မြန်မာစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်လုပ်နေတဲ့ လှုပ်ရှားမှုမှာ တရုတ်နဲ့ ပဋိပက္ခ မဖြစ်ဖို့ ကြိုးစားရမှာ ဖြစ်ပေမဲ့ ကိုယ့်ရည်မှန်းချက်ကို အထိခိုက်ခံလို့ မရဘူးလို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှဇော်ကျော်ဇောက ပြောပါတယ်။
နိုဘယ်လ် (Nobel) ဆုတွေ ပေးဖို့ ဘယ်လို ဖြစ်လာသလဲ၊ ဆုအမျိုးအစားတွေက ဘာတွေလဲဆိုတာကို မညိညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ အဖွဲ့ဝင်အားလုံး ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်က ရှေ့မရောက်လို့ သက်ဆိုင်တဲ့ နိုင်ငံတချို့နဲ့ ဆုံးဖြတ်ချက်တွေ ပိုထိရောက်အောင် လုပ်ဖို့ လိုနေတယ်လို့ အာဆီယံအရေး ကျွမ်းကျင်သူတဦးက ထောက်ပြလိုက်ပါတယ်။ Lowy Institute က ဒေါက်တာ Abdul Rahman Yaacob ကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
စပါးရိတ်ခြွေစက် ငှားရမ်းခ နှုန်းထားတွေ မြင့်တက်လာပေမဲ့ စပါးဈေးက လိုက်တက်မလာလို့ တောင်သူတွေ အခက်တွေ့နေပါတယ်။ ဒီသတင်းတွေနဲ့ တပတ်အတွင်း သီးနှံဈေးနှုန်းအပါအဝင် လယ်ယာစီးပွား သတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေ တိုက်တွန်း၊ မြန်မာလူ့အခွင့်အရေး ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က မြန်မာ့အရေး နိုင်ငံတကာ ကြိုးပမ်းဆောင်ရွက်မှုတွေ အလုပ်မဖြစ်လို့ဝေဖန် စသည်တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
Tesla ကုမ္ပဏီက စတီယာတိုင်နဲ့ ဘရိတ်မပါတဲ့ မောင်းသူမဲ့တက္ကစီကို မိတ်ဆက်လိုက်ပါပြီ။ ဒေါ်လာသုံးသောင်းအောက်တန်ဖိုးရှိမယ့် ဒီကားကို ၂၀၂၆ မှာ ထုတ်လုပ်မှာဖြစ်ပြီး ကားပိုင်ရှင်တွေအတွက် ဝင်ငွေရလမ်းတစ်ခုလည်း ဖြစ်မယ်လို့ ကုမ္ပဏီအကြီးအကဲ Elon Musk က ကတိပေးထားပါတယ်။ ရိုက်တာသတင်းကို ကိုဝင်းခန့်မောင်တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အိမ်ခြေမဲ့ သိန်းနဲ့ ချီရှိနေပြီး တော်တော်များများဟာ အများပြည်သူသွားလာရာနေရာတွေမှာ နေထိုင်ကြတာပါ။ အခုအခါမှာ တနိုင်ငံလုံးက အဲဒီအိမ်ခြေမဲ့တွေကို ဖယ်ရှား ဖို့ အမေရိကန်တရားရုံးချုပ်က ခွင့်ပြုလိုက်ပါပြီ။ ကိုအောင်အောင် စုစည်းတင်ပြထားပါတယ်။
တောင်ကိုရီးယား Hyundai ကုမ္ပဏီက အိန္ဒိယမှာ မော်တော်ကား ဖက်စပ်ထုတ်နေတဲ့ လုပ်ငန်းထဲက ဒေါ်လာ(၃)ဘီလျံကျော်ကို အများပြည်သူ ဝယ်ယူနိုင်မယ့် အစုရှယ်ယာအဖြစ် ထုတ်ရောင်းတော့မယ်လို့ ကြေညာလိုက်တဲ့အကြောင်းနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဓါတ်ဆီလောင်စာဈေးတွေလည်း တက်လာလိမ့်မယ်လို့ ခန့်မှန်းနေတဲ့အကြောင်း တင်ပြထားပါတယ်။
မုန်တိုင်းကြောင့် အပြင်းထန်ဆုံး ထိခိုက်ပျက်ဆီးခဲ့တဲ့ မြို့တွေထဲမှာ မြန်မာနွယ်ဖွား မိသားစုတွေ ဒါဇင်နဲ့ချီနေထိုင်တဲ့ Sarasota မြို့လည်း ပါဝင်ပါတယ်။ အရေးပေါ် ဆက်သွယ်ဖို့ လက်ကိုင်ဖုန်း Battery အား မကုန်အောင် သတိထားနေရတဲ့ အကြောင်း Sarasota မြို့ခံတယောက်ဖြစ်တဲ့ ဦးသန်းနိုင်က VOA ကို ပြောပါတယ်။
Artificial Intelligence – AI ဉာဏ်ရည်တု ဆိုတာဟာ စက်တွေ၊ ဆော့ဖ်ဝဲလ် မော်ဒယ်တွေမှာ ရှိတဲ့ အသိဉာဏ်၊ စွမ်းဆောင်နိုင်တဲ့ မှတ်ဉာဏ်မျိုး လို့ IT နည်းပညာရှင် ဒေါက်တာရဲကျော်သူက ပြောပါတယ်။ ဒီတပတ်မှာတော့ စက်တွေ တုပနိုင်အောင် သုတေသနလုပ်နေတဲ့ ဉာဏ်ရည် နယ်ပယ် ၈ မျိုးအကြောင်း ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
အညာဒေသက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ စစ်ဘေးရှောင်တွေနဲ့ နိုင်ငံတဝန်းက CDM တွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ရေရှည် ထောက်ပံ့ ကူညီဖို့ တပ်ပေါင်းစုချီ အညာထီကို စတင်ဖြစ်ခဲ့တယ်လို့ ဦးဆောင် စီစဥ်သူတဦးဖြစ်တဲ့ မနီနီလှိုင်က ပြောပါတယ်။
ဂါဇာမှာ စစ်ပွဲတွေဖြစ်လာတာ တနှစ်နီးပါးရှိလာတဲ့ အချိန်မှာပဲ တိုက်ပွဲတွေအတွင်း နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသူတွေအတွက် ဘေးကင်းရေးလုံခြုံရေးနဲ့ အခြေခံလိုအပ်ချက်တွေရဖို့ လိုအပ်နေတာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။