အာဖရိကဒေသမှာ ကူးစက်ပြန့်ပွါးနေတဲ့ Mpox ခေါ် မျောက်ကျောက်ရောဂါကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ ဒီမျောက်ကျောက် ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇ ပြောင်းလဲရှင်သန်မှုဟာ ထင်တာထက် ပိုမြန်နေတာတွေ့ရပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
၂၀၂၂ ဖေဖော်ဝါရီလ ရုရှား ကျူးကျော်စစ်မတိုင်ခင်ကဆိုရင် ယူကရိန်းနိုင်ငံမှာ အမေရိကန်ဘောလုံးကစားနည်းဟာ လူကြိုက်များလာခဲ့ပါတယ်။ အခုတော့ ကစားသမားတွေကိုယ်တိုင်က ရှေ့တန်းစစ်မျက်နှာသွား ရောက်နေတဲ့အတွက် ကလေးတွေနဲ့ လူငယ်တွေကသာ ကစားနေကြရတဲ့အကြောင်း ကိုခင်မောင်စိုးမင်းက ပြောပြထားပါတယ်။
တရုတ်လျှပ်စစ်ကားတွေကို သွင်းကုန်ခွန် စကောက်တော့မယ်လို့ EU က ကြေညာလိုက်ပြီးနောက်တရုတ်ကလည်း သူ့နိုင်ငံထဲ တင်သွင်းနေတဲ့ EU နို့ထွက်ပစ္စည်းတွေအပေါ် အခွန် စည်းကျပ်ဖို့ စတင် လုပ်ဆောင်လာတဲ့အကြောင်းနဲ့ အင်ဒိုနီးရှားရဲ့ မြို့တော်သစ်စီမံကိန်းကို အချိန်မီ မပြီးသေးတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်မှာရှိတဲ့ နွေရာသီစခန်းတခုမှာ အစ္စရေး၊ ပါလက်စတိုင်း၊ အီဂျစ်နဲ့ အမေရိကန် လူငယ် ၄၆ ယောက်တို့ ၁၉၉၃ ခုနှစ်ကတခါ ဆုံဆည်းခဲ့ကြဖူးပါတယ်။ စစ်ပွဲကြား က လူငယ်တွေကို လုံခြုံတဲ့ အနာဂတ်တခု တည်ဆောက်နိုင်အောင် အခွင့်အလမ်း ဖန်တီးပေးဖို့ ရည်ရွယ်ပြီး Wallach က ဒီအစီအစဥ်ကို စခဲ့တာပါ။
သွေးလွန်တုပ်ကွေး မပြင်းထန်တဲ့အဆင့်ကို အိမ်မှာကုသနိုင်တာမှာ အဖျားကျဆေးတမျိုးဖြစ်တဲ့ ပါရာစီတမောပေးပြီး ရေနဲ့ဆားဓာတ်ဖြည့်ပေးသင့်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ဖျားနာကိုက်ခဲပျောက်ဆေးတွေဖြစ်တဲ့ Asprin (ဘာစပရို)၊ Diclofenac ၊ Ibuprofen တွေက သွေးကိုကျဲစေပြီး သွေးကို ပိုပြီး ယိုစေနိုင်လို့ မပေးသင့်ပါဘူး။
ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးထိပ်ကို ရောက်ခဲ့တဲ့ ကမ္ဘာ့အသက်ငယ်ဆုံး တောင်တက်သမားအဖြစ် မှတ်တမ်းဝင်အောင် နောက်ဆုံးတောင်ကို တက်ဖို့ တရုတ်နိုင်ငံရဲ့ ခွင့်ပြုချက်ကို နီပေါဆယ်ကျော်သက် လူငယ်လေးတယောက် စောင့်နေပါတယ်။ ဒီစက်တင်ဘာလ မှာ ခွင့်ပြုချက်ရဖို့ သူမျှော်လင့်ထားပါတယ်။
ဂါဇာ စစ်ပွဲစတင်စေခဲ့တဲ့ အောက်တိုဘာ ၇ ရက် ဟားမတ်စ်ကအစ္စရေးကိုဝင်တိုက်ခဲ့တဲ့အဖြစ်အပျက်ဟာနှစ်ပတ်လည် အချိန်ကျရောက်ဖို့နီးကပ်လာပြီဖြစ်ပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့အထဲက နိုဗာ Nova တေးဂီတဖျော်ဖြေရေးလုပ်တဲ့ နေရာဟာလည်း လွမ်းဆွတ်အောက်မေ့ဘွယ်နေရာတခုဖြစ်လာပါတယ်။
အနာဂတ်ကာလကျရင် အိမ်တိုင်းလိုလိုမှာ လူသားစက်ရုပ်တွေ ရှိလာကြလိမ့်မယ်လို့ စက်ရုပ်တီထွင်နေတဲ့ တရုတ်ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။ REUTERS သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြ ထားပါတယ်။
ကချင်စစ်အင်အား ကြီးထွားနေပုံ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - မြောက်ပိုင်း မဟာမိတ်(၄)ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ကင်းစင်တဲ့ နယ်မြေတွေ ကျယ်ပြန့်လာကြောင်း ဦးအောင်ခင်က ရေးသားတင်ပြထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာယူကရိန်းကိုသွားရောက်ပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့တိုက်တွန်းပါတယ်။ ဂျပန်နဲ့အိန္ဒိယလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပါတယ်။ ထိုင်ဝမ်သမ္မတလိုင်ချင်းတေLai Ching-teကတော့ ကာကွယ်ရေးအတွက်အင်အားတိုးမြှင့်မယ်လို့ပြောပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့ မိန့်ခွန်းအတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရခဲ့တဲ့ NLD ပါတီက ဦးဆောင်ပြီး မဲမသမာမှုကို လုပ်ဆောင်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။