မြန်မာစစ်ကောင်စီကို မိတ်ဖက်အဖြစ် ဆက်ဆံနေတဲ့ တရုတ်ကို ဖိအားပေးဖို့ ရီပါပလင်ကန်တွေ ကြီးစိုးထားတဲ့ အမေရိကန်လွှတ်တော်သစ်ကို မြန်မာနွယ်ဖွားတွေ ချဥ်းကပ်ဆောင်ရွက်ဖို့ရှိကြောင်း LA2M လော့စ်အိန်ဂျိလိ မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းစ်ရွှေက ဗွီအိုအေကိုပြောပါတယ်။
မြန်မာ စစ်ကောင်စီ ကို မိတ်ဖက်အဖြစ်ဆက်ဆံနေတဲ့ တရုတ်ကို ဖိအားပေးဖို့ ရီပါပလင်ကန်တွေကြီးစိုးထားတဲ့ အမေရိကန်လွှတ်တော်သစ်ကို မြန်မာနွယ်ဖွားတွေ ချဥ်းကပ်ဆောင်ရွက်ဖို့ရှိကြောင်း LA2M လော့စ်အိန်ဂျိလိ မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းစ်ရွှေက ဗွီအိုအေကိုပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မိသားစုတွေ တွေ့ဆုံပြီး ညစာအတူစားကြရင်း စကားပြောကြ၊ ရယ်ကြ၊ မောကြနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့တဲ့ မကြေးမုံက နှစ်သစ်ကူးကြိုဆိုပွဲ ကျင်းပခဲ့ပုံကို မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ် စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
စစ်အာဏာသိမ်းပြီးနောက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ပြောင်းလာသူတွေ မဲဆောက်မြို့က မြန်မာ ညဈေးတန်းလေးမှာ ဈေးရောင်းနေကြတာတွေ့နိုင်ပါတယ်။ သူတို့အသက်မွေးဝမ်းကြောင်း မဟုတ်ပေမဲ့ မိသားစုစားဝတ်နေရေးနဲ့ တော်လှန်ရေးအတွက် တတ်နိုင်သလောက်ဝင်ငွေရှာဖွေကြရတာပါ။ နေရာပေါင်းစုံအကြောင်းစုံမှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
လူထောင်ချီတက်ရောက်တဲ့ ဂျပန်နှစ်သစ်ကြိုပွဲ နှစ်ဟောင်းက မကောင်းတဲ့ အမှတ်ရစရာတွေကို စုဝေး ရယ်မောပစ်ခဲ့ကြ၊ နယ်သာလန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကဖြစ်တဲ့ သစ်သား ခုံဖိနပ်တခု တွေ့ရှိ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေနဲ့ ဆက်နွယ်နေပါတယ်။ နိုင်ငံတွေရဲ့ ဒီမိုကရေစီအရွေ့ဟာ စစ်တပ် နိုင်ငံရေး သဘောဆောင်နေသလားဆိုတဲ့ တိုင်းတာချက် ၁၁ ချက်နဲ့ ပါမောက္ခတဦးက စာတမ်းပြုစုခဲ့ပါတယ်။
နှစ်သစ်မှာ ပထမဆုံးရောက်ရှိတဲ့ ဇန်နဝါရီလထဲမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာအပါအဝင် ဇန်နဝါရီလရဲ့ ထူးခြားစိတ်ဝင်စားစရာအကြောင်းတွေကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ ပြောပြထားပါတယ်။
ချင်းပြည်တခုပဲ လွတ်မြောက်ပြီး အနီးပတ်ဝန်းကျင် မပါရင် လွတ်မြောက်ခြင်းက ရေရှည်မခံဘူးလို့ မြို့သိမ်းစစ်ဆင်နေတဲ့ ချင်းညီနောင်အဖွဲ့၊ စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။ မဟာမိတ်ဒေသတွေ လွတ်မြောက်ရေး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကော်ဖီဈေးကွက်မှာ ပေါက်ဈေး ကွာဟချက်ရှိတာအပြင် ပို့ကုန်ရငွေကို ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းထားနဲ့ မဖြစ်မနေ လဲလှယ်ရတဲ့ မူဝါဒကြောင့် ကော်ဖီပြည်ပတင်ပို့မှု လျော့နည်းပြီး၊ တင်ပို့မှုတန်ချိန် ထောင်ဂဏန်း လျော့ကျ၊ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ ဒီမိုကရေစီလမ်းကြောင်းအရောက် ပြည်သူတွေ တိုက်တွန်းပေးဖို့ စစ်ကောင်စီအကြီးအကဲ နှစ်သစ်ကူးမိန့်ခွန်းပြောပေမဲ့ နှစ်သစ်ကူးည အရပ်သားတွေကို စစ်တပ်ဗုံးကြဲ၊ အာရက္ခတပ်တော် AA နိုင်ငံရေးအရ ဆွေးနွေးဖို့ အသင့်ရှိကြောင်းပြော၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က အရင် အစိုးရ အဖွဲ့ဝင် ရွေးချယ်မှုတွေ နည်းတူပဲ ပညာရေး ဌာန အကြီးအကဲ အဖြစ် သူ့ကို အခိုင်အမာ ထောက်ခံသူနဲ့ စည်းရုံးရေး အလှူရှင် Linda McMahon ကို ရွေးချယ်ထားပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့က လမ်းမကြီးတွေပေါ်မှာ နှင်းဆီ အပါအဝင် ပန်းမျိုးစုံနဲ့ ရုပ်ပုံမျိုးစုံ ရောင်စုံခန်းနားကြီးကျယ်စွာ ဖန်တီး အလှဆင် ပြသကြတဲ့ယာဥ်တွေနဲ့ လှည့်လည်ကြတာဟာ နှစ်သစ်ကူးနေ့တိုင်းရဲ့ အစဥ်အလာတရပ်ဖြစ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။