ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ရုပ်အလောင်း ၇၀ လောက်ကို အရပ်သားတွေက သင်္ဂြိုလ်ပေးခဲ့ရပါတယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား နှစ်ရာကို ဖမ်းဆီးထားတယ်လို့ KNDF က ထုတ်ပြန်ပါတယ် စတဲ့သတင်းလွှာတွေကို တိုင်းရင်းသတင်းထောက်တွေ တင်ဆက်ထားပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်နယ်ထရမ့်ရဲ့ လက်ထက် နိုင်ငံခြားရေး မူဝါဒါတွေထဲမှာ နိုင်ငံရပ်ခြား အကူအညီတွေ လျှော့ချရေး ပါဝင်လာဖွယ်ရှိတယ် ဆိုပြီး လေ့လာသူတွေက ထောက်ပြနေချိန်မှာပဲ မြန်မာ့အရေး အကူအညီပေးရေး အတွက် စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။
မြန်မာနဲ့ တရုတ်အင်ပါယာ I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - မြန်မာပြည်ကို မိမိလက်အောက်ခံ ပြည်နယ်အဖြစ် တရုတ်အစိုးရ အဆက်ဆက်က စိတ်ကူးယဥ်လာတာ၊ အနှစ် (၂,၀၀၀)ကျော် ရှိသွားပါပြီ။ အခုတော့ တရုတ်ရဲ့ စိတ်ကူးယဥ်အိပ်မက် အကောင်အထည်ပေါ်ဖို့ အလားအလာ ရှိနေကြောင်း ဦးအောင်ခင်က ရေးသားတင်ပြထားပါတယ်။
တခါတလေ အသက်ဘေးက ကပ်ပြီးလွတ်မြောက်တဲ့ ဖြစ်ရပ်တွေ ရှိတတ်ပြီး အခုလည်း အဝေးပြေး လမ်းပြင်လုပ်သား အသက်ဘေးက သီသီလေးလွတ်မြောက်သွားတဲ့ ဗွီဒီယိုကို နယူးယောက်ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာနက သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၇ ရက် ၂၀၂၄ က တင်ထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ အစ္စရေးသမ္မတ နဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ဆုံခဲ့သလို ရွေးကောက်ခံသမ္မတ Donald Trump ကလည်း အစ္စရေးဝန်ကြီးချုပ်နဲ့ ဖုန်းဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဂါဇာအရေး၊ ဟစ်ဇ်ဘိုလာနဲ့ ဟာမတ်စ်တွေ ဖမ်းသွားတဲ့ ဓါးစာခံတွေ ပြန်လွတ်မြောက်ရေးအတွက် အဓိကထား ပြောကြားခဲ့ကြတာပါ။
ဖူဂျီတောင်ထိပ် ဆီးနှင်းအုပ်နေရမယ့် အချိန်မှာ နှင်းမကျသေးတဲ့အတွက် တောင်တက်ကြသူတွေ၊ ခရီးသွားတွေအတွက် စိတ်ပျက်စရာ ဖြစ်ရပါတယ်။ ဒါဟာ ကမ္ဘာကြီး ပူနွေးလာတာနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အေပီသတင်းဆောင်းပါးကို ဦးတင်မောင်သန်းက ပြောပြမှာပါ။
အမေရိကန်သမ္မတ Biden နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto တို့ မနေ့က ဝါရှင်တန်မြို့တော်အိမ်ဖြူတော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။ အမေရိကန်ကိုမလာခင် ရက်ပိုင်းကပဲ အင်ဒိုသမ္မတဟာ တရုတ်နဲ့ တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်း ဖွံဖြိုးရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာပါ။
ကမ္ဘာကျော် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း Mike Tyson ဟာ အသက် ၆၀ ပြည့်ခါနီးမှ လက်ဝှေ့ကြိုးဝိုင်းထဲကို တကျော့ပြန်ဝင်လာပါပြီ။ ဂရိနိုင်ငံမှာ အဖိုးအိုတဦးဟာ အသက် ၈၈ နှစ်အရွယ်မှာ မာရသွန်ပြိုင်ပွဲကို ပန်းဝင်အောင် ပြေးနိုင်ခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တဲ့အပေါ် မှာ နိုင်ငံတကာ အထူးသဖြင့် အနောက်မဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။ ဒီလို စေလွှတ်တဲ့အတွက် ယူကရိန်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်ပါသလား။ အနောက်မဟာမိတ်တွေနဲ့ တကွ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ အရှေ့ဖျားနိုင်ငံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့ မြေရှား ဓာတ်သတ္တု အဓိက တူးဖော်ရာ တရုတ် နယ်စပ် ပန်ဝါဒေသမှာ တရုတ်နိုင်ငံဘက်က ပိတ်ဆို့မှုတွေနဲ့ အတူအဲ့ဒီက ဒေသခံလူမျိုးစုတွေ အရေး၊ အုပ်ချုပ်ရေးထူထောင်နိုင်မှုနဲ့ အနာဂတ် သယံဇာတတူးဖော်မှု စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်တွေ ဘယ်လိုဖြစ်လာနိုင်ပါလဲ။
၂၀၂၂ ခုနှစ်က ပါကစ္စတန်နိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် လူပေါင်း ၃၃ သန်း ထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လူပေါင်း ရှစ်သန်းလောက်က အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အများစုကတော့ အလုပ်ရှာဖို့ မြို့ပြတွေဆီကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။