နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ Joe Biden က သူ့အစိုးရအဖွဲ့အတွက် တာဝန်ထမ်းဆောင်မယ့်သူတွေရဲ့ ကနဦး အမည်စာရင်းကို အင်္ဂါနေ့ကျရင် ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ Mr. Biden ရဲ့ အိမ်ဖြူတော်အမှုထမ်း အကြီးအကဲ ဖြစ်လာမယ့် Ron Klain က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် သမ္မတရွေးကောက်ပွဲ ရလဒ်တွေကို ပြည်နယ်တာဝန်ရှိသူတွေက အတည်ပြုဖို့ကိစ္စကို ရပ်တန့်ခိုင်းမှာ မဟုတ်ဘူးလို့ PA ပြည်နယ်က ဖက်ဒရယ်တရားသူကြီးက ပြောလိုက်ပါတယ်။
မီရှီဂန်ပြည်နယ်မှာ သမ္မတရွေးကောက်ပွဲရလဒ် ပြောင်းသွားစေမယ့် ဘယ်လိုအချက်အလက်မျိုးမှ သူတို့မှာမရှိဘူးလို့ ပြည်နယ်လွှတ်တော် ခေါင်းဆောင်တွေက ပြောပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ခံ သမ္မတ Joe Biden အနိုင်ရတယ်ဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့အတူ ရွေးကောက်ပွဲဆိုင်ရာ ပြည်နယ် ထိပ်တန်းတာဝန်ရှိသူတွေက သောကြာနေ့က အတည်ပြုခဲ့ကြပါတယ်။
သမ္မတ ထရမ့် အစိုးရက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပိတ်ဆို့တားဆီး နေတာကြောင့် ကပ်ရောဂါ တိုက်ဖျက်ရေး သူ့ရဲ့ အစီအစဉ်တွေ သီတင်းပတ်ချီ လနဲ့ချီ နှောင့်နှေးနိုင်တယ်လို့ Joe Biden က ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆွေးနွေးပွဲမှာ သတိ ပေးလိုက်ပါတယ်။Patsy Widakuswara သတင်းပေးပို့ထားတာကိုကိုရဲမင်းထွန်း က ပြောပြမှာပါ
ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ဟာ ကြာသပတေးနေ့မှာ အရေးပါတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အွန်လိုင်းတွေ့ဆုံမှုတွေလုပ်ပြီး သူ့အစိုးရ အဖွဲ့ အကူးအပြောင်းကာလ အတွက် ဆက်လက်လုပ်နေသလို သမ္မတ Trumpကတော့ ရွေးကောက်ပွဲရလဒ် ပြောင်းလဲစေဖို့ တရားရေးဆိုင်ရာ ကြိုးပမ်းမှုတွေ ဆက်လုပ်ဆောင်နေတာပါ။
ရွေးကောက်ခံ သမ္မတ Joe Biden ဟာ အင်္ဂါနေ့က သူရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာရောဂါ ပိုးကူးစက်မှုတွေတိုးလာတာနဲ့ အမျှ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ကြေညာခံထားရသူဒုသမ္မတဟောင်း Joe Biden ဟာနိုင်ငံကို ကူညီဖို့အတွက်သမ္မတထရမ့်အစိုးရ ကို အကူးအပြောင်းလုပ်ငန်းစဉ်စတင်ဖို့ တောင်းဆိုလိုက်ပါတယ်။ Michelle Quinn ရဲ့သတင်းလွှာကိုကိုငြိမ်းချမ်းကတင်ပြပါ့မယ်။
အမေရိကန် ရွေးကောက်ပွဲရလဒ်ကို အမေရိကန်တွေလိုပဲ အစ္စရေးနိုင်ငံသားတွေလည်း စောင့်ကြည့်ခဲ့ကြပါတယ်။ အမေရိကန် မှာ ရှိတဲ့ ဂျုးအသိုင်းအဝိုင်း ၄ ပုံ ၃ ပုံ က Joe Biden ကို မဲပေးခဲ့ကြပြီး စစ်တမ်းတွေအရ အစ္စရေးမှာရှိတဲ့ ဂျုး ၄ ပုံ ၃ ပုံကတော့ သမ္မတ ထရမ့်ကို နိုင်စေချင်တာပါ။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ အမေရိကန်စီးပွားရေးဆိုးမွေကို ရွေးကောက်ပွဲမှာအနိုင်ရတယ်လို့သတ်မှတ်ခံထားရသူ Joe Biden ခံယူရတော့မှာပါ။ Joe Biden မှာကြီးမားတဲ့စီးပွားရေး အစီအစဉ်တွေရှိနေပေမယ့်လည်းအကောင်အထည်ဖော်ဖို့ကိစ္စမှာတော့သဘောထားကွဲပြားနေတဲ့ကွန်ဂရက်ကနေသဘောတူဖို့ခက်ခဲနိုင်ပါတယ်။ ရဲမင်းထွန်းပြောပြမှာပါ။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲမျာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ သမ္မတ Trump က သောကြာနေ့က သူ့ရဲ့ တွစ်တာကတဆင့် ထပ်မံ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဗဟိုနဲ့ ပြည်နယ်တာဝန်ခံအရာရှိတွေကရွေးကောက်ပွဲဟာ အမေရိကန် သမိုင်းမှာ လုံခြုံစိတ်ချရဆုံးဖြစ်တယ်လို့ပြောဆိုထားပါတယ်။ မအင်ကြင်းနိုင်က အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက Joe Biden အနိုင်ရတယ်ဆိုတာကို ပထမဆုံးအကြိမ်အဖြစ် သမ္မတ Donald Trump က အသိအမှတ်ပြုတဲ့ လက္ခဏာ တနင်္ဂနွေနေ့မှာ ပြသခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်