တရုတ်နိုင်ငံမှာ အသက် ၆၀ အထက် သက်ကြီးပိုင်းလူဦးရေ အလျင်အမြန် တိုးလာနေတာနဲ့အတူ သက်ကြီးပိုင်း လူထုနဲ့ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ကြီးထွားလာနေပါတယ်။
ဆီးရီးယားအစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် သူပုန်တွေရဲ့ အောင်မြင်မှုဟာ လွတ်လပ်မှုနဲ့ ကြွယ်ဝချမ်းသာမှုကို ဆောင်ကျဉ်းပေးမယ်လို့ အရပ်သားတချို့က ပြောပါတယ်။ အစ္စတန်ဘူလ်မြို့က Heather Murdock နဲ့ Moawia Atrash ဆီးရီးယားက Ahmad Fallaha တို့ ပူးပေါင်းသတင်းပို့ထားပါတယ် ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အရှေ့အလယ်ပိုင်းဟာ အမေရိကန်ပြည်ထောင်စုအတွက် မဟာဗျူဟာအရ အရေးပါတာကြောင့် ဆီးရီးယားအာဏာရှင် Bashar al-Assad အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ဒေသတွင်း အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဆီးရီးယားမှာ နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်တဲ့ အာဏာရှင်အုပ်ချုပ်ရေးအဆုံးသတ်ပြီး ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ဖို့ အခွင့်အလမ်းရရှိသွားသလိုမျိုး မြန်မာပြည်သူတွေအတွက်လည်း လွတ်မြောက်ရေး အောင်ပွဲမလွဲမသွေရရှိဖို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်ရက်ထည်တွေ အဆင့်ဆင့်ပြောင်းလဲလာပုံကို စနစ်တကျ လက်ဆင့်ကမ်း ထိမ်းသိမ်းသင့်တယ်ဆိုတာ လက်ရက်ထည်တွေအကြောင်း ကျွမ်းကျင်တဲ့ ရန်ကုန်က Yuko နဲ့ မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က ICC တရားသူကြီးတွေဆီ နိုဝင်ဘာ ၂၇ ရက်နေ့က လျှောက်ထားခဲ့ကြောင်း သိရပါတယ်။ ဒီနောက်ဆက်တွဲအနေနဲ့ ဘယ်လို အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်သလဲဆိုတာကို ဆောင်းပါးရှင် ပြည်သွေးနိုင် ဆွေးနွေးတင်ပြထားပါတယ်။
မြန်မာ့လူမှုစီးပွားအခြေအနေတွေကို ဆန်းစစ်နိုင်ဖို့ မြို့နယ် ၁၁၀ မှာ ISP- Myanmar ရဲ့ သုတေသနကွန်ရက်က လေ့လာနေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လကနေ ဩဂုတ်လ အတွင်း ရရှိတဲ့အချက်အလက်တွေကို အခြေခံထားတဲ့ အဲဒီစစ်တမ်းတွေ့ရှိချက်တွေ ဒီတပတ် အပိုင်း-၁ မှာတော့ ပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဦးစွာတင်ပြသွားပါမယ်။
ဒီအပတ်တော့ နော်သဇင်က ဂျာမနီမှာရှိတဲ့ တက္ကသိုလ် မြို့တမြို့ ဖြစ်တဲ့ Tübingen မြို့က ချော့ကလက်ပွဲတော်ကို သွားဆင်နွှဲခဲ့တာပါ။ နှစ်စဉ် ခရစ်စမတ်ပွဲတော် မကျင်းပခင် ဥရောပတိုက်တခုလုံးက ချော့ကလက်ကုန်သည်တွေနဲ့ အနုပညာရှင်တွေ လာရောက်ရောင်းချတဲ့ ချောကလက်ပွဲတော်ကို နော်သဇင်နဲ့အတူ သွားကြရအောင်ပါ။
ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အသုံးချပြီး ရိုဟင်ဂျာတွေကို လက်နက်တွေတပ်ဆင်ပြီး အာရက္ခတပ်တော် (AA) ကို ပြန်တိုက်ခိုက်နေတဲ့အတွက် ပဋိပက္ခတွေ ပိုပြီး ဆိုးရွားလာနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ရိုဟင်ဂျာလူငယ် ကိုဇာနည်စိုးက ပြောပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေငြာခဲ့တဲ့ သမ္မတယွန်ဆွတ်ယိုးကို ရာထူးကနေနှုတ်ထွက်ပေးဖို့ အတိုက်အခံ ဒီမိုကရက်ပါတီနဲ့ဆန္ဒပြပြည်သူတွေကတောင်းဆိုနေပါတယ်။ ။ အာဏာရပါတီခေါင်းဆောင်ကိုယ်တိုင် နှုတ်ထွက်စေ့ချင်ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တင်ခံထားရတဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ထပ်မံကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေကို ကျော်ဖြတ်နိုင်ရေး မျှော်လင့်ချက်တွေက ဘာတွေလဲ။ ကိုဇာနည်စိုးကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။