တီဘီရောဂါပပျောက်ရေး ကမ္ဘာတဝှမ်းကြိုးပမ်းလာနေချိန်မှာ စိန်ခေါ်ချက်တွေ ရှိနေပါသေးတယ်။ ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ် အယ်ဒီတာချုပ် (ငြိမ်း) နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေးကပြောပြထားပါတယ်။
ကုန်လွန်တော့မယ့် ၂၀၂၄ ခုနှစ်ဟာ အမျိုးသမီးတွေ အတွက် ဘယ်လို နှစ်တနှစ် ဖြစ်ခဲ့ပါလဲ။ ဆုတ်ယုတ်မှု တိုးတက်မှု ဘာတွေ အဓိက ကြုံခဲ့ရပါလဲ။ လာမယ့် ၂၀၂၅ နှစ်သစ်အတွက်ရော ဘယ်လို တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ အမျိုးသမီးတွေ မျှော်မှန်း ကြိုးပမ်းနေကြပါလဲ။
မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍပေါင်းစုံနည်းတူ စိုက်ပျိုးရေးကဏ္ဍဟာလည်း အခက်အခဲ ပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရုန်းကန်နေရပါတယ်။
၂၀၂၄ က တောင်သူတွေအတွက် ပျက်စီးမှု အများဆုံးနဲ့ ဆုံးရှုံးမှု ကြီးမားတဲ့နှစ် ဖြစ်တယ်
မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်ကို ပြန်ပြောင်းကြည့်တဲ့အခါ ကမ္ဘာတလွှား စစ်မက်ဖြစ်ပွားတာတွေ၊ နိုင်ငံရေး အပြောင်းအလဲတွေ၊ ကပ်ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတင်းတွေမှာ လွှမ်းမိုးနေတာ တွေ့ရပါတယ်။ ဒီသတင်းတွေကို ကိုအောင်လွင်ဦးက စုစည်းပြီး မမြသဇင်အောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန်မှာ ဒေါ်နယ်ထရမ့်တက်တဲ့အခါ အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် တရုတ်ပို့ကုန်တွေ မထိခိုက်ရအောင် ကျားကန်ပေးဖို့ တရုတ်အစိုးရပေါ် ဖိအားပေးနေတဲ့အကြောင်းနဲ့ ဗီယက်နမ်မှာ လေထုညစ်ညမ်းမှု ဆိုးလာတာကြောင့် လျှပ်စစ်ဆိုင်ကယ်တွေ ပိုသုံးစွဲဖို့ ပြင်ဆင်လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တောတောင်ကြားက ကျောက်ဂူတွေမှာကျင်းပရတဲ့ ၂၀၂၄ ကရင်နီတိုင်းရင်းသားတွေရဲ့ ခရစ္စမတ်ပွဲ၊ သံတွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တဦးသေ၊ ၆ ဦးဒဏ်ရာရ၊ ဗန်းမော်ပညာရေးတက္ကသိုလ်နားက ကာကင်းစခန်းတွေ KIA သိမ်းယူ၊ တောင်ပိုင်းချင်းပြည်နယ်မှာ စစ်ကောင်စီကင်းရှင်းသွားပြီဖြစ်ကြောင်း ချင်းညီနောင်မဟာမိတ်အဖွဲ့ ကြေညာ...စသည်.
ကမ္ဘာမှာခေတ်စားလာတဲ့ ပိုပြီးကျန်းမာပျှော်ရွင်နိုင်ရေး သန္နိဋ္ဌာန်ချဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။ နှစ်သစ်ကူးတော့မယ်ဆို ကမ္ဘာမှာ ဘယ်လို သန္နိဋ္ဌာန်ချလေ့ရှိပြီး မြန်မာအတွက်ရော ဘာတွေဖြစ်သင့်ပါလဲ။ ဩစတျေးလျနိုင်ငံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး Dr. သက်ဌေးကို ကိုဝင်းမင်းက မေးထားပါတယ်။
ဒီဇင်ဘာ ၂၆၊ ၂၀၂၄ - ကမ္ဘာမှာ ဘယ်လို ကျန်းမာရေး သံန္နိဌာန်တွေ ချလေ့ရှိပြီး၊ မြန်မာအတွက်ရော ဘာတွေဖြစ်သင့်ပါလဲ။
ဆူနာမီငလျင်လှိုင်းတွေကြောင့် လူတွေ သိန်းချီသေဆုံးခဲ့တဲ့ အနှစ် ၂၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနား ဒီနေ့ ထိုင်းနိုင်ငံ ဖန်ငခရိုင် ခေါင်လတ်ကမ်းခြေမှာ မိသားစုဆုံးရှုံးခဲ့တဲ့ ထိုင်းနဲ့ နိုင်ငံခြားသားတွေ ကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သူတွေ စုပေါင်းကျင်းပပါတယ်။ ကိုသိန်းထိုက်ဦး ခေါင်လတ်ကမ်းခြေကနေ သတင်းပေးပို့ထားပါတယ်။
MNDAA ၊ TNLA ၊ AA အဖွဲ့များက လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ (၁၅) ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း တိရစ္ဆာန်လေးတွေနဲ့ ပတ်သက်ပြီး စိတ်ကြည်နူးစရာလည်းကောင်း အမှတ်ရစရာလည်း ကောင်းတဲ့ အဖြစ်အပျက်လေးတွေနဲ့အတူ ၂၀၂၄ ရဲ့ အမှတ်ရစရာအခိုက်အတံ့တွေကို နှစ်ကုန်အထူးအဖြစ် မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။