အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
မြန်မာ့ နိုင်ငံရေးပဋိပက္ခတွေ၊ စီးပွားရေးအကြပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအခြေချလာသူ ၂၀၂၄ ခုနှစ် ဇူလိုင်လထိ ခန့်မှန်းစာရင်းဇယားတွေအရ အနည်းဆုံး (၄) သန်းကျော်ရှိသွားပြီလို့ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM က အာရှဒေသဆိုင်ရာ ဒုအကြီးအကဲက ပြောပါတယ်။
တီဘီ (Tuberculosis - TB) အဆုပ်နာရောဂါရဲ့ ပြင်းထန်မူနဲ့ ကုသနိုင်မူ ဘယ်လို ရှိလာခဲ့ပါလဲ။
KNU ရဲ “မာနယ်ပလော” ဌာနချုပ်ကို နှစ်ပေါင်း ၃၀ အကြာမှာ စစ်ကောင်စီလက်ကပြန်သိမ်းယူ၊ ရခိုင်၊ အမ်းမြို့မှာ စစ်ကောင်စီတပ်သားအများအပြား အာရက္ခတပ်တော် AA ဆီမှာ လက်နက်ချ၊ တိုက်ပွဲပြင်းထန်ချိန် ရိုးရာပွဲတွေမလုပ်ဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး စတဲ့သတင်းတွေနဲ့အတူ တိုင်းရင်းသားဒေသက သတင်းတွေ..။
အာဏာရှင်စနစ်အမြစ်ဖြတ်မယ့် ကချင်တပ် I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - စစ်အာဏာရှင်ကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်ချေမှုန်းမယ့် KIA ကချင်စစ်တပ်အကြောင်း ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
ဘရာဇီးလ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဥရုဂွေးနိုင်ငံသား ဟိုဆေးလူးဝစ်ဂါစီယာ ဆိုတဲ့ အမျိုးသားတဦး ကိုဗစ်ကပ်ဘေးကာလအတွင်း အလုပ်ပြုတ်သွားတာကြောင့် အလုပ် ပြောင်းပြီး ခွေးကျောင်းတဲ့အလုပ် လုပ်ရပါတယ်။ ဒီအလုပ်ကို သူတယောက်တည်း လုပ်တာမဟုတ်ပဲ သူ့လက်ထောက်အနေနဲ့ ပါဘလိုဆိုတဲ့ ဝက်လေးတကောင်ကို ခန့်ခဲ့ပါတယ်။
အွန်လိုင်းပေါ်မှာ အရောင်းအဝယ်လုပ်တဲ့ e-commerce အီးကော်မာ့စ်လုပ်ငန်းကြီးတခုဖြစ်တဲ့ Amazon က ဥရောပမှာ ပထမဆုံးအကြိမ်အနေနဲ့ ဒီဇင်ဘာလအစပိုင်းက အီတလီနိုင်ငံမှာ ဒရုန်းနဲ့စမ်းသပ်ပြီး ပစ္စည်းပို့ဆောင်တာ အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။ အီတလီအလယ်ပိုင်း Abruzzo ဒေသက San Salvo မြို့မှာ စမ်းကြည့်ခဲ့တာပါ။
ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးဟာ ဒီနှစ်ဘောလုံးရာသီမှာ ရုန်းကန်နေရပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ရှုံးသွားခဲ့ပါတယ်။ မန်စီးတီးအသင်း ဒီနှစ်မှာ ဘယ်လိုကြောင့် အခုလို ရုန်းကန်နေရပြီး အသင်းရဲ့ အဓိကပြဿနာတွေက ဘာတွေပါလဲ။ ဒီတပတ်အားကစားကဏ္ဍမှာ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပမယ့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ၊ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ် အိမ်နီးချင်းနိုင်ငံတချို့ရဲ့ သဘောထား၊ တရုတ်နိုင်ငံ ကြားဝင်နေတဲ့ အပစ်ရပ် စေ့စပ်ရေး နဲ့ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးခွန်ဆိုင်းကို ကိုသိန်းထိုက်ဦးဆက်သွယ်မေးမြန်းထားပါတယ်။
စက်တင်ဘာလ ၀၂၊ ၂၀၁၅ - ဒီ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိ-မရှိ ဆိုတာကိုလဲ နိုင်ငံတကာအကဲခတ်တွေထက် မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေကသာ စောင့်ကြည့်သိရှိနိုင်ကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲအကြို အထူးအစီအစဉ်အဖြစ် ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး ရက်ရှည်ရေကြီးခဲ့တာကြောင့် လယ်ယာမြေတွေ ပျက်စီးကုန်ပါတယ်။ စိုက်ပျိုးလယ်မြေတွေမှာ ထုနဲ့ထည်နဲ့ ဖုံးလွှမ်းသွားတဲ့ သဲမြေတွေကြောင့် လယ်မြေတွေဟာ ယာမြေတွေအဖြစ် ပြောင်းလဲကုန်ပါတယ်။ ဗွီအိုအေအဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်းက Lyon (လီယွန်) မြို့မှာ နှစ်စဉ် ဒီဇင်ဘာလဆန်းရောက်တိုင်း တမြို့လုံး မီးရောင်စုံတွေနဲ့ဖန်တီးထားတဲ့ အနုပညာလက်ရာတွေအဖြစ် အသွင်ပြောင်းသွားပါတယ်။ အနုပညာရှင်တွေ မျိုးစုံဖန်တီးထားတဲ့ မီးရောင်စုံ အနုပညာလက်ရာတွေမြင်ရဖို့ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်က ခေါ်သွားမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။