အဆုပ်ရောင်ရောဂါကြောင့် ၁၇ ရက်ကြာ ဆေးကုသမှု ခံယူနေရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ကျန်းမာရေး မကောင်းတဲ့ကြားမှာပဲ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက ပဋိပက္ခဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးလိုက်ပါတယ်။
မြောက်ကိုရီးယားက တန်ပြန်တိုက်ခိုက်ရေးအတွက် ခရုဇ်မစ်ဇိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ၊ အင်အားပြတဲ့အနေနဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု တောင်ကိုရီးယားနိုင်ငံကို ဒီကနေ့ ရောက်လာပါတယ်။
အမေရိကန်ကို တင်ပြမယ့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်အတွက် ပြင်သစ်၊ ယူကရိန်းတို့နဲ့ အတူ ဗြိတိန်နိုင်ငံက ပူးပေါင်းကြိုးပမ်းဖို့ သဘောတူလိုက်ကြောင်း ဝန်ကြီးချုပ် Keir Starmer က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသကို ပို့ဆောင်နေတဲ့ ကုန်ပစ္စည်းတွေနဲ့ အထောက်အပံ့တွေအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း အစ္စရေးက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
ယူကရိန်း အရှေ့ပိုင်းက ကျေးရွာ ၂ ရွာကို ရုရှားတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းယူလိုက်တဲ့အကြောင်း ရုရှားအစိုးရက စနေနေ့မှာ ပြောပါတယ်။ တချိန်တည်းမှာပဲ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသတချို့မှာ လူတဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ယူကရိန်း အစိုးရအရာရှိတွေကလည်း ပြောပါတယ်။
အကျဉ်းကျခံနေရတဲ့ PKK ကဒ်အလုပ်သမားပါတီ ခေါင်းဆောင် Abdullah Ocalan (အဗ္ဗဒူလာ အိုဂျာလန်) က သူ့အဖွဲ့ကို လက်နက်ချဖို့ ပြောကြားခဲ့တဲ့နောက် ကဒ် သူပုန်တွေက စနေနေ့မှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာလိုက်ပါတယ်။ ဒါဟာ ကဒ်အဖွဲ့ရဲ့ နှစ်ပေါင်း ၄၀ ကျော် လက်နက်ကိုင် တော်လှန်နေမှုတွေ အဆုံးသတ်သွားစေတာလည်း ဖြစ်ပါတယ်။
အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအချီက တိုးတက်မှုမရှိဘဲ ပြီးဆုံးသွားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက အစ္စာလာမ် ဘာသာတွေရဲ့ ဥပုသ်လ စတင်တဲ့ အခါသမယမှာ ဆုမွန်ကောင်း တောင်းကြောင်း မတ်လ ၁ ရက် (စနေနေ့) မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မတ်လ ၄ ရက်နေ့ တွေ့ဆုံမယ်လို့ ရုရှားသမ္မတရုံးက ကြေညာပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးရှိမယ့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအပြင် နိုင်ငံတကာကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိပါတယ်။
ကမ္ဘောဒီးယားမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းနေရာမှာ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသား ၁၁၉ ယောက်ကို ထိုင်းနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေက ဒီကနေ့ စနေနေ့မှာပြောဆိုပါတယ်။
ယူကရိန်းနိုင်ငံက မြေရှားသတ္တုအပါအဝင် သယံဇာတတွေကို အမေရိကန်က ရယူပိုင်ခွင့် သဘောတူညီချက်ကို ယူကရိန်းနဲ့ အမေရိကန်ကြား သောကြာနေ့က လက်မှတ်မထိုးနိုင်ခဲ့ဘူးလို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။
ါရှင်တန်မြို့တော်မှာ အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတ အခြေအတင်ဖြစ်ခဲ့ပြီးနောက် ယူကရိန်းဘက်က ရပ်တည်ကြောင်း ဥရောပခေါင်းဆောင်အများစုတုံ့ပြန်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်