အကျဥ်းသားတွေလွတ်ရက်စေ့တဲ့အခါ သာမန်အရပ်သားတယောက်အနေနဲ့ ဘဝရပ်တည်နိုင်ဖို့ ဝါရှင်တန်ပြည်နယ်ကအကျဥ်းထောင်မှာ ဘယ်လို အစီအစဥ်တွေ အကောင်အထည်ဖေါ်နေပါလဲ ... သတင်းစီးဆင်းမှု မြန်ဆန်တဲ့ခေတ်မှာ အကျဥ်းထောင်ထဲမှာ ရေဒီယိုအစီအစဥ် ဘယ်လိုတင်ဆက်နေပါလဲ .. သုတစုံလင် အမေရိကန်တခွင်မှာ ကိုအောင်အောင်က တင်ဆက်ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကားတွေခိုးပြီး အာဖရိကကို အကြီးအကျယ် တင်ပို့နေတာနဲ့ ပတ်သက်လို့ Baltimore ဆိပ်ကမ်းကနေ ဗွီအိုအေကြီးတန်းသတင်းထောက် Steve Herman သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ညဏ်ရည်တု နည်းပညာနဲ့ crypto ငွေကြေးမှာ အမေရိကန်က ကမ္ဘာ့ဦးဆောင်နိုင်ငံ ဖြစ်လိုတယ်လို့ ရွေးကောက်ခံသမ္မတ Donald Trump က ပြောပါတယ်။ ဒီကဏ္ဍမှာ ဦးဆောင်ဖို့ ဆီလီကွန်ဗယ်လီက ရင်းနှီးမြှုပ်နှံသူနဲ့ စွန့်ဦးလုပ်ငန်းရှင်တဦးကို ရွေးချယ်လိုက်ပါတယ်။ Michelle Quinn ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြမှာပါ။
အာဆီယံအပါအဝင် နိုင်ငံတကာက လုံလောက်တဲ့ ဖိအားတွေ မပေးခဲ့တာကြောင့် မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ဆိုးဝါးတဲ့ကျူးလွန်မှုတွေ ဆက်လုပ်နေတာလို့ HRW ရဲ့ ၂၀၂၅ ခုနှစ်အတွက် နိုင်ငံတကာကလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ပြောခဲ့ပါတယ်။
AI နည်းပညာကိုသုံးပြီး စာအုပ်တွေကို အသံထွက်ဖတ်ပြ၊ ဘာသာပြန်ပေးနိုင်တဲ့ ကွန်ပျူတာတမျိုးကို တောင်ကိုရီးယားကုမ္ပဏီတခုက မိတ်ဆက်လိုက်တဲ့အကြောင်းနဲ့ အစ္စရေးနိုင်ငံမှာ ကုန်ပစ္စည်းသွားထုတ်နေတဲ့ ကုမ္ပဏီတချို့ကို အင်ဒိုနီးရှားနိုင်ငံမှာ သပိတ်မှောက်နေတာကြောင့် ရောင်းအားအကြီးအကျယ် ကျဆင်းလာတဲ့အကြောင်း၊ စသည်
ကူးစက်သေဆုံးမှုများနေဆဲ တီဘီရောဂါ ကာကွယ်ရေးထိရောက်ဖို့ ဘက်စုံပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ကိုဝင်းမင်းက မေးထားပါတယ်။
အမေရိကန်လို အအေးပိုင်းဒေသမှာ ဆောင်းရာသီ အေးခဲပြီး ရေငွေ့ကင်းတဲ့ ခြောက်သွေ့မှုကနေ ပြင်ပလေ အစားထိုးပြီး လေပြင်းတိုက်ခတ်တဲ့ အခါ အပူ - မီးစ တခုရှိတာနဲ့ မီးလောင်မှုကို ဖြစ်ပွါးတယ်လို့ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရှေ့တပတ် တနင်္လာနေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတ အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာပါ။ ကွဲလွဲမှုတွေ ပိုများလာတဲ့ တိုင်းပြည်မှာ ပြီးခဲ့တဲ့ ၉ နှစ်တာကာလ တလျှောက် ရီပတ်ဘလစ်ကန်ပါတီတွင်း အပြောင်းအလဲတွေ ဖြစ်စေခဲ့သူတဦး သမိုင်းဝင် အာဏာပြန်ရတာလည်း ဖြစ်ပါတယ်။
ဂါဇာမှာဖြစ်နေတဲ့စစ်ပွဲက ကမ္ဘာတဝန်းမှာရှိတဲ့ ဂျူးလူမျိုးတွေ အစ္စရေးနဲ့ဆက်နွယ်မှုကို ပိုမို အားကောင်းလာစေပြီး ဂျူးလူမျိုးတွေရဲ့နိုင်ငံကို ရွှေ့ပြောင်း အခြေချနေထိုင်မှုလည်း တိုးများလာစေပါတယ်။ တချိန်တည်းမှာဘဲ တိုင်းပြည်ကနေ ထွက်ခွာသွားကြတဲ့ အစ္စရေးနိုင်ငံသား အရေအတွက်လည်း ယာယီအားဖြင့် တိုးလာနေပါတယ်။
အမေရိကန်သမ္မတ Joe Biden က ချမ်းသာတဲ့ လူနည်းစုကသာ အာဏာကို ချုပ်ကိုင်လာနိုင်တဲ့ အန္တရယ်နဲ့ ပတ်သက်လို့ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း သတိပေး ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ အထူးဒီဇိုင်းဖော် စိုက်ပျိုးထားတဲ့ စပါးခင်းက ရပ်နီး၊ ရပ်ဝေးမှာ နာမည်ကျော်ပြီး ဒီဇင်ဘာလက စတင်ဖွင့်လှစ်ပြသကတည်းက ကျောင်းသားတွေ၊ မိသားစုတွေနဲ့ ဒေသခံတွေ ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုကြတာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။