သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္နဲ႔ ခ်င္းတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြေၾကာင့္ မတူပီ-ေရဇြာၿမိဳ႕ခံ ေထာင္ခ်ီ အိႏၵိယနယ္စပ္တိမ္းေရွာင္


စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္တို႔ တိုက္ပြဲျဖစ္ေနရာ ခ်င္းျပည္နယ္ေတာင္ပိုင္း၊ မတူပီၿမိဳ႕ရဲ႕ေျမာက္ဘက္ ေရဇြာၿမိဳ႕ (ဓာတ္ပံု-MIMU)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ေတာင္ပိုင္း မတူပီၿမိဳ႕နယ္ ေရဇြာၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ၾကား ျဖစ္ေနတဲ့တိုက္ပြဲေၾကာင့္ ေရဇြာၿမိဳ႕ခံေထာင္ခ်ီ အိႏၵိယ-ျမန္မာနယ္စပ္ ေဒသဘက္ကို ထြက္ေျပးတိမ္းေ႐ွာင္ေနၾကပါတယ္။ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ထဲမွာ ခိုလႈံသူ ၃,၀၀၀ ေလာက္႐ွိတယ္လို႔ ဒုကၡသည္ေတြကို အကူအညီေပးေနသူေတြက ေျပာပါတယ္။ အလားတူ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ဘက္မွာလည္း စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔ေတြ၊ တိုက္ပြဲျဖစ္ပြါးေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေနေပးပို႔လာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ မတူပီၿမိဳ႕ နယ္ ေရဇြာၿမိဳ႕တဝိုက္ ပစ္ခတ္တိုက္ခိုက္မႈေတြ ႀကိဳၾကား ႀကိဳၾကား ဆက္ျဖစ္ေနသလုိ စစ္ေကာင္စီတပ္ေတြက ေရဇြာၿမိဳ႕ထဲမွာ လာေရာက္ တပ္စြဲေနတာေၾကာင့္ ေရဇြာၿမိဳ႕နဲ႔ အနီးအနားရြာက ျပည္သူ ၄,၀၀၀ ေလာက္ အိႏၵိယ-ျမန္မာနယ္စပ္နဲ႔ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ကို ထြက္ေျပးတိမ္း ေ႐ွာင္ ေနၾကပါတယ္။ မီဇိုရမ္ျပည္နယ္ ဆိုင္းဟခ႐ိုင္ထဲက ႐ြာေတြမွာ ခုိလံႈသူ ၃,၀၀၀ ေက်ာ္႐ွိေနတယ္လို႔ ေရဇြာစစ္ေဘးေရွာင္ အကူညီေပးေရးအဖြဲ႔ဝင္တဦးကေျပာပါတယ္။

“ေရဇြာၿမိဳ႕က တၿမိဳ႕လုံးေရွာင္ထားတာ။ ဆိုေတာ့ ေရဇြာရဲ႕လူဦးေရအကုန္လုံးဟာ စစ္ေရွာင္ေတြ။ အနီးနားရြာေတြရယ္ ဟိုဘက္ အိႏၵိယမီဇိုရမ္ဘက္မွာ ေရွာင္တာက အခု အဖြဲ႔ေတြခြဲၿပီးစာရင္းေတြ ေကာက္ခံထားတယ္။ မနက္ကအထိ က်ေနာ္တို႔ ေကာက္ခံတာက (၃,၀၀၀) နားကပ္ေနၿပီ။ မီဇိုရမ္ျပည္နယ္ေရာက္တဲ့ဟာ။ မီဇိုရမ္ ဆိုင္းဟ Saiha ခရိုင္ ရြာေတြမွာ စစ္ေျပးၾကတယ္။ တရြာတည္းနဲ႔ မဆန္႔ဘူးဆိုေတာ့ တရြာမွာ သုံး ေလးရာေလာက္ အဲဒီလိုမ်ိဳးခြဲတဲ့ အေနအထား။ စစ္ေရွာင္တြအကုန္လုံးကေတာ့ အနီးအနားရြာေတြနဲ႔ေပါင္းလိုက္ရင္ေတာ့- ဒီျပည္တြင္း ျပည္ပ ေပါင္းလိုက္ရင္ေတာ့(၄,၀၀၀) အဲဒီေလာက္ပဲေျပာလို႔ရနိုင္တယ္။’’

