မြန်မာပြည်သူတွေက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိမှုနဲ့ နိုင်ငံသားတိုင်း နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှုတို့ နဲ့ ပတ်သက်ပြီး အသိအမြင်ဗဟုသုတ အားနည်းနေသည်ကို တွေ့ရတယ်လို့ စစ်ကောင်စီ သတင်းစာက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ စွပ်စွဲရေးသားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ Los Angeles မြို့မှာ တောမီးတွေလောင်တော့ ဒေသခံတွေဟာ မီးနဲ့ဆက်နွယ် ဖြစ်ပေါ်နိုင်တဲ့ လက်ငင်းအန္တရာယ်တွေအကြောင်း App တွေကတဆင့် အချက်အလက် ရှာဖွေကြပါတယ်။ ဒီအကြောင်း Michelle Quinn သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ Diversity and Inclusion Scholarship Program မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆုကို ပိတ်လိုက်ပြီလို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။ ဒီအကြောင်း ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
ငါးနှစ်ထဲကို ဝင်လာတဲ့ မြန်မာ့အကျပ်အတည်း၊ အာဆီယံနဲ့ ထိုင်းနိုင်ငံအနေနဲ့ ရေရှည်တည်တန်တဲ့ အဖြေရှာအောင် အပြီးသတ် လုပ်ဆောင်ပေးနိုင်မလားဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲအကြောင်း ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ဇန်နဝါရီ ၃၀၊ ၂၀၂၅ - တီဘီရောဂါ ကုသမှုခံယူရေးအတွက် ဘာတွေစလုပ်သင့်တာနဲ့ တခြားဘာတွေ သိသင့်တာတွေကို ဘယ်လို ပညာပေးသင့်ပါလဲ။
ရေတွေခဲနေတဲ့ Greenland ကျွန်းကြီးကို ဒိန်းမတ်တို့လက်က ဝယ်ယူလိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် ဓာတ်သတ္တုကြွယ်ဝတဲ့ အဲဒီကျွန်းကို ကမ္ဘာက ပိုပြီး အာရုံစိုက်လာကြပါတယ်။ Greenland ကျွန်းရဲ့မြို့တော် Nuuk ကနေ Henry Ridgwell ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
တရုတ်နိုင်ငံမှာ ဂိမ်မာ၊ ကွန်ပြူတာ၊ ဗွီဒီယို ဂိမ်းကစားကြတဲ့ မိန်းကလေးတွေဟာ ကျော်ကြားမှုသာမက တန်းတူညီမျှမှုတွေကို ယှဉ်ပြိုင်ဖို့ အမျိုးသားတွေကြီးစိုးရာ ဒီ နယ်ပယ်မှာ အမျိုးသမီးတွေ နေရာရဖို့အတွက် ကြိုးပမ်းနေကြပါတယ်။ ဒီအကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရားမဝင်နေထိုင်သူတွေ နေရပ်ရင်းနိုင်ငံကို ပြန်ပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Donald Trump နဲ့ ကိုလံဘီယာ သမ္မတတို့ကြား လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ပဋိပက္ခ ဖြစ်ခဲ့ပေမယ့် အခြေအနေတွေ ပုံမှန် ပြန်ဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
စစ်ကောင်စီ ချေမှုန်းရေး တိုက်ပွဲတွေမှာ နာမည်ရထားတဲ့ ချင်းတော်လှန်ရေးမှာ အုပ်စု(၂)စုကွဲသွားတဲ့အတွက် ချင်းဒေသက နွေဦးတော်လှန်ရေးကို စိုးရိမ်ပူပန်နေကြပါတယ်။ တကယ်တော့ အနှစ်(၃၀)ကျော်ကွာခြားတဲ့ ချင်းတော်လှန်ရေးမျိုးဆက်(၂)ဆက်ရဲ့ အတွေးအခေါ်အယူအဆတွေ ကွဲပြားနေတာသာဖြစ်ကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
အမေရိကန်အကူအညီဆိုင်းငံမှုကြောင့် ပြည်တွင်းနဲ့ နယ်စပ်က မိခင်နဲ့ကလေးစောင့်ရှောက်မှု၊ HIV-AIDS ကိုယ်ခံအားကျရောဂါ၊ တီဘီ အဆုပ်နာ၊ ငှက်ဖျားရောဂါ ကုသမှုနဲ့ သတင်းဌာနလုပ်ငန်း၊ အရပ်ဖက်အဖွဲ့အစည်းစွမ်းရည်မြှင့်တင်မှုတွေ ထိခိုက်နိုင်တာ ဖြစ်ပါတယ်။ ကိုဝင်းမင်းက ပြောပြပေးပါမယ်။
ညစ်ပတ်နေတဲ့ခြေအိတ်တွေကို အဝတ်လျှော်ခြင်းထဲ ကောက်မထည့်ထားဘူးလား။ AI ဖုန်စုပ်စက်လေးက လုပ်ပေးနိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံး AI စက်ရုပ်လက်တံပါ ဖုန်စုပ်စက်ဖြစ်ပြီး Roborock Saros Z70 ဖုတ်စုပ်စက်လေးက ခြေအိတ်၊ ဖိနပ်၊ မျက်နှာသုတ်ပဝါလို အလေးချိန် ဂရမ် ၃၀၀ အောက် ပစ္စည်းသေးတွေကို နေရာတကျ သိမ်းပေးနိုင်ပါတယ်။
၁၄ လကြာ ဂါဇာစစ်ပွဲရဲ့ ခနော်ခနဲ့ အပစ်ရပ်ရေး သဘောတူညီချက်ပါ အဆင့် ၃ ဆင့်လုံး ချောမွေ့အောင်မြင်နိုင်ခြေ ရှိပါသလား။ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်မဲ့ အလားအလာကော ဘယ်လို ရှိပါသလဲ။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။