒီနေ့ Saudi Arabia နိုင်ငံမှာ ယူကရိန်း အရာရှိတွေနဲ့ စတင် တွေ့ဆုံဆွေးနွေးနေပြီး ရုရှားနဲ့ တစိတ်တပိုင်းအားဖြင့် အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်ကို ယူကရိန်းဘက်က တင်ပြမယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်