ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိရာ ခရိုင် ၅ ခုမှာ ရွှေပြောင်း ဝင်ရောက်လာသူတွေနဲ့ တိုင်းပြည် စွန့်ခွါလာခဲ့သူတွေကို အများပြည်သူ ကျန်းမာရေးကိစ္စအတွက် ကိုယ်ရေးအချက်အလက်တွေ ကောက်ယူတဲ့ ကနဦး အစီအစဉ်တခုကို လုပ်ဆောင်နေပါတယ်။
ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံ စံခလာဘူရီမြို့အနီး မြန်မာနိုင်ငံ ဘုရားသုံးသူမှာ သောကြာနေ့ နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ရာဂဏန်းရှိတဲ့ စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ မွတ်ဆလင်အမျိုးသားတွေကို မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်တာတွေရှိနေတာကြောင့် ဒုက္ခသည်စခန်းအတွင်းက အမျိုးသားတွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ မွတ်လင်ဒုက္ခသည်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ AA ရခိုင်တပ်တော် စစ်ရေးအားသာလာချိန် စစ်ကောင်စီဖက်က ရိုဟင်ဂျာတွေကို အသုံးချလာတာကြောင့်၊ လူမျိုးရေး အကြမ်းဖက်မှုအန္တရာယ် ကြီးမားလာနေတယ်လို့ ICG နိုင်ငံတကာပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။
ဒီအစီစဥ်ဟာ လိင်ဆက်ဆံမှုကနေတဆင့် ကူးဆက်နိုင်တဲ့ HPV နဲ့ ကိုဗစ် ၁၉ တို့လို ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဆေး ထိုးပြီးမပြီး အဓိက သိရှိနိုင်ဖို့ဖြစ်တယ်လို့ ထိုင်း ကူးစက်ရောဂါထိန်းချုပ်ရေးဌာနကပြောပါတယ်။ ဒီအစီအစဉ်ကို အမျိုးသားကွန်ပျူတာ နည်းပညာဌာနနဲ့ပူးတွဲလုပ်ဆောင်တာပါ။
ဘုရားသုံးဆူအနီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေ၊ ဗုံးသံတွေ ကြားခဲ့ရသလို၊ မီးခိုးလုံးတွေလည်း ထွက် ပေါ်လာခဲ့တယ်လို့ ထိုင်းဘက်က မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါပေမဲ့ ဘယ်တပ်ဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်ပွားတာကိုတော့ အတိအကျ မသိရသေးပါဘူး။
AA အနေနဲ့ ပြီးခဲ့တဲ့ ၆ လလောက်က ပြန်စတိုက်လိုက်တဲ့ ဒီတခေါက် စစ်ဆင်ရေးထဲ ရခိုင်ပြည်နယ်က မြို့ကြီးအတော်များများကို သိမ်းနိုင်လာခဲ့ပါတယ်။ အခုနောက်ဆုံး ရိုဟင်ဂျားအများစုရှိတဲ့ မြို့တွေကိုပါ သိမ်းပိုက်သလို ဖြစ်လာချိန်မှာ စစ်ကောင်စီဘက်က ရိုဟင်ဂျာတွေသုံးပြီး တန်ပြန်လာတာလို့ ICG က ထောက်ပြလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းက မွတ်ဆလင်ဒုက္ခသည် စခန်းတွေမှာရှိတဲ့ အသက် ၁ဝ နှစ်ကနေ အသက် ၆ဝ အောက်အမျိုးသား ၅ဝ၀ ကျော်လောက်ကို ဒီရက်ပိုင်းအတွင်းမှာပဲ ARSA, RSO, ARA စတဲ့ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင် သွားတာရှိတယ်လို့ မွတ်ဆလင်ဒုက္ခသည်တဦးကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ ထောင် ၅၄ နှစ် ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဒီနေ့မှာ မုံရွာ ထောင်တွင်း တရားရုံးကနေ နောက်ထပ် ထောင်ဒဏ် အနှစ် ၂၀ ထပ်မံ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက အတည်ပြုပါတယ်။
ဘယ်လောက် အတိုင်းအတာအထိ ဒီလုပ်ငန်းတွေ ကြီးထွားနေပြီလဲဆိုတာ ခန့်မှန်းရခက်ပေမဲ့ အခုနောက်ပိုင်း ဒီကိစ္စတွေကိုပဲ အဓိက ကူညီဖြေရှင်းပေးနေရတယ်လို့ တရုတ်နယ်စပ်က မြန်မာလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အစည်းဝေးလုပ်နေချိန် စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း သေဆုံးခဲ့သူ ၅,၀၀၀ ကို အတည်ပြုနိုင်ပြီး သေဆုံးပြီး အတည်မပြုနိုင်သေးသူ ၁,၇၅၀ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်