ဇန္နဝါရီလ ၉ ရက္ကေန ၁၈ ရက္ေန႔အထိ ေရဇြာၿမိဳ႕ ႐ွိတဲ့ ဇိုသုံနယ္တဝိုက္မွာ စစ္ေကာင္စီ တပ္ဖြဲ႔နဲ႔ CDF-Zotung၊ပူးေပါင္းတပ္ဖြဲ႔ၾကား တိုက္ပြဲေတြ ရက္ဆက္ျဖစ္ပြားခဲ့ပါတယ္။ အခုေဖေဖာ္ဝါရီလဆန္းပိုင္းမွာေတာ့ စစ္ေကာင္စီတပ္ေတြက ေရဇြာၿပီးထဲ ဝင္ေရာက္ေနရာယူ တပ္စြဲထားတာေၾကာင့္ စိုးရိမ္စိတ္နဲ႔ ေဒသခံေတြ တိမ္းေရွာင္ထြက္ေျပးေနၾကတာျဖစ္ပါတယ္။ မီဇိုရမ္ျပည္နယ္ ဆိုင္းဟ Saiha ခရိုင္နယ္စပ္ရြာေတြမွာ ခိုလွံဳေနၾကသူ ၃ ေထာင္ေက်ာ္အျပင္ က်န္တဲ့ ၁,၀၀၀ ေက်ာ္က နီးစပ္ရာေဆြမ်ိဳးသားခ်င္းေတြရွိတဲ့ ရြာေတြမွာ ခိုလွံဳေနၾကရပါတယ္။ အိုးအိမ္ပစ္ ထြက္ေျပးေနရတဲ့ ဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာအကူညီနဲ႔ က်န္းမာေရးေစာင့္ေရွာက္မွဳ အကူအညီ အေတာ္လိုအပ္ေနပါတယ္။

“ေနထိုင္ဖို႔ စားေသာက္ဖို႔က်ေတာ့ အဓိကေထာက္ပံ့တဲ့ဟာက်ေတာ့ရွာမေတြ႔ေသးဘူး။ ဖ်ားတဲ့သူလည္း ေတာ္ေတာ္ဖ်ားၾကတယ္။ ျဖစ္သလို စီစဥ္ေပးရတာပဲ။ လူဦးေရကလည္း မ်ားတယ္။ အခုေလာေလာဆယ္ ကေတာ့ ရပ္ေတြရြာကေနပဲ၊ ဆိုလိုတာကေတာ့ ေထာက္ပံ့တာေတြ မရွိေသးဘူးေပါ့။”

ခ်င္းျပည္နယ္အတြင္း မင္းတပ္၊ မတူပီ၊ ထန္တလန္၊ ဟားခါး၊ တီးတိန္၊ ကန္ပက္လက္၊ ဖလမ္း စတဲ့ၿမိဳ႕ နယ္ ေတြမွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြအၾကား မၾကာ မၾကာ ထိေတြ႔တိုက္ပဲြေတြျဖစ္ေနပါတယ္။ တိုက္ပြဲေတြေၾကာင့္ မတူပီ၊ ဟားခါး၊ ဖလမ္း၊ ထန္တလန္နဲ႔ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ က စစ္ေျပးဒုကၡသည္ ၃ ေသာင္းေလာက္ မီဇိုရမ္ျပည္နယ္မွာ စစ္ေဘးတိမ္းေရွာင္ ခိုလႈံေနၾကပါတယ္။ ခ်င္းျပည္နယ္နဲ႔ကပ္လ်က္ စစ္ကိုင္းတိုင္းကေလးၿမိဳ႕နယ္မွာလည္း စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔တို႔ၾကားတိုက္ပြဲျဖစ္ပြါးေနပါတယ္။

ၾကာသပေတးေန႔ မနက္ပိုင္းက ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ၾကံသာရြာမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ ေတြနဲ႔ ေဒသခံခ်င္း ကာကြယ္ေရးပူးေပါင္းအဖြဲ႔တို႔ၾကား တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ CDF တာဝန္ရွိသူတဦးကေျပာပါတယ္။

“မေန႔ကမနက္ပိုင္းမွာ ၾကံသာမွာ အဲဒီေနရာကို မနက္ပိုင္းမွာ ဝင္ပစ္တယ္ဗ်။ ပစ္ေတာ့ အခ်ိန္က ႏွစ္နာရီ ေက်ာ္ေက်ာ္ေလာက္ၾကာတယ္။ ထိခိုက္မွဳကေတာ့ ဟိုေကာင္ေတြက (၁၆) ေယာက္ေလာက္ေတာ့ က်မယ္နဲ႔တူတယ္။ CDF ဘက္က ရဲေဘာ္တဦးက်သြားတယ္။’’

