မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် အခြေခံ လိုအပ်ချက်တွေနဲ့ လူမှုအကျပ်အတည်းတွေမှာ သုံးစွဲဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့ပေးဖို့ ကမ္ဘာ့ဘဏ် အမှုဆောင်ညွန်ကြားရေးမှူးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်တွေမှာ SpaceX ကုမ္ပဏီရဲ့ Starlink ဆက်သွယ်ရေးစနစ်ကို အသုံးချတာတွေ ရှိနေတယ်လို့ နယ်စပ်ဒေသ အကဲခတ်တချို့က ပြောပါတယ်။
ကရင်နီဒေသ လွိုင်ကော်မြို့တဝိုက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ထိုးစစ်ဆင်ရာမှာ အရပ်သားတွေ နေထိုင်ရာ နေရာတွေကိုပါ ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်းနေတဲ့အတွက် အမေရိကန်ဒေါ်လာအပါအဝင် ကုန်သွယ်ရေးမှာ အဓိကအသုံးပြုနေတဲ့ တရုတ်ယွမ်နဲ့ ထိုင်း ဘတ်ငွေဈေးနှုန်းတွေနေ့စဉ် စံချိန်တင်မြင့်တက်နေပါတယ်။
မြန်မာစစ်အုပ်စုနဲ့ မဟာမိတ်တွေဖြစ်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ ဆိုက်ဘာလိမ်လည်ဒုစရိုက်လုပ်ငန်းတွေ ဒေသတွင်း ကွန်ရက်ဖွဲ့ ရာဇဝတ်မှုကျူးလွန်နေကြောင်း Justic for Myanmar (JFM) ရဲ့ ဒီကနေ့ မေလ ၂၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ထိလွယ်ရှလွယ်တဲ့ အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေပိုပြီးကြီးထွားအောင် စစ်ကောင်စီက ဖန်တီးနေရာမှာ သတင်းတု၊ သတင်းမှားတွေပါ ဖြန့်ချိတဲ့ နည်းနာကို အသုံးပြုနေကြောင်း PVTV တာ၀န်ခံမန်နေဂျာ ဦးနေဘုန်းလတ်က ဗွီအိုအေကိုပြောပါတယ်။
"ဒီတော်လှန်ရေးက ရေရှည်တော်လှန်ရေး ဖြစ်တယ်။ ဒီကြားကာလမှာပဲ လိုအပ်တဲ့ဟာတွေကို ဆက်ပြီးတော့ လုပ်နေဖို့လိုတယ်ဆိုတဲ့ စိတ်ကူးနဲ့ မိုးရာသီသစ်ပင်စိုက်တဲ့လှုပ်ရှားမှုလေး လုပ်ဖြစ်တယ်။ ပြည်သူတွေအတွက်၊ တိုင်းပြည်အတွက်၊ ကမ္ဘာကြီးအတွက် လိုအပ်တယ်ဆိုတဲ့ဟာမျိုး နားလည်ထားတယ်ပေါ့ဗျာ။" (ကိုမင်းလွင်ဦး-DDMSC တာဝန်ခံ)
ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်အတွင်း မြန်မာနယ်စပ်နဲ့ တကီလိုသာကွာတဲ့ ဒွိုင်စန်တောင်တန်းမှာ မြန်မာဘက်က မူးယစ်ဆေးဝါးတွေသယ်လာတဲ့လက်နက်ကိုင်တွေနဲ့ ထိုင်းအမှတ် ၃၂၀၇ ရိမ်းဂျားတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စိတ်ကြွဆေးပြား ၃ သိန်းဖမ်းမိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အောက်မေ့ဖွယ်နေ့အခမ်းအနားကို Minnesota ပြည်နယ်မှာ လာအိုနွယ်ဖွား Hmong လူမျိုးတွေ ဦးဆောင်ပြီး ကျင်းပရာမှာ၊ အမေရိကန်ရောက် ကရင်လူမျိုးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အဲဒီ ပွဲကို တတ်ရောက်ခဲ့တဲ့ ဟောင်ဆာက သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့မှာ နေအိမ်တွေမီးရှို့ခံရပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးအရ အရေးပါတဲ့ မြစ်ကြီးနားလမ်းပိတ်ထားတာ ၂လကျော်ကြာလာချိန်မှာ ပူတာအိုမြို့မှာ ဆန်နဲ့ လောင်စာဆီ အခက်အခဲတွေ ကြုံတွေ့နေရသလို ဈေးတွေလည်း အဆမတန်မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဟာ ဆိုရင်လည်း ဓာတုပစ္စည်းနဲ့ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ အဓိက ထုတ်လုပ်ရာဒေသ ဖြစ်နေတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်