ရခိုင်မှာကြီးထွားလာနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ နှစ်ဘက် အသိုင်းအဝန်းရဲ့ ရှေ့အလားအလာတွေအကြောင်းကို မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုကျော်ကြာ နေထိုင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ပညာရေးနဲ့ လေ့လာရေး အလုပ်တွေ လုပ်နေတဲ့ Jessica Olney ကို ကိုငြိမ်းချမ်းအေးက Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာအောင်၊ တည်ငြိမ်အောင်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လိုအပ်တာ ပံ့ပိုးနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ လုပ်နေပါတယ်လို့ ဝန်ကြီးချုပ် Srettha ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရပ်သား အရပ်သားပြည်သူ ထိခိုက်နစ်နာမှုပိုများလာတဲ့အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကာအကွယ်ပေးဖို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဒီကနေ့ ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကိုသွားတဲ့ အဓိက မီးရထားလမ်းက ပဲခူးတိုင်း၊ ဖြူးမြို့နယ်နားဖြတ်သွားတဲ့ မီးရထားလမ်းအပိုင်းမှာ ဒီကနေ့ မိုင်းခွဲခံရပြီး ရထားလမ်း ပျက်စီးသွားတဲ့အတွက် ခရီးစဉ်တွေ ယာယီရပ်နားထားတယ်လို့ ရထားပို့ဆောင်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
မေလ ၁၉ ရက်က KNU တပ်မဟာ ၆ တပ်တွေရှိတဲ့ ကော့ကရိတ်မြို့နယ် ဒူးပလာယာခရိုင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဖူ့ချိမူ တပ်စခန်းကို KNLA/ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးတဲ့ စစ်သားတွေဖြစ်ပါတယ်။
လူမျိုးရေးအခြေခံ ပဋိပက္ခတွေအရင်ကတည်းကရှိနေတဲ့ ရခိုင်ပြည်နယ်မှာ အခုနောက်ထပ်ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ရိုဟင်ဂျာ ၄ သောင်းခွဲလောက်ရှိနေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
မေလ ၂၃ ရက်နေ့က ကျရောက်တဲ့ ဗုဒ္ဓနေ့ကို ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာဝင်တွေလိုပဲ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာလည်း မနေ့က သမ္မတ အိမ်ဖြူတော်နဲ့ ဝါရှင်တန်မြို့တော်က အထင်ကရ လွတ်လပ်ရေး ကျောက်တိုင်နေရာတွေမှာ ဗုဒ္ဓနေ့ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။
ထိုင်းနိုင်ငံကဒုက္ခသည် စခန်းတွေမှာ နေထိုင်တဲ့ မြန်မာဒုက္ခသည်တွေ ထဲက အမေရိကန်ပြည်ထောင်စုမှာ အခြေချဖို့ အရည်ချင်းပြည့်သူတွေကို လူတွေ့မေးမြန်းမှုတွေ စတင်တော့မယ်လို့ ထိုင်းအစိုးရက ပြောပါတယ် ဒီနှစ်ကုန်လောက်မှာ ပထမအသုတ်ကို ပို့ပေးဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်
တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တကမ္ဘာလုံးမှီခိုနေရတဲ့ မြေရှားသတ္တု ထုတ်လုပ်မှု ရုတ်ချည်းတိုးလာတာကြောင့် ဒေသခံတွေကိုရော သဘာဝဝန်းကျင်ကိုပါ ဆိုးရွားစွာ ထိခိုက်လာတာ တွေ့ရတယ်လို့ နိုင်ငံတကာ သဘာဝသယံဇာတအရေး စောင့်ကြည့်တဲ့ Global Witness အဖွဲ့က သတိပေးလိုက်ပါတယ်။
ရွှေစျေးနှုန်းကို ထိန်းနိုင်ဖို့ ရွှေအရောင်းနဲ့ အဝယ်ကို ယာယီပိတ်ထားမယ်လို့ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ကမ္ဘာ့ရွှေစျေးနဲ့အတူ တဖြည်းဖြည်း လိုက်တက်လာတဲ့ ပြည်တွင်းအခေါက်ရွှေစျေးက တကျပ်သားကို ပြင်ပမှာ ကျပ် ၅၂ သိန်းကျော်အထိ တက်လာခဲ့ပါတယ်။
ဝိုင်းမော်မြို့အနီးမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဝိုင်းမော်နဲ့ ဝိုင်းမော်အနီးအနားက ကျေးရွာတွေက ပြည်သူတွေဟာ နောင်ချိန်းရွာဘက်နဲ့ မြစ်ကြီးနားဘက်ကို တိမ်းရှောင်နေကြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် Fang District၊ ဖန်မြိုနယ်အတွင်းက ရဲစစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းခဲ့တဲ့ ပစ်ကပ်ကားငယ်တစီးကို နယ်စပ်စစ်ဆေးရေးဂိတ်ကနေ လိုက်လံဖမ်းဆီးရာမှာ မြန်မာနွယ်ဖွား လားဟူတိုင်းရင်းသားတဦးကို ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေးပြား နစ်သန်းနဲ့ ဖမ်းမိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်