အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့အချိန်ကနေ ဇန်နဝါရီမှာ သမ္မတအဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်အထိ ရွေးကောက်ခံသမ္မတနဲ့ သူ့အဖွဲ့က ဘာတွေပြင်ဆင်ရပါလဲ၊ လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့က ဘယ်လိုပူးပေါင်းဆောင်ရွက်ပေးနေရလဲဆိုတာတွေကို ဗွီအိုအေပုံပြရုပ်သံမှာ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နိုဝင်ဘာ ၁၄၊ ၂၀၂၄ - ရေကြီးအပြီး စိတ်ထိခိုက်မှု မပြင်းထန်အောင် ဘယ်လို ကာကွယ်ရေးတွေ လုပ်ပေးသင့်ပါလဲ။ မိုးကြီးရေကြီးမူလို သဘာဝဘေးဒဏ်တွေကြောင့် စိတ်ထိခိုက်မှု မပြင်းထန်စေဖို့၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုမူ လုပ်ပေးသင့်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ လုပ်ငန်းရှင်သူဌေးကြီး ဒေါ်နယ်ထရမ့် အနိုင်ရလိုက်ပြီးနောက် အိန္ဒိယနိုင်ငံမှာ Trump မိုးမျှော်တိုက်ကြီးတွေ ထပ်ဆောက်ဖို့ လုပ်ဆောင်လာတဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံက Nissan ကားကုမ္ပဏီကတော့ အလုပ်သမား (၉)ထောင်လောက်ကို အလုပ်ဖြုတ်ဖို့ စီစဥ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump အနိုင်ရလိုက်တဲ့အတွက် အမျိုးသမီး မဲဆန္ဒရှင်တွေကြား စိုးရိမ်ကြသူတွေ ရှိသလို၊ အကောင်းမြင် မျှော်လင့်ကြသူတွေလည်း ရှိနေပါတယ်။ ဘယ်လို စိုးရိမ်ချက်တွေ ရှိနေတာပါလဲ။ ဘယ်အရာတွေကို အကောင်းမြင် မျှော်လင့်ကြပါလဲ။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ရေကြီးအပြီး စိတ်ထိခိုက်မှု မပြင်းထန်အောင် ကာကွယ်ရေး ဘာလုပ်ပေးသင့်ပါလဲ။ မိုးကြီးရေကြီးမှုလို သဘာဝဘေးဒဏ်တွေကြောင့် စိတ်ထိခိုက်မှု မပြင်းထန်စေဖို့၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုမှု လုပ်ပေးသင့်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ရုပ်အလောင်း ၇၀ လောက်ကို အရပ်သားတွေက သင်္ဂြိုလ်ပေးခဲ့ရပါတယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား နှစ်ရာကို ဖမ်းဆီးထားတယ်လို့ KNDF က ထုတ်ပြန်ပါတယ် စတဲ့သတင်းလွှာတွေကို တိုင်းရင်းသတင်းထောက်တွေ တင်ဆက်ထားပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်နယ်ထရမ့်ရဲ့ လက်ထက် နိုင်ငံခြားရေး မူဝါဒါတွေထဲမှာ နိုင်ငံရပ်ခြား အကူအညီတွေ လျှော့ချရေး ပါဝင်လာဖွယ်ရှိတယ် ဆိုပြီး လေ့လာသူတွေက ထောက်ပြနေချိန်မှာပဲ မြန်မာ့အရေး အကူအညီပေးရေး အတွက် စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။
မြန်မာနဲ့ တရုတ်အင်ပါယာ I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - မြန်မာပြည်ကို မိမိလက်အောက်ခံ ပြည်နယ်အဖြစ် တရုတ်အစိုးရ အဆက်ဆက်က စိတ်ကူးယဥ်လာတာ၊ အနှစ် (၂,၀၀၀)ကျော် ရှိသွားပါပြီ။ အခုတော့ တရုတ်ရဲ့ စိတ်ကူးယဥ်အိပ်မက် အကောင်အထည်ပေါ်ဖို့ အလားအလာ ရှိနေကြောင်း ဦးအောင်ခင်က ရေးသားတင်ပြထားပါတယ်။
တခါတလေ အသက်ဘေးက ကပ်ပြီးလွတ်မြောက်တဲ့ ဖြစ်ရပ်တွေ ရှိတတ်ပြီး အခုလည်း အဝေးပြေး လမ်းပြင်လုပ်သား အသက်ဘေးက သီသီလေးလွတ်မြောက်သွားတဲ့ ဗွီဒီယိုကို နယူးယောက်ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာနက သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၇ ရက် ၂၀၂၄ က တင်ထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ အစ္စရေးသမ္မတ နဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ဆုံခဲ့သလို ရွေးကောက်ခံသမ္မတ Donald Trump ကလည်း အစ္စရေးဝန်ကြီးချုပ်နဲ့ ဖုန်းဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဂါဇာအရေး၊ ဟစ်ဇ်ဘိုလာနဲ့ ဟာမတ်စ်တွေ ဖမ်းသွားတဲ့ ဓါးစာခံတွေ ပြန်လွတ်မြောက်ရေးအတွက် အဓိကထား ပြောကြားခဲ့ကြတာပါ။
ဖူဂျီတောင်ထိပ် ဆီးနှင်းအုပ်နေရမယ့် အချိန်မှာ နှင်းမကျသေးတဲ့အတွက် တောင်တက်ကြသူတွေ၊ ခရီးသွားတွေအတွက် စိတ်ပျက်စရာ ဖြစ်ရပါတယ်။ ဒါဟာ ကမ္ဘာကြီး ပူနွေးလာတာနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အေပီသတင်းဆောင်းပါးကို ဦးတင်မောင်သန်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။