ခ်င္းကာကြယ္ေရးပူးေပါင္းအဖြဲ႔ျဖစ္တဲ့ ကေလး PDF၊ ဟားခါး CDF၊ ကေလး၊ ကေဘာ္၊ ဂန္႔ေဂါကာကြယ္ေရးအဖြဲ႔ CDF (KKG)၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔၊ ပကဖ- စတဲ့အဖြဲ႕ေတြနဲ႕ စစ္ေကာင္စီတပ္တို႔ျဖစ္တဲ့တိုက္ပြဲမွာ စစ္ေကာင္စီတပ္ဘက္က ထိခိုက္မွဳမ်ားတယ္လိုဆိုေပမယ့္ သီးျခားအတည္မျပဳနိုင္ေသးပါဘူး။ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း သာစည္၊ ေခ်ာင္းခြ၊ နတ္ေျမာင္း စတဲ့ေက်းရြာေတြဘက္မွာ မၾကာခနဆိုသလို တိုက္ပြဲျဖစ္ ပြါးေနပါတယ္။ စစ္ပြဲေတြေၾကာင့္ ေဒသခံ ရြာသားတေသာင္းေက်ာ္ စစ္ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရၿပီး ကေလးၿမိဳ႕အတြင္းမွာတင္ စစ္ေဘးေ႐ွာင္ ဒုကၡသည္ ၂,၀၀၀ ေက်ာ္႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

စစ်တပ်နဲ့ ချင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မတူပီ-ရေဇွာမြို့ခံ ထောင်ချီ အိန္ဒိယနယ်စပ်တိမ်းရှောင်

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ရေဇွာမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ဖြစ်နေတဲ့တိုက်ပွဲကြောင့် ရေဇွာမြို့ခံထောင်ချီ အိန္ဒိယ-မြန်မာနယ်စပ် ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံသူ ၃,၀၀၀ လောက်ရှိတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ၊ တိုက်ပွဲဖြစ်ပွါးနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေပေးပို့လာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မတူပီမြို့ နယ် ရေဇွာမြို့တဝိုက် ပစ်ခတ်တိုက်ခိုက်မှုတွေ ကြိုကြား ကြိုကြား ဆက်ဖြစ်နေသလို စစ်ကောင်စီတပ်တွေက ရေဇွာမြို့ထဲမှာ လာရောက် တပ်စွဲနေတာကြောင့် ရေဇွာမြို့နဲ့ အနီးအနားရွာက ပြည်သူ ၄,၀၀၀ လောက် အိန္ဒိယ-မြန်မာနယ်စပ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်း ရှောင် နေကြပါတယ်။ မီဇိုရမ်ပြည်နယ် ဆိုင်းဟခရိုင်ထဲက ရွာတွေမှာ ခိုလှုံသူ ၃,၀၀၀ ကျော်ရှိနေတယ်လို့ ရေဇွာစစ်ဘေးရှောင် အကူညီပေးရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ရေဇွာမြို့က တမြို့လုံးရှောင်ထားတာ။ ဆိုတော့ ရေဇွာရဲ့လူဦးရေအကုန်လုံးဟာ စစ်ရှောင်တွေ။ အနီးနားရွာတွေရယ် ဟိုဘက် အိန္ဒိယမီဇိုရမ်ဘက်မှာ ရှောင်တာက အခု အဖွဲ့တွေခွဲပြီးစာရင်းတွေ ကောက်ခံထားတယ်။ မနက်ကအထိ ကျနော်တို့ ကောက်ခံတာက (၃,၀၀၀) နားကပ်နေပြီ။ မီဇိုရမ်ပြည်နယ်ရောက်တဲ့ဟာ။ မီဇိုရမ် ဆိုင်းဟ Saiha ခရိုင် ရွာတွေမှာ စစ်ပြေးကြတယ်။ တရွာတည်းနဲ့ မဆန့်ဘူးဆိုတော့ တရွာမှာ သုံး လေးရာလောက် အဲဒီလိုမျိုးခွဲတဲ့ အနေအထား။ စစ်ရှောင်တွအကုန်လုံးကတော့ အနီးအနားရွာတွေနဲ့ပေါင်းလိုက်ရင်တော့- ဒီပြည်တွင်း ပြည်ပ ပေါင်းလိုက်ရင်တော့(၄,၀၀၀) အဲဒီလောက်ပဲပြောလို့ရနိုင်တယ်။’’

