မြန်မာနိုင်ငံက စိုက်ပျိုးထွက်ကုန်တွေဟာ ပိုလျှံပြီး ပြည်ပကိုတင်ပို့နိုင်တယ်ဆိုပေမယ့် လက်တွေ့မှာတော့ အမှန်တကယ်ကိန်းဂဏန်းအချက်အလက်တွေနဲ့ ကွဲပြားနေတယ်လို့ စစ်ကောင်စီခေါင်းဆောင် က ဝန်ခံလိုက်ပါတယ်။
Croatia နိုင်ငံက သမိုင်းဝင် Zagreb မြို့တော်မှာ ခရစ္စမတ်မရောက်ခင် သီတင်း ၄ ပတ်အလိုထဲက မီးအလှတွေ ဈေးဆိုင်တွေနဲ့ အသွင်ပြောင်းပြီး ခရစ္စမတ်ပွဲတော်ဆင်နွဲနေပါတယ်။ ရောက်လာသူတိုင်း စိတ်ပျော်ရွှင်ကြည်နူးရတယ်လို့ပြောတဲ့ Zagreb ခရစ္စမတ်ပွဲတော်ကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ကျင်းပဖို့ စီစဉ်နေတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေပဲ တက်ရောက်မယ် ဆိုပေမဲ့ မြန်မာပြည် အကြပ်အတည်း ဖြေရှင်းရေး အစပျိုး ခြေလှမ်းတခု ဖြစ်နိုင်တယ်ဆိုပြီး မြန်မာ့အရေး အကဲခတ်တချို့ မျှော်လင့်ထားကြပါတယ်။
ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ဖွံဖြိုးပြီးနိုင်ငံတွေရဲ့ တာဝန်ရှိတဲ့အပိုင်းကို ကုလသမဂ္ဂတရားရုံး ICJ က ဆုံဖြတ်ချက် မချမှတ်သေးပေမယ့် ပစိဖိတ်ကျွန်းငယ်လေးတွေကတော့ ကမ္ဘာကြီးပူနွေးတဲ့ဒဏ်ကို ခံနေကြရပါတယ်။
တရုတ်ပြည်က ရိုးရာ သစ်သားတံတား ဒီဇိုင်းပုံတွေနဲ့ ဆောက်လုပ်နည်းတွေကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲကို ၂၀၂၄၊ ဒီဇင်ဘာ ၅ ရက်နေ့ကပဲ ထည့်သွင်းလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့လုပ်ရပ်တွေ ဆက်ပြီး ဆိုးရွားနေမယ်ဆိုရင် ICC တရားစီရင်မှုကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ရှေ့နေချုပ် Karim Khan က သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ အသက် ၆၀ အထက် သက်ကြီးပိုင်းလူဦးရေ အလျင်အမြန် တိုးလာနေတာနဲ့အတူ သက်ကြီးပိုင်း လူထုနဲ့ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ကြီးထွားလာနေပါတယ်။
ဆီးရီးယားအစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် သူပုန်တွေရဲ့ အောင်မြင်မှုဟာ လွတ်လပ်မှုနဲ့ ကြွယ်ဝချမ်းသာမှုကို ဆောင်ကျဉ်းပေးမယ်လို့ အရပ်သားတချို့က ပြောပါတယ်။ အစ္စတန်ဘူလ်မြို့က Heather Murdock နဲ့ Moawia Atrash ဆီးရီးယားက Ahmad Fallaha တို့ ပူးပေါင်းသတင်းပို့ထားပါတယ် ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အရှေ့အလယ်ပိုင်းဟာ အမေရိကန်ပြည်ထောင်စုအတွက် မဟာဗျူဟာအရ အရေးပါတာကြောင့် ဆီးရီးယားအာဏာရှင် Bashar al-Assad အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ဒေသတွင်း အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဆီးရီးယားမှာ နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်တဲ့ အာဏာရှင်အုပ်ချုပ်ရေးအဆုံးသတ်ပြီး ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ဖို့ အခွင့်အလမ်းရရှိသွားသလိုမျိုး မြန်မာပြည်သူတွေအတွက်လည်း လွတ်မြောက်ရေး အောင်ပွဲမလွဲမသွေရရှိဖို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်ရက်ထည်တွေ အဆင့်ဆင့်ပြောင်းလဲလာပုံကို စနစ်တကျ လက်ဆင့်ကမ်း ထိမ်းသိမ်းသင့်တယ်ဆိုတာ လက်ရက်ထည်တွေအကြောင်း ကျွမ်းကျင်တဲ့ ရန်ကုန်က Yuko နဲ့ မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က ICC တရားသူကြီးတွေဆီ နိုဝင်ဘာ ၂၇ ရက်နေ့က လျှောက်ထားခဲ့ကြောင်း သိရပါတယ်။ ဒီနောက်ဆက်တွဲအနေနဲ့ ဘယ်လို အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်သလဲဆိုတာကို ဆောင်းပါးရှင် ပြည်သွေးနိုင် ဆွေးနွေးတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။