အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုန်းနဲ့ မူရင်းအာဘော်မပျက် ထုတ်နုတ်ပြောပြပါလိမ့်မယ်။
မောင်တောမြို့နယ်ထဲက ရွာတစ်ရွာကို စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ ၅ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိ၊ ဗန်းမော်အနီးတဝိုက်တိုက်ပွဲတွေကြောင့် မြို့အဝင်အထွက်နေရာတွေမှာ သွားလာလို့ မရကြောင်း ဒေသခံတွေပြော၊ စတဲ့ သတင်းတွေကို နယ်စပ်ဒေသက တိုင်းရင်းသားသတင်းထောက်တွေ စုစည်းတင်ပြထားပါတယ်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကာလဝမ်းဖြစ်နိုင်တာအတွက် ဘယ်အချိန်ဆေးရုံပြဖိုနဲ့ ဆေးစစ်ကြည့်ဖို့လိုတာကို ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။ ဒီအကြောင်း နယူးယောက်မြို. Wyckoff Heights ဆေးရုံက အထွေထွေရောဂါကုဌာန ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ကိုဝင်းမင်းက မေးထားပါတယ်။
မော်ဒယ်၊ အလှမယ်နဲ့ မင်းသမီး အိန်ဂျယ်လမုန်ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံ တချို့ကို ပြီးခဲ့တဲ့သီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ပြခဲ့ပါတယ်။ ဒီတပတ်တော့ သူလက်ရှိ အခြေချ နေထိုင်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘဝကို ဘယ်လို ပြန်လည် အစပြု ရပ်တည် ရှင်သန်နေပါလဲ။ မြန်မာ့အရေး အတွက်ရော ဘာတွေ ဆက်လက် ပါဝင် လှုပ်ရှားနေပါလဲ။
အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ တောင် မလိုတော့တဲ့ အချိန်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ အနေအထား၊ မဲဆန္ဒရှင်တွေရဲ့ လိုလားချက် စတာတွေနဲ့ ပတ်သက်ပြီး Scott Sterns ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အာဖရိကတိုက်ဒေသတချို့မှာ အဓိကအသုံးပြုနေကြတဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဆေးဝါး Artemisinin ကို ငှက်ဖျား ကပ်ပါးပိုးကနေ ခံနိုင်ရည်ရှိတဲ့ လက္ခဏာတွေ ပြသနေပါတယ်။ ကျန်းမာရေးဆိုင်ရာမူဝါဒတွေကို ချက်ချင်းအပြောင်းအလည်းမလုပ်ရင် နောက်ထပ်သန်းနဲ့ချီပြီး သေဆုံးနိုင်ချေရှိတယ်လို့လည်း အစီရင်ခံစာတစောင်ထုတ်ပြန်ထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့ကို စစ်တပ်က မဟာမိတ်လုပ်ပြီး ၊ အာရက္ခတပ်ရဲ့ စစ်ဆင်ရေး ပျက်ပြားအောင် ကြိုးပမ်းနေကြောင်း ဦးအောင်ခင်က သုံးသပ် တင်ပြထားပါတယ်။
ဩဂုတ် ၁၊ ၂၀၂၄ - ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကာလဝမ်းအတွက် ဆေးရုံပြဖို့နဲ့၊ ဆေးစစ်ဖို့ အရေးကြီးပါလား။
အကျိုးအမြတ်မယူတဲ့ NGO အဖွဲ့အစည်းတခုက အမေရိကန်၊ နယူးယောက်မြို့ Brooklyn အရပ်မှာမှာရှိတဲ့ ငွေကြေးချို့တဲ့တဲ့ လူမှုအသိုင်းအဝိုင်းထဲက လူငယ်တွေကို ရေကူးသင်တန်းနဲ့ ရေဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းတွေ အခမဲ့ပို့ချပေးနေပါတယ်။ ဒီအကြောင်း June Hsu နဲ့ Rendy Wicaksana တို့ရဲ့သတင်းကို မမြသဇင်အောင်ပြောပြပေးပါမယ်။
အမေရိကန်သမ္မတဟောင်းထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ဒုသမ္မတ ကမ်မလာဟဲရစ်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာ တိုက်ခိုက်နေပြီး သူ့မကို လည်း “နယ်စပ်အုပ်ချုပ်သူ ဇာဘုရင်မ” ဆိုပြီး ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ VOA လူဝင်မှုကြီးကြပ်ရေးသတင်းထောက် Aline Barros ပေးပို့လာတဲ့သတင်းကို ကိုစံကျော်ပြောပြပါမယ်။
ပိုမိုပြင်းထန်လာတဲ့ မြန်မာ့ပဋိပက္ခမှာ အထိနာနေတဲ့ စစ်ကောင်စီက ၂၀၂၅ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာနိုင်ပါမလား။ ရွေးကောက်ပွဲအလွန်မှာရော တိုင်းပြည်အခြေအနေ တည်ငြိမ်ကောင်းမွန်လာနိုင်ပါမလား။
အိပ်မက်တွေကို စွန့်ပြီး တောထဲမှာ တော်လှန်ရေးတပ်သားအဖြစ် တိုက်ပွဲဝင်ရင်း ဝါသနာပါရာ သီချင်းတွေကို ဆက်လက်ဖန်တီးနေတဲ့ လူငယ်တစ်ယောက်အကြောင်းကို ယူကရိန်းမြန်မာလွတ်မြောက်ရေး တိုက်ပွဲ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။