ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့အတွက် ရည်ရွယ်ပြီး ပြည်ဝင်ခွင့်ဗီဇာ အခွင့်အရေးပိုပေးမဲ့ အစီအစဉ်သစ်ကြောင့် မြန်မာနိုင်ငံသားတွေလည်း ပိုအကျိုးရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
လက်ရှိဗဟိုဘဏ်ရဲ့ တိုင်တွယ်မှုညံဖျင်းတာ အပါအဝင် စီမံခန့်ခွဲသူတွေနဲ့ ဘဏ်တွေအပေါ် အများပြည်သူ ယုံကြည်မှု ပိုကျဆင်းလာတာကလည်း အဓိကအကြောင်းရင်းဖြစ်တယ်လို့ သုံးသပ်သူတွေက ထောက်ပြကြပါတယ်။
စစ်ကိုင်းဖိုရမ် တည်ထောင်ခဲ့တဲ့ ၁ နှစ်အတွင်း အောင်မြင်မှုတချို့ ရှိခဲ့သလို အခက်အခဲတွေနဲ့လည်းကြုံခဲ့ရပြီး စစ်ကိုင်းတိုင်းရဲ့ ကြမ္မာကို စစ်ကိုင်းတိုင်းသူ တိုင်းသားတွေ ဖန်တီးခွင့်ရှိရမယ်ဆိုတဲ့ လမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းသွားမယ်လို့ ဖိုရမ်တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ်တွေနဲ့ လူငယ်တွေအပေါ် သက်ရောက်ထိခိုက်နေတဲ့ အခြေအနေကို New York မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစစ်တပ်က နယ်မြေတွေ စခန်းတွေ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လက်လွှတ်ခဲ့ရချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အင်အားခိုင်မာအောင် တည်ဆောက်လာခဲ့တဲ့အကြောင်းနဲ့ နယ်မြေတွေ ပိုမို ထိန်းချုပ်လာတဲ့အကြောင်း မြန်မာနိုင်ငံ ပဋိပက္ခလေ့လာတဲ့ စစ်တမ်းနှစ်စောင်မှာ ရေးသားထားပါတယ်။
နိုင်ငံခြားငွေစျေးတွေ နှစ်ရက်အတွင်း ထိုးတက်လာပြီးနောက် လူမှုကွန်ရက်ပေါ်ကနေ ငွေလဲနှုန်း ဆွဲတင်နေသူတွေကို အရေးယူသွားမယ်လို့ မြန်မာဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ရခိုင်မြောက်ပိုင်းက AA နဲ့ စစ်ကောင်စီအကြား စစ်ရေးပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ်အကြမ်းဖက်မှုတွေရှိတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တွေနဲ့ အပြန်အလှန် ပြစ်တင်နေပါတယ်။
အားလုံးပါဝင်တဲ့ ဆွေးနွေးရေး ကို အမေရိကန် ပြည်ထောင်စုက ထောက်ခံပြီး၊ ကျယ်ပျံ့နှံ့စပ် တကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်အချက်အားဖြင့်သာ လက်ရှိ ကြောက်မက်ဖွယ် ပဋိပက္ခ ကို ငြိမ်းချမ်း တရားမျှတစွာ အဆုံးသတ်နိုင်ပါမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောကြားလိုက်ပါတယ်။
ချင်းပြည်နယ်အတွင်းမှာ စစ်ရေးအရှိန်မြှင့်တင်ပြီး အခုနှစ်အတွင်း ချင်းပြည်မှာ စစ်ကောင်စီတပ်တွေ ကင်းစင်တဲ့အထိ ကြိုးစားနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နေအိမ်တွေ မီးရှို့ခံရမှုဖြစ်စဉ်အပေါ် အပြန်အလှန်အငြင်းပွားနေချိန်မှာပဲ ရိုဟင်ဂျာမွတ်ဆလင်တွေဖက်ကတော့ သူတို့ဟာ နှစ်ဖက်အကြား မြေစာပင်ဖြစ်နေရတယ်ဆိုပြီး ပြောနေပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် အခြေခံ လိုအပ်ချက်တွေနဲ့ လူမှုအကျပ်အတည်းတွေမှာ သုံးစွဲဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့ပေးဖို့ ကမ္ဘာ့ဘဏ် အမှုဆောင်ညွန်ကြားရေးမှူးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်