ဆွံ့အသူတချို့ဟာ စကားမပြောနိုင်ပေမဲ့ အသံကြိုးတွေလှုပ်ရှားမှုရှိပါတယ်။ ဒီလိုအသံကြိုးကြွက်သားလှုပ်ရှားမှုကို စကားပြောတဲ့ အသံဖြစ်လာအောင်ဖန်တီးဖို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က အင်ဂျင်နီယာတွေလေ့လာစမ်းသပ်နေကြတဲ့အကြောင်း VOA သတင်းထောက် Genia Dulot လော့စ်အိန်ဂျလိစ်မြို့ကနေသတင်းပေးပို့ထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - (၁၇)ရာစု ရခိုင်ပြည်ဟာ ဘင်္ဂလားပင်လယ်ကွေ့ရဲ့ ကူးသန်းရောင်းဝယ်ရေး ကွန်ရက်မှာ အချက်အချာနေရာတခု ဖြစ်ကြောင်း သမိုင်းဆရာတွေက အသိအမှတ် ပြုကြပါတယ်။ ဒီလိုဖြစ်လာအောင် နိုင်ငံရေးပထဝီက ဖန်တီးပေးပုံကို ဦးအောင်ခင်က တင်ပြထားပါတယ်။
မျိုးဆက်သစ်လူငယ်တွေရဲ့ လက်ထဲကို မီးရှူးတန်ဆောင်လက်ဆင့်ကမ်းသလိုမျိုး တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရွေးကောက်ပွဲမဝင်ဖို့ သမ္မတ Joe Biden ဆုံးဖြတ်လိုက်တာကို အမေရိကန်ပြည်သူတွေ ကြိုဆိုကြကြောင်း ကယ်လီဖိုးနီးယားပြည်နယ် San Francisco Bay Area က နိုင်ငံရေးသုံးသပ်သူ ဦးကိုကိုလေးက ရှုမြင်ပါတယ်။
ဇူလိုင် ၂၅၊ ၂၀၂၄ - ကာလဝမ်းရောဂါကြောင့် အသက်အန္တရာယ် ရှိသူတွေကို ဘယ်လို ကုပေးပြီး၊ ပျံနှံ့နေမှုကို ဘယ်လို ထိန်းချုပ်သင့်ပါလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမဟုတ်တဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကို အခွင့်အာဏာပေးအပ်ထားတာကို မတွေ့ရပါဘူး။
ပြင်သစ်နိုင်ငံမှာကျင်းပမယ့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ဗြိတိသျှအိုးပင်း ဂေါက်သီးပြိုင်ပွဲမှာ အမေရိကန် ဂေါက်သီးသမားက ပထမဆုံးအကြိမ် အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ အမေရိကန် မေဂျာလိဂ်မှာသမိုင်းမှာတော့ အသက်ငယ်ဆုံးဘောလုံးသမားတဦး ပေါ်ထွက်လာခဲ့ပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်ရပ်ဟာ သေနတ်ကိုင် အကြမ်းဖက်မှုပေါ် တုံ့ပြန်ဖို့ နှိုးဆော်ချက် ဖြစ်သင့်တယ်လို့ အမေရိကန်ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ်က ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီပြဿနာ အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အပေါ် အမြင်မတူတာတွေ ရှိနေပါတယ်။
တကယ်လို့ ဖြစ်လာခဲ့ရင် သူ့အနေနဲ့ ရီပတ်ဗလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ကို အနိုင်ရနိုင်ခြေ ဘယ်လောက် ရှိပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
၂၀၂၄ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအတော်များများ ရွေးကောက်ပွဲတွေ ကျင်းပနေတာမှာ မဲပေးသူတွေ စိတ်ပြောင်းသွားစေတဲ့ သတင်းအတုအယောင်တွေကို အသံနဲ့ အတုလုပ်ပြီး လွှင့်တာမျိုး လုပ်လာနေပါတယ်။ အသံတုတွေကို ထောက်လှမ်းဖို့ AI ဉာဏ်ရည်တု နည်းပညာက ဘယ်လိုအထောက်အကူပေးနေပါသလဲဆိုတာ ဒေါ်ခင်မျိုးသက်က ပြောပြထားပါတယ်။
၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲကနေ သမ္မတ Joe Biden နှုတ်ထွက်တယ်လို့ ကြေညာလိုက်တဲ့အချိန်မှာပဲ ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် ဒုတိယ သမ္မတ Kamala Harris ကို ထောက်ခံတယ်လို့ ပြောဆိုပါတယ်။ ဒုသမ္မတ Harris အနေနဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း ဖြစ်လာနိုင်တဲ့ အလားအလာ ဘယ်လို ရှိပါသလဲ။
ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သမ္မတ Joe Biden ကြေညာလိုက်ပြီးနောက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဘယ်သူဖြစ်လာမလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။ Anita Powell ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ပစ်ခတ်မှုမှာ အဆင့်မြင့်လုံခြုံရေး ယူထားတဲ့ အထူးအဖွဲ့ Secret Service က ဟန့်တားဖို့ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေရှေ့မှောက်မှာ လုံခြုံရေးဆိုင်ရာအဖွဲ့ ညွှန်ကြားရေးမှူး Kimberly Cheatle မနေ့က သက်သေထွက်ဆို ဖြေရှင်းပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။