ဇန်နဝါရီလ ၉ ရက်ကနေ ၁၈ ရက်နေ့အထိ ရေဇွာမြို့ ရှိတဲ့ ဇိုသုံနယ်တဝိုက်မှာ စစ်ကောင်စီ တပ်ဖွဲ့နဲ့ CDF-Zotung၊ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားခဲ့ပါတယ်။ အခုဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက ရေဇွာပြီးထဲ ဝင်ရောက်နေရာယူ တပ်စွဲထားတာကြောင့် စိုးရိမ်စိတ်နဲ့ ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေကြတာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ဆိုင်းဟ Saiha ခရိုင်နယ်စပ်ရွာတွေမှာ ခိုလှုံနေကြသူ ၃ ထောင်ကျော်အပြင် ကျန်တဲ့ ၁,၀၀၀ ကျော်က နီးစပ်ရာဆွေမျိုးသားချင်းတွေရှိတဲ့ ရွာတွေမှာ ခိုလှုံနေကြရပါတယ်။ အိုးအိမ်ပစ် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအကူညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ အတော်လိုအပ်နေပါတယ်။

“နေထိုင်ဖို့ စားသောက်ဖို့ကျတော့ အဓိကထောက်ပံ့တဲ့ဟာကျတော့ရှာမတွေ့သေးဘူး။ ဖျားတဲ့သူလည်း တော်တော်ဖျားကြတယ်။ ဖြစ်သလို စီစဉ်ပေးရတာပဲ။ လူဦးရေကလည်း များတယ်။ အခုလောလောဆယ် ကတော့ ရပ်တွေရွာကနေပဲ၊ ဆိုလိုတာကတော့ ထောက်ပံ့တာတွေ မရှိသေးဘူးပေါ့။”

ချင်းပြည်နယ်အတွင်း မင်းတပ်၊ မတူပီ၊ ထန်တလန်၊ ဟားခါး၊ တီးတိန်၊ ကန်ပက်လက်၊ ဖလမ်း စတဲ့မြို့ နယ် တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား မကြာ မကြာ ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် မတူပီ၊ ဟားခါး၊ ဖလမ်း၊ ထန်တလန်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် က စစ်ပြေးဒုက္ခသည် ၃ သောင်းလောက် မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးတိမ်းရှောင် ခိုလှုံနေကြပါတယ်။ ချင်းပြည်နယ်နဲ့ကပ်လျက် စစ်ကိုင်းတိုင်းကလေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွါးနေပါတယ်။

ကြာသပတေးနေ့ မနက်ပိုင်းက ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့ ဒေသခံချင်း ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ CDF တာဝန်ရှိသူတဦးကပြောပါတယ်။

“မနေ့ကမနက်ပိုင်းမှာ ကြံသာမှာ အဲဒီနေရာကို မနက်ပိုင်းမှာ ဝင်ပစ်တယ်ဗျ။ ပစ်တော့ အချိန်က နှစ်နာရီ ကျော်ကျော်လောက်ကြာတယ်။ ထိခိုက်မှုကတော့ ဟိုကောင်တွေက (၁၆) ယောက်လောက်တော့ ကျမယ်နဲ့တူတယ်။ CDF ဘက်က ရဲဘော်တဦးကျသွားတယ်။’’

ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကလေး PDF၊ ဟားခါး CDF၊ ကလေး၊ ကဘော်၊ ဂန့်ဂေါကာကွယ်ရေးအဖွဲ့ CDF (KKG)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပကဖ- စတဲ့အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတယ်လိုဆိုပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ ကလေးမြို့နယ်တောင်ပိုင်း သာစည်၊ ချောင်းခွ၊ နတ်မြောင်း စတဲ့ကျေးရွာတွေဘက်မှာ မကြာခနဆိုသလို တိုက်ပွဲဖြစ် ပွါးနေပါတယ်။ စစ်ပွဲတွေကြောင့် ဒေသခံ ရွာသားတသောင်းကျော် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး ကလေးမြို့အတွင်းမှာတင် စစ်ဘေးရှောင် ဒုက္ခသည် ၂,၀၀၀ ကျော်ရှိနေပါတယ်။

============

XS
SM
MD
LG