သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီဝအချက်လက် ကနဦးကောက်ယူမှု ထိုင်းခရိုင် ၅ ခုမှာ စတင်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတဦးကို ကျန်းမာရေးဝန်ထမ်းက ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတဦးကို ကျန်းမာရေးဝန်ထမ်းက ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ။

ဒီအစီစဥ်ဟာ လိင်ဆက်ဆံမှုကနေတဆင့် ကူးဆက်နိုင်တဲ့ HPV နဲ့ ကိုဗစ် ၁၉ တို့လို ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဆေး ထိုးပြီးမပြီး အဓိက သိရှိနိုင်ဖို့ဖြစ်တယ်လို့ ထိုင်း ကူးစက်ရောဂါထိန်းချုပ်ရေးဌာနကပြောပါတယ်။ ဒီအစီအစဉ်ကို အမျိုးသားကွန်ပျူတာ နည်းပညာဌာနနဲ့ပူးတွဲလုပ်ဆောင်တာပါ။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိရာ ခရိုင် ၅ ခုမှာ ရွှေပြောင်း ဝင်ရောက်လာသူတွေနဲ့ တိုင်းပြည် စွန့်ခွါလာခဲ့သူတွေကို အများပြည်သူ ကျန်းမာရေးကိစ္စအတွက် ကိုယ်ရေးအချက်အလက်တွေ ကောက်ယူတဲ့ ကနဦး အစီအစဉ်တခုကို လုပ်ဆောင်နေကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး မေလ ၁၀ ရက်နေ့က ဘနားမား သတင်းမှာဖေါ်ပြထားပါတယ်။

ဒီအစီစဥ်ဟာ လိင်ဆက်ဆံမှုကနေတဆင့် ကူးဆက်နိုင်တဲ့ HPV နဲ့ ကိုဗစ် ၁၉ တို့လို ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဆေး ထိုးပြီးမပြီး အဓိက သိရှိနိုင်ဖို့ဖြစ်တယ်လို့ ထိုင်း ကူးစက်ရောဂါထိန်းချုပ်ရေးဌာနကပြောပါတယ်။ ဒီအစီအစဉ်ကို အမျိုးသားကွန်ပျူတာ နည်းပညာဌာနနဲ့ပူးတွဲလုပ်ဆောင်တာပါ။

ရွှေပြောင်းဝင်ရောက်လာသူတွေ ကာကွယ်ဆေးထိုးပြီးမပြီး သိနိုင်ဖို့နဲ့ ဘယ်နှစ်ကြိမ် ထိုးပြီးပြီ ဆိုတာတွေကို သိဖို့ဖြစ်ပါတယ်။ တကြိမ်တခါပဲ ထိုးထားတယ်ဆိုရင်လည်း နောက်ထပ် ထိုးပေးနိုင်ဖို့ဖြစ်ပါတယ်လို့ နည်းပညာညွှန်ကြားရေးမှုး ချိုင်ဝတ်တီဝပ်ချိုင် Chai Wutitiwatchai ကပြောပါတယ်။

လောလောဆယ် အချိန်အထိ လူ ၁ သောင်းလောက်ကို အချက်အလက် ကောက်ယူပြီး ဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများစုရှိတဲ့ ခရိုင်တွေဖြစ်တဲ့ တပ်ခ်၊ စမုန်စခွန်၊ ပရာချပ် ခရီခန် အပါအဝင် ခရိုင် ၅ ခုမှာ ဦးစွာလုပ်မှာ ဖြစ်ပါတယ်။

အချက်အလက်ကောက်ယူရာမှာ မျက်နှာနဲ့ မျက်လုံးတွေကို ကွန်ပျူတာစနစ်နဲ့ မှတ်သားတာတွေလည်း ပါဝင်တဲ့အတွက် ရွှေပြောင်းအလုပ်သမားတွေရဲ့ ပုံပန်းသဏ္ဍန်နဲ့ ကိုယ်ရေးအချက်အလက်တွေ အပါအဝင် ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် အလုပ်သမားအရေး လှုပ်ရှားသူတွေက စိုးရိမ်ပူပန်နေကြပါတယ်။

ဇီဝအချက်လက် ကနဦးကောက်ယူမှု ထိုင်းခရိုင် ၅ ခုမှာ စတင